(ပေါ်တိုပရင့်စ်၊ အောက်တိုဘာလ ၂၃-ရက်)
ဇန်န၀ါရီလ ၁၂-ရက်နေ့က မြေငလျင်ကပ်ဆိုးနှင့် ရင်ဆိုင်ရပြီး နောက်ပိုင်းဟေတီနိုင်ငံသည် အဆိုးရွားဆုံးအမျိုး သားကျန်းမာရေးပြဿနာအဖြစ် ၀မ်းရောဂါကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရကြောင်း ယနေ့သတင်းများတွင် ဖော် ပြသည်။ (အင်တာနက်)
** နိုင်းမြစ်ရေပိုင်ဆိုင်မှုပြဿနာ အာဖရိကနိုင်ငံများအကြား အချေအတင်ဖြစ် **
(ကိုင်ရို၊ အောက်တိုဘာလ ၂၃-ရက်)
နိုင်းမြစ်ရေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ အာဖရိကနိုင်ငံများအကြား အချေအတင်ငြင်းခုံမှုများဖြစ်ပွားလျက်ရှိကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** တရုတ်နိုင်ငံအရှေ့တောင်ပိုင်း မီဂီမုန်တိုင်း ၀င်ရောက်၍ လူ ၂၇၀၀၀၀ ကျော် ရွှေ့ပြောင်းရ **
(ပေကျင်း၊ အောက်တိုဘာလ ၂၃-ရက်)
တိုင်ဖွန်းမုန်တိုင်း `မီဂီ´သည် ဖိလစ်ပိုင်နိုင်ငံနှင့် တရုတ်(တိုင်ပေ)ကျွန်းတို့ကို မွှေနှောက်တိုက်ခတ်ပြီးနောက် စနေနေ့တွင် တရုတ်နိုင်ငံအရှေ့တောင်ပိုင်းကို ၀င်ရောက်ခဲ့ရာ လူဦးရေ ၂၇၀၀၀၀ ကျော်ကို နေရာရွှေ့ပြောင်းပေးခဲ့ပြီး လေယာဉ်ခရီးစဉ် ၂၉ ခုကို ဖျက်သိမ်းခဲ့ရသည်။ (အင်တာနက်)
** သောင်တင်နေသော ညူစွမ်းအင်သုံး ရေငုပ်သင်္ဘော ပြန်လည်လွတ်မြောက် **
(လန်ဒန်၊ အောင်တိုဘာလ ၂၃-ရက်)
စကော့တလန် ကမ်းရိုးတန်းကမ်းလွန်တွင် သောင်တင်ခဲ့သော ဗြိတိန်ရေတပ်မှ ညူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအိတ်ခ်ျအမ်အက်စ်အက်စ်ကျူသည် အောက်တိုဘာလ ၂၂ ရက်နေ့နှောင်းပိုင်းတွင် သောင်တင်ရာမှလွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- အာကာကျော် **
** ငလျင်ဒုက္ခသည်များရှိရာ ပေါ်တိုပရင့်စ်မြို့တော်သို့ ၀မ်းရောဂါကူးစက်မည်ကို စိုးရိမ်ရ **

No comments:
Post a Comment