ဗမာပြည်မြေသားပြင်ပေါ်မှာပါ။
ဟိုမှာ
ကျက်သရေရှိရှိလှပ
ဘယ်လောက် ၀မ်းမြောက်စရာကောင်းသလဲ
ခွပ်ဒေါင်းအလံ ရင့်ရဲရဲ။
ဒို့လက်ထဲမှာ
ခုခံတော်လှန် `သေနတ်´
ရှိခဲ့ကြပြီ
ဒီအခါ
ခွပ်ဒေါင်းအလံ လွှင့်ထူ လွင့်လူနေနိုင်တယ်
အပြုံးသန့်သန့်၊ စကားစစ်စစ်တွေလဲ
ထွက်စဉ်ခွင့် ရနေခဲ့ကြတယ်။
ဗမာက ဗမာကို စိတ်ဝင်တစား
လူငယ်က လူငယ်ကိုစိတ်ဝင်တစား
နိုင်ငံခြားက ညီမလေးရေ
`ရဲဘော် အကိုကြီး´တွေလို့ လက်နဲ့ရေးတဲ့စာ
ကျောင်းသားတပ်မတော်ကို ရောက်လာပါတယ်။
ဝါရှင်တန်နဲ့ ၀ါးရုံပင်စခန်းဟာ
ဘယ်လောက်များဝေးကြပါသလဲ။
ပက်ပစီနဲ့ ရေကျက်အေး
ဟမ်ဘာဂါနဲ့ ငှက်ပျောအူ
ရင်ခုန်သံတွေတူတဲ့အခါ
`မိုရေးနဲ့ သောင်ရင်း´
တမြစ်ထဲ စီးဆင်းသွားကြတယ်။
`လူထုအတွက်
ခုလို တိုက်ပွဲဝင်နေတဲ့အတွက်
ညီမ
ဂုဏ်ယူပါတယ်´တဲ့။
ကျောင်းသားက သူပုန်ဖြစ်
ခေတ်ညံ့ကြီးရဲ့ စိန်ခေါ်သံကို
အံတုနေကြသူတွေအတွက်
ရဲဘော်ပီသလွန်းတဲ့ နှုတ်ခွန်းဆက်
စိတ်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါရဲ့။
ညီမလေး ၀င်းလဲ့ရေ
မြစ်ရေတွေက နောက်ကျိပါတယ်
ကောက်ကွေ့ပြီး ရေစီးလဲကြမ်းပါတယ်။
လူငယ်အဟောင်းတွေ
ရောင်းပန်းလှနေကြပေမဲ့
လူငယ်တွေ လူငယ်ဆန်နေသမျှ
ညီမလေးရေ
ဒို့ကံကြမ္မာ ဒို့ပြန်ရမယ်။ ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)
ဒို့ နင်းရပ်ထားတာ
ဗမာပြည်မြေသားပြင်ပေါ်မှာပါ။
ဟိုမှာ
ကျက်သရေရှိရှိလှပ
ဘယ်လောက် ၀မ်းမြောက်စရာကောင်းသလဲ
ခွပ်ဒေါင်းအလံ ရင့်ရဲရဲ။
ဒို့လက်ထဲမှာ
ခုခံတော်လှန် `သေနတ်´
ရှိခဲ့ကြပြီ
ဒီအခါ
ခွပ်ဒေါင်းအလံ လွှင့်ထူ လွင့်လူနေနိုင်တယ်
အပြုံးသန့်သန့်၊ စကားစစ်စစ်တွေလဲ
ထွက်စဉ်ခွင့် ရနေခဲ့ကြတယ်။
ဗမာက ဗမာကို စိတ်ဝင်တစား
လူငယ်က လူငယ်ကိုစိတ်ဝင်တစား
နိုင်ငံခြားက ညီမလေးရေ
`ရဲဘော် အကိုကြီး´တွေလို့ လက်နဲ့ရေးတဲ့စာ
ကျောင်းသားတပ်မတော်ကို ရောက်လာပါတယ်။
ဝါရှင်တန်နဲ့ ၀ါးရုံပင်စခန်းဟာ
ဘယ်လောက်များဝေးကြပါသလဲ။
ပက်ပစီနဲ့ ရေကျက်အေး
ဟမ်ဘာဂါနဲ့ ငှက်ပျောအူ
ရင်ခုန်သံတွေတူတဲ့အခါ
`မိုရေးနဲ့ သောင်ရင်း´
တမြစ်ထဲ စီးဆင်းသွားကြတယ်။
`လူထုအတွက်
ခုလို တိုက်ပွဲဝင်နေတဲ့အတွက်
ညီမ
ဂုဏ်ယူပါတယ်´တဲ့။
ကျောင်းသားက သူပုန်ဖြစ်
ခေတ်ညံ့ကြီးရဲ့ စိန်ခေါ်သံကို
အံတုနေကြသူတွေအတွက်
ရဲဘော်ပီသလွန်းတဲ့ နှုတ်ခွန်းဆက်
စိတ်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါရဲ့။
ညီမလေး ၀င်းလဲ့ရေ
မြစ်ရေတွေက နောက်ကျိပါတယ်
ကောက်ကွေ့ပြီး ရေစီးလဲကြမ်းပါတယ်။
လူငယ်အဟောင်းတွေ
ရောင်းပန်းလှနေကြပေမဲ့
လူငယ်တွေ လူငယ်ဆန်နေသမျှ
ညီမလေးရေ
ဒို့ကံကြမ္မာ ဒို့ပြန်ရမယ်။ ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ)


No comments:
Post a Comment