ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 20, 2010

၂၀၁၀ ကို ကျော်ဖြတ်ခြင်း….

>
**မြန်မာ့နိုင်ငံရေး အလားအလာနှင့် ယနေ့အခြေအနေကို အမှန်အကန်သုံးသပ်ရလျှင်-

(၁) ပြည်ပရောက် အတိုက်အခံများ ညီညွတ်မှု မရှိဘဲ ဒီမိုကရေစီရေးအတွက် ထောက်ပံ့ငွေ သန်းချီရနေသော အဖွဲ့အစည်းများ ဒီမိုကရေစီလမ်းကြောင်းမှ သွေဖီ၍ ကိုယ်ကျိုးရှာ စီးပွား ရေးသမား နိုင်ငံရေးလုပ်စားသူများဖြစ်လာကြခြင်း၊ ခြံခတ်နိုင်ငံရေးကြောင့် ငွေကြေးဖြတ် တောက်မှုများဖြင့် နိုင်ငံရေး သေလာခြင်း။

(၂) ပြည်တွင်း NLD ပါတီဆုံးဖြတ်ချက်ကို သဘောတူပြီးမှ NDF အမည်ဖြင့် ခွဲထွက်ပါတီ ထောင်ခြင်းကြောင့် နအဖမှ ကမ္ဘာသို့ NLD အဖွဲ့ဝင်များ ရွေးကောက်ပွဲတွင် ပါဝင်နေပါသည်ဟု အကြောင်းပြချက် ရရှိသွားခြင်းကြောင့် ရွေးကောက်ပွဲကို NLD သပိတ်မှောက်ခြင်းမှာ ထိရောက်သင့်သလောက် မထိရောက်တော့ခြင်း၊ ထို့အပြင် NLD ခေါင်းဆောင်ပိုင်း အသက်ကြီးရင့်သူများကို အစားထိုး၍ သွေးသစ်လူငယ်များ အားဖြည့်မှု မရှိခြင်း။

(၃) မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသော အမေရိကန်၊ ဗြိတိသျှနိုင်ငံနှင့် EU နိုင်ငံများ နောင်တက်လာမည့် အစိုးရနှင့် ဆက်လက်ညှိုနှိုင်းကြရန် စဉ်းစားလာခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲရလာဒ်ကို ၎င်းတို့အနေနှင့် သွယ်ဝိုက်၍ အသိအမှတ်ပြုတော့မည်ဖြစ်ကြောင်း အချက်ပြလာခြင်း။

(၄) ကြံ့ဖွတ်ကို ယှဉ်ပြိုင်မည့်ပါတီများ လူအင်အား၊ ငွေအင်အား မနှိုင်းယဉ်သာအောင် ချို့တဲ့ နေခြင်းတို့ကြောင့် ကြံ့ဖွတ်ပါတီသည် အလိုအလျှောက် တပ်မှရရှိသည့် ၂၅% ရာခိုင်နှုန်းနှင့် ရွေးကောက်ပွဲတွင် ၂၅% ရာခိုင်နှုန်း ရလျှင်ပင် ရာခိုင်နှုန်းပြည့် အစိုးရဖွဲ့နိုင်သည့် အခြေအနေ ကို ပိုင်နိုင်စွာ ရရှိထားပြီးဖြစ်သည်။

ထိုအခြေအနေကိုသိလျှက် အဘယ့်ကြောင့် ကျွန်ုပ်တို့ ဆက်လက်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း တိုက်တွန်းနှိုးဆော်နေကြသနည်းဟု မေးစရာရှိလာသည်။
လူဆိုသည်မှာ မျှော်လင့်ချက်ဖြင့် အသက်ရှင်ရပ်တည်နေခြင်းဖြစ်သလို ယုံကြည်ချက် ဖြင့် လှုပ်ရှားနေခြင်းလည်းဖြစ်သည်။ ကျွန်ုပ်တို့ မျှော်လင့်ချက်မှာ “ရွေးကောက်ပွဲမှသည် လူထုတိုက်ပွဲဆီသို့” ဖြစ်သည်။ ညစ်ပတ်ကောက်ကျစ်သော ရွေးကောက်ပွဲကို ပြည်သူတို့က လက်မခံဘဲ အားလုံးသပိတ်မှောက်ကြလျှင် အထွေထွေသပိတ်ကြီးမှ ကြားဖြတ်အစိုးရ ဖွဲ့စည်း နိုင်မည်ဆိုသည့် မျှော်လင့်ချက်ဖြစ်သည်။ ထိုမျှော်လင့်ချက်သည် ဖြစ်နိုင်ချေ ၁% ပင်ရှိစေဦး ကျွန်ုပ်တို့အနေဖြင့် ဆက်လက်ကိုင်စွဲ တိုက်ပွဲဝင်ရမည်သာဖြစ်သည်။ အလျော့ပေးလိုက်၍မရ၊ အဘယ်ကြောင့်ဆိုသော် မဖြစ်နိုင်သောအရာ လောကတွင်မရှိ၊ မဖြစ်သေးခြင်းသာလျှင် ရှိသည်။ ကျွန်ုပ်တို့ ယုံကြည်ချက်မှာ ကျွန်ုပ်တို့သည် ပြည်သူအတွက် တရားသောစစ်ကို ဆင်နွဲနေသည်။ မတရားဖိနှိပ် အုပ်ချုပ်နေသည့် ဖောက်ပြန်သည့် စစ်အုပ်စုကို တိုက်ပွဲဝင် နေခြင်းဖြစ်သဖြင့် တနေ့တွင် အောင်ပွဲရမည်ဆိုသည့် ယုံကြည်ချက်ဖြစ်သည်။ မတရားလုပ်နေ သူများကို တိုက်သောတိုက်ပွဲသည် တရားသော တိုက်ပွဲဖြစ်သည်။ ထို့ကြောင့် တနေ့ နိုင်ကိုနိုင်ရမည်ဟု ယုံကြည်သည်။

သို့ရာတွင် NLD ရွေးကောက်ပွဲမဝင်ခြင်းသည် မဟာဗျူဟာအရ အကြီးအကျယ်မှား ယွင်းမှုဖြစ်သည်ဟု သာကူးများ၊ နိုင်ငံရေး သိုက်တူးသူများ၊ နအဖအကျိုးဆောင် ပညာတတ် များက သွယ်ဝိုက်၍တမျိုး၊ ဗြောင်တမျီုး ပြောလာနေကြသည်။ ရွေးကောက်ပွဲသပိတ်မှောက်လို့ ကြံ့ဖွတ်ကြီးပဲနိုင်ရင် ဘယ်လိုလုပ်မလဲ ကိုယ့်ဖက်ကပါနိုင်သလောက်ပါရင် လွှတ်တော်ထဲမှာ အသံထွက်နိုင်တယ်၊ တဖြည်းဖြည်း ပြောင်းလဲနိုင်တယ်ဆိုနေတဲ့ Evolution သမားများကို တခုတော့ ပြောချင်ပါသည်။ အတိုက်အခံများအားလုံးက ရွေးကောက်ပွဲ မဝင်လျှင် ကြံ့ဖွတ် တရားဝင်မှု ရရှိနိုင်တော့မည်မဟုတ် ဆိုသည်ကို တွေးမိဘို့ကောင်းသည်၊ ထို့အတူ ညစ်နည်း ပေါင်းစုံနှင့် ကြံ့ဖွတ်ပါတီကိုသာ အပြတ်အသတ်နိုင်အောင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၎င်းတို့ထင်သလို လွှတ်တော်ထဲတွင် အသံထွက်နိုင်လိမ့်မည်မထင်၊ ၎င်းတို့အာပေါက်အောင် ပြောသော်လည်း လွှတ်တော်ထဲတွင် ကြံ့ဖွတ်အသံကသာ လွှမ်းနေလိမ့်မည်၊ ၎င်းတို့အသံကို သတင်းစာရုပ်မြင်သံကြားတို့တွင်လည်း ထည့်သွင်းဖော်ပြလိမ့်မည်မဟုတ်ချေ။

ဒါဖြင့် ဘာတွေလုပ်ရမည်နည်း၊ ဘာတွေဖြစ်လာနိုင်သနည်း။
သဘာဝကျကျ ဖြစ်လာနိုင်သည်များက--
(၁) ဘောင်းဘီချွတ်နှင့် ဘောင်းဘီဝတ်တို့ကြား အာဏာသုံးစွဲမှုတွင် ပဋိပက္ခ ဖြစ်လာမည်။ ဖွတ်ကြီးလျှင် မိကျောင်းဖြစ်သည် စကားကို ပြောင်းပြန်ယူ၍ မိကျောင်းဘဝမှ ဖွတ်ဖြစ်သွားသူများသည် ဘောင်းဘီချွတ်တိုက်ပုံဝတ် ဖွတ်ကျားကြီးများဖြစ်သည်။ တပ်တွင် ကျန်ခဲ့သူများကတော့ မိကျောင်းအဖြစ် ရေမြေကို ဆက်လက်ပိုင်စိုးနေမည်သာဖြစ်သည်။
ဖွတ်ဖြစ်သွားသူအချင်းချင်းတွင် အရင်ဖွတ်ဖြစ်ပြီးသည့် တ.စ.ည တို့နှင့် အရှင်လတ် လတ်နေ့ချင်းညချင်း လတ်လတ်ဆတ်ဆတ်ဖွတ်ဖြစ်လာသူတို့ အာဏာလုကြ၊ ခွက်စောင်း ခုတ်ကြတော့မည်။ လတ်လတ် ဆတ်ဆတ်ဖြစ်လာသော ဖွတ်ကြားကြီးများက ရွေးကောက်ပွဲ အပြီးတွင် အာဏာရလာပြီး မီကျောင်းများကို အာဏာပြသည့်အခါ မိကျောင်းများက ၎င်းဖွတ်များကို ရွံရှာမုန်းတီးလာပေလိမ့်မည်။ ထိုအခါ ရပ်တည်ချက်ရှိသော ပြည်သူလေးစား သော NLD ကို ချဉ်းကပ်လာလိမ့်မည်။

(၂) ကမ္ဘာ့နိုင်ငံရေး ရေးစီးကြောင်းကိုကြည့်လျှင် အာဏာရှင်နိုင်ငံများ ဒီမိုကရေစီနိုင်ငံ အဖြစ် ပြောင်းလဲသွားရာတွင် ဒီမိုကရေစီအင်အားစုများက အနိုင်ရ၍ အစိုးရဖွဲ့စည်းသွားခြင်း ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ သို့ရာတွင် ပြည်သူများ၏ နိုင်ငံရေး အသိအမြင်သည် ဒီမိုကရေစီရသည်နှင့် ၎င်းတို့ဆင်းရဲ ဒုက္ခများ နေ့ချင်းညချင်း ပြေလည်သွားမည်ဟု မျှော်လင့် ခဲ့ကြသည်။ သို့ရာတွင် ၎င်းတို့ထင်သလို ဖြစ်မလာခဲ့ဘဲ ပြောင်းလဲတိုးတက်မှုမရှိ ဒုံရင်းဒုံရင်း နေရသည့်အခါ ဒီမိုကရေစီခေါင်းဆောင်များကို ယုံကြည်ကိုးစားမှုနည်းလာခဲ့ပြီး နောက်တကြိမ် ရွေးကောက်ပွဲတွင် ယ္ခင်ကွန်မြူနစ်ပါတီဝင်ဟောင်းခေါင်းဆောင်များကို ပြည်လည်ရွေးချယ်ခဲ့ ကြသည်။ အရှေ့ဥရောပဒီမိုကရေစီဖြစ်ထွန်းသည့် ဖြစ်စဉ်ကို ကြည့်လျှင် ၎င်းဖော်မြူလာကို တွေ့ရမည်ဖြစ်သည်။

အာဏာရှင်စံနစ်--- အာဏာရှင်ပြုတ်ကျခြင်း--- ရွေးကောက်ပွဲကျင်းပခြင်း--- ဒီမိုကရေစီ အင်အားစုများ အနိုင်ရခြင်း--- အစိုးရဖွဲ့ခြင်း- ဒုတိယအကြိမ်ရွေးကောက်ပွဲကျင်းပခြင်း--- အာဏာရှင်ဟောင်းပါတီမှ ရွေးကောက်ပွဲတွင် အနိုင်ရခြင်း--- ဒီမိုကရေစီနိုင်အဖြစ် ဆက်လက် ချီတက်ခြင်း (သို့) ဒီမိုကရေစီတဝက်/ အာဏာရှင်တဝက်စံနစ်ဖြင့် ဆက်လက်ချီတက်ခြင်း။်

ယနေ့မြန်မာနိုင်ငံအခြေအနေသည် ဒီမိုကရေစီစံနစ်ကို အာဏာရှင်က ပြောင်းပြီး ၎င်းပါတီမှ ဆက်လက်အုပ်ချုပ်မည်ဖြစ်သည်၊ ထိုအခါ မြန်မာနိုင်ငံလို စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကအစ ချွတ်ခြုံကျနေသော နိုင်ငံကို ကြံ့ဖွတ်ပါတီက ဦးမော့အောင် ၅ နှစ်အတွင်း မလုပ်နိုင်၊ ထိုအခါ ပြည်သူတို့ ကြံ့ဖွတ်ကို လိုလားမှုနည်းသထက်နည်းလာဘို့သာရှိသည်။ ၂၀၁၀ လွန်ကာလတွင် NLD သည် ပြည်သူကြားသို့ ဝင်၍ သတ္တိရှိရှိ ကွင်းဆင်းစည်းရုံးရေး ကာလ၊ ပြန်လည်တည်ဆောက်ရေးကာလ ဖြစ်ပေလိမ့်မည်။ ရွေးကောက်ပွဲတွင် ကြံ့ဖွတ် နိုင်ချေ ၉၉% ရှိသည်ကို လူတိုင်းသိသည်။ သို့ရာတွင် အနိုင်ရခြင်းသည် သန့်ရှင်း၊ မျှတမှုမရှိကြောင်း ကြံ့ဖွတ်ပါတီဝင်တိုင်း သိနေသည်မှာ ၎င်းပါတီခေါင်းဆောင်တို့အတွက် စိတ်ဓာတ်ရေးရာ သေးသိမ်မှုကို ဖြစ်စေလိမ့်မည်။ အနိုင်ရပင် ရငြားသော်လည်း ဂုဏ်မယူနိုင် သည့် အနိုင်ရခြင်း တနည်းရှက်စရာကောင်းသည့် အနိုင်ရခြင်းပင်ဖြစ်သည်။
၂၀၁၀ မှ ၅ နှစ်တာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မှီ မြန်မာနိုင်ငံတွင် မထင်မှတ်သည့် ဖြစ်စဉ်များ များစွာဖြစ်နိုင်ချေရှိသည်။ ကြံ့ဖွတ်ပါတီနှင့် စစ်တပ် ပဋိပက္ခ၊ ၂၀၀၈ အခြေခံ ဥပဒေအရ လွတ်လပ်ယဉ်ကျေးသော လူ့အဖွဲ့အစည်းများ (Civil Society) ဖွဲ့စည်းခွင့်အရ ကျောင်းသားသမဂ္ဂများ၊ အလုပ်သမားသမဂ္ဂများ၊ စာရေးစာချီသမဂ္ဂများ၊ တောင်သူလယ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်ကို ပေးရတော့မည်။ ပုဂ္ဂလိက သတင်းစားလွတ်လပ်ခွင့် တို့ကိုပေးရတော့မည်။
ရွေးကောက်ပွဲမှ (ညစ်ပတ်၍) တက်လာသောအစိုးရသည် နအဖကဲ့သို့ စစ်အာဏာ သုံး၍မရ၊ ၂၀၁၀ လွန် အစိုးရသည် အရေခွံလဲ အရပ်သားအစိုးရဖြစ်သော်လည်း စစ်အုပ်ချုပ် ရေးဖြင့် အုပ်ချုပ်နေသော နအဖနှင့် မတူနိုင်၊ Civil Liberty လူမှုလွတ်လပ်ခွင့်များကို ပေးကိုပေးရတော့မည်ဖြစ်သည်။
ဦးနေဝင်း တော်လှန်ရေးကောင်စီမှ မဆလပါတီတည်ထောင်ပြီး အတုအယောင် ရွေးကောက်ပွဲကို ၁၉၇၄ ခုနှစ်တွင် ပြုလုပ်ခဲ့ခြင်းနှင့် ယနေ့ ၂၀၁၀ ရွေးကောက်ပွဲသည် ဆင်တူသယောင်ဖြစ်သော်လည်း စံနစ်ချင်းမတူသည်ကို သတိပြုသင့်သည်။
ဘောင်းဘီချွတ်အစိုးရသည် တပါတီစံနစ်အောက်တွင်ရှိသည်၊ ယနေ့ပါတီစုံပေးထားရ သည်က နေဝင်းခေတ်ထက် တပန်းသာသည်၊ နေဝင်းကဲ့သို့ ပြည်သူ့ဆန္ဒကို လုံးဝပစ်ပယ် ၍မရ၊ NLD ပါတီကို ဖျက်သိမ်းသော်လည်း NLD ခေါင်းဆောင်များက ဆက်လက်ရပ်တည် နေသည်ကို နအဖက ငြင်းချက်မထုတ်နိုင်ဖြစ်နေသည်။

ဥပမာ ပိုလန်နိုင်ငံဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်ကို ကြည့်ကြပါစို့၊ ပိုလန်နိုင်ငံဟာ ဆိုဗီ ယက်ပုံစံနဲ့ သွားမဲ့ အခြေခံဥပဒေသစ်ကို ၁၉၅၂ ခုနှစ်မှာ အတည်ပြုပြီး “ပြည်သူ့ဒီမိုကရေစီ” (People’s Democracy) လို့ ကြေငြာခဲ့တယ်၊ ဒါပေမဲ့ ဒါဟာ တကယ်လွတ်လပ် တရားမျှတ မှုကို မပေးတဲ့ အတုအယောင်သာဖြစ်လို့ ပြည်သူတွေက မကြိုက်နှစ်သက်ခဲ့ သော်လည်း သေနတ်မိုး အုပ်ချုပ်နေတဲ့ ဆိုဗီယာက် ဝါဆော အုပ်စုဝင်အဖြစ် ၁၉၅၅ ခုနှစ်မှာ ကျရောက် သွားခဲ့တဲ့အတွက် မလှုပ်သာခဲ့ဘူး။ သို့ရာတွင် ၁၉၈၀ ခုနှစ်မှာ စီးပွားရေး အကြပ်အတည်း တွေကြောင့် အလုပ်သမားဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပြီး အစိုးရဟာ မလွှဲမရှောင်သာဘဲ လွတ်လပ် တဲ့ အလုပ်သမားသမဂ္ဂကို ဖွဲ့စည်းခွင့်ပေးခဲ့ရတယ်။

၁၉၈၀- ၁၉၈၁ တနှစ်အတွင်း အလုပ်သမားဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ် ၄ ဦး ပြောင်းလဲခန့်အပ်ရတဲ့ ဘဝကိုရောက်ခဲ့တယ်။ ဗိုလ်ချုပ်ကြီး Wojciech Jaurzelski ဟာ မာရှယ်လော ထုတ်ပြီး အလုပ်သမားခေါင်းဆောင် Lech Walesa နဲ့ အပေါင်းအပါများကို ဖမ်းဆီးခဲ့တယ်၊ အလုပ်သမားအဖွဲ့အစည်းဖြစ်တဲ့ သွေးစည်းညီညွတ်ရေးအဖွဲ့ (Solidarity) ကို မတရားသင်းကြေငြာခဲ့တယ်၊ မာရှယ်လောကို ၁၉၈၄ ခုနှစ်မှာ ယုတ်သိမ်းခဲ့ပေမဲ့ အစိုးရက ဆက်လက်တင်းကြပ်စွာ အုပ်ချုပ်နေခဲ့ပြီး တိုင်းပြည်စီးပွားရေး ဆက်လက်ချွတ်ခြုံကျနေ မှုကြောင့် ဆက်တိုက်ဖြစ်ပေါ်လာတဲ့ အလုပ်သမားဆန္ဒပြပွဲများကို မလွန်ဆန်နိုင်တော့ဘဲ ၁၉၈၈ ခုနှစ်မှာ အတိုက်အခံ Solidarity ကို ပြန်လည် အသိအမှတ်ပြုခဲ့ရပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးခဲ့ရတယ်။

Solidarity ပါတီဝင်တွေဟာ ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရရှိခဲ့တယ်။ NLD ၁၉၉၀ မှာ နိုင်ခဲ့သလိုပေါ့ဗျာ။ အထက်လွှတ်တော်နေရာ အားလုံးနီးပါး၊ အောက်လွှတ်တော် (Sejm) မှာ ကိုယ်စားလှယ် ၄၆၀ မှာ Solidarity ကို ၁၆၉ နေရာကိုဘဲ ရွေးခွင့်ပေးတယ်၊ Solidarity ဟာ ၁၆၉ နေရာလုံးမှာ အနိုင်ရတယ်၊ ဒါကြောင့် ၁၉၉၀ သမတ ရွေးကောက်ပွဲ ပြုလုပ်တဲ့အခါ Lech Walesa ဟာ ၇၄% နဲ့ အနိုင်ရပြီး သမတဖြစ်လာခဲ့တယ်။ ဒါပေမဲ့ လုံးဝလွတ်လပ်တရားမျှတတဲ့ ပါလီမန်ဒီမိုကရေစီစံနစ် အခြေခံထားတဲ့ ရွေးကောက်ပွဲ ကို ၁၉၉၁ ခုနှစ်မှာ ပြုလုပ်နိုင်ခဲ့တယ်။ ယ္ခင်ကွန်မြူနစ်ပါတီက လွှမ်းမိုးတာတွေ အာဏာသုံးပြီး အောက်လွှတ်တော်မှာ သူတို့အတွက် သီးသန့်နေရာချန်ထားတာတွေ အားလုံးမရှိတော့ဘဲ တကယ်လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာခဲ့တာပါ။ Lech Walesa သမတ ဖြစ်ပြီးနောက်တနှစ်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲပါ။ နိုင်ငံရေးပါတီ ၂၉ ပါတီဝင်ပြိုင်ကြတယ်။
ဒါပေမဲ့ ပိုလန်နိုင်ငံလို ပြည်သူပိုင်လုပ်ငန်းတွေနဲ့ ၁၉၅၂ ခုနှစ်ကစပြီး တပါတီစံနစ်၊ ဗဟိုဦးစီး စီးပွားရေးစံနစ်နဲ့ ချီတက်ရင်း တဖြေးဖြေးဆင်းရဲမွဲတေမှုတွေနဲ့ ချွတ်ခြုံကျနေတဲ့ နိုင်ငံကို နေ့ချင်းညချင်းတိုးတက်ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီ နိုင်ငံကြီးအဖြစ်ကို ပြောင်းလဲဘို့ဆိုရာမှာ အလွန်ခက်ခဲ့လှပါတယ်။ နှစ်ပေါင်း ၄၀ ကျော် ကိုယ်ပိုင်စီးပွားရေးအတွေ့အကြုံကင်းမဲ့ နေရာ ကနေ ပိုလန်လူထုကြီးဟာ ပုဂ္ဂလိက စီးပွားရေးကို မြန်မြန်ဆန်ဆန် ကျွမ်းကျွမ်းကျင်ကျင်နဲ့ မလုပ်နိုင်၊ မလုပ်တတ်ခဲ့ကြပါဘူး၊ ဒါကြောင့် Lech Walesa တို့ရဲ့ အစိုးရ အခက်အခဲ ပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ ပြည်သူပိုင်ကို ပုဂ္ဂလိကပိုင်ပြောင်းခြင်း၊ အပြင် အုပ်ချုပ်ရေးကျွမ်းကျင်မှုလည်း အသစ်တက်လာတဲ့ အလုပ်သမားခေါင်းဆောင်တွေမှာ ချို့တဲ့ နေခဲ့တဲ့အတွက် ပြည်တွင်းမှာ မကျေနပ်မှုတွေ၊ အားမလိုအားမရဖြစ်မှုတွေ၊ ယုံကြည်မှု ကင်းမဲ့လာမှုတွေ နေရာအနှံ့အပြားပေါ်ထွက်လာခဲ့ပါတယ်။ ယ္ခင်ကွန်မြူနစ်ပါတီခေါင်းဆောင် တွေမှာ သူတို့ရဲ့ နှစ် ၅၀ အုပ်ချုပ်ရေးအတွေ့အကြုံ၊ စံနစ်တကျဖွဲ့စည်းလှုပ်ရှားခဲ့တဲ့ လူအင် အားအဖွဲ့ဝင်တွေ ဆက်လက်တည်ရှိ ရှင်သန်နေတဲ့အတွက် သူတို့က အတိုက်အခံအဖြစ် ရပ်တည်ပြီး လူထုကို စည်းရုံးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ အမှားတွေ၊ အာဏာအလွန်အကျွံ သုံးစွဲမှုတွေကို တောင်းပန်ပြီး ဒီမိုကရေစီစံနစ်နဲ့ ချီတက်မယ်၊ သူတို့မှာ အုပ်ချုပ်ရေးကျွမ်းကျင်မှု ရှိတယ်ဆိုတာတွေနဲ့ မဲဆွယ်ပြီး ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲမှာ ကွန်မြူနစ်လူထွက် ပါတီဝင်ဟောင်းများကို ပြည်သူက မဲပေးခဲ့ပါတယ်။ Lech Walesa ဟာ အသစ်ရွေးချယ်ခံရတဲ့ သူ့ပြိုင်ဖက်ကို လက်ဆွဲနှုတ်ဆက်နိုင်ခြင်းတောင် မပြုနိုင်ဘဲ ခါးသည်းစွာ သမတရာထူးမှ ဆင်းပေးခဲ့ရပါတယ်။

ဒီအချက်ကိုကြည့်ရင် ကျွန်တော်တို့နိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီစံနစ်ဖြစ်ရင် သူတို့စားဝတ်နေရေး နေ့ချင်းညချင်းတိုးတက်ပြောင်းလဲလာမယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ဒါဟာမဖြစ်နိုင်ဘူး တိုင်းပြည်ကို အချိန်ယူထူထောင်ရအုံးမယ်ဆိုတာ သူတို့မသိ ကြပါဘူး။ သူတို့ထင်ထားသလို လုပ်မပေးနိုင်ရင် သူတို့က နောင်ကိုမဲပေးမှာ မဟုတ်ပါဘူး။
အခု ၂၀၁၀ လွန်ကာလမှာ ကြံ့ဖွတ်က တက်လာမှာ မြေးကြီးလက်ခတ်မလွဲပါ။ နဂိုကတည်း က မကြိုက်တဲ့ အဖွဲ့အစည်း သေနတ်ပြ ချိမ်းခြောက်တက်လာတော့ ပြည်သူက ပိုရွံမုန်းမှာ သေချာပါတယ်။ ဒီ့အပြင် လမ်းပြင်၊ တံတားဆောက်၊ ယ္ခင်ပြည်သူပိုင် စက်ရုံအလုပ်ရုံ၊ အဆောက်အဦတွေကို ပုဂ္ဂလိကပိုင် အဖြစ် ရောင်းဝယ် လေလံပစ်တယ်ဆိုတဲ့ ပြောင်းလဲမှု ဟာလဲ ကိုယ့်လူကိုယ် အောက်ဈေးနဲ့ ပေးပြီး ပင်းစားကြတာ လူတိုင်းသိနေတဲ့ကိစ္စပါ။ ဒီအတွက် ပုဂ္ဂလိက စီးပွားရေးကဏ္ဍလဲ တိုးတက်ဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူး။ တေဇ၊ မက်စ် ဇော်ဇော်၊ စတီဖင်လောစတဲ့ လက်ဝါးကြီးအုပ် လူနည်းစုတွေသာ ဝေစားမျှစားကြီးပွားမြဲ ကြီးပွားနေတာကို မြင်ရမှာပါ။
ဒါကြောင့် ၂၀၁၀ လွန်ကာလမှာ ကြံ့ဖွတ်တက်လာလဲ ဘာမှပူစရာမလိုပါ။ ပြုတ်ကျဘို့ တက်လာတယ်လို့သာ မှတ်လိုက်ပါ။ ရှေ့အနာဂါတ်မှာ ဖွတ်ကြားအဖွဲ့နဲ့ မိကျောင်းတို့တိုက်ပွဲ ယ္ခင်ဖွတ်ကြားများနဲ့ လတ်လတ်ဆတ်ဆတ် ဖွတ်ကြားတို့ တိုက်ပွဲတွေကို ကြုံတွေ့ရတော့မှာပါ။ NLD အနေနဲ့ ရပ်တည်ချက်ကို အထိပါးမခံဘဲ ပြည်သူ့ကြား ထိုးဖောက်ဝင်ရောက်ရမဲ့ အချိန်မှာ နောက်မတွန့်ဘဲ လုပ်ဆောင်ပြီး ပြည်သူကို လမ်းပြပေးရမှာဖြစ်ပါတယ်။ ၂၀၁၀ မှာ NLD မယှဉ်ပြိုင်တာဟာ ကောင်းမွန်မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ကြံ့ဖွတ်ဟာ တရားခံ အဖြစ်ခံဘို့ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်သွားတာဖြစ်လို့ ရွာစားရေ ဘိန်းမောင်းတီးလို့ တွန်းထုတ်လိုက်ကြပါစို့။

**ထွန်းအောင်ကျော်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)