စစ်စခန်းတောနက်ည
ဆိတ်ငြိမ်ချိန်မတိုင်မီကာလ
မယ်ဒလင်ပေါ်က
တက္ကသိုလ် ကျောင်းက ငွေလမင်း
တီးလက်မပါတဲ့ ကမ္ဘာမကြေဘူး။
ကိုယ်တိုင် မလာနိုင်တဲ့အတွက်
တောနက်နဲ့ တောင်မြင့်တွေက
ဆောင်းငွေ့လေအေးမြကို
ပို့ပေးလာ…။
ညဟာ
ဘာမှမရှိဘဲနဲ့ကို
မွှေးအီသိပ်သည်းနေခဲ့တယ်။ ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
ကျောင်းသားတပ်မတော်
စစ်စခန်းတောနက်ည
ဆိတ်ငြိမ်ချိန်မတိုင်မီကာလ
မယ်ဒလင်ပေါ်က
တက္ကသိုလ် ကျောင်းက ငွေလမင်း
တီးလက်မပါတဲ့ ကမ္ဘာမကြေဘူး။
ကိုယ်တိုင် မလာနိုင်တဲ့အတွက်
တောနက်နဲ့ တောင်မြင့်တွေက
ဆောင်းငွေ့လေအေးမြကို
ပို့ပေးလာ…။
ညဟာ
ဘာမှမရှိဘဲနဲ့ကို
မွှေးအီသိပ်သည်းနေခဲ့တယ်။ ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment