ယောင်္ကျားဖြစ်သူကို အရက်ပြတ်အောင် လုပ်မှ ဖြစ်တော့မည်ဟု မိန်းမလုပ်သူက ဆုံးဖြတ်လိုက်သည်။ အိပ်ရာခင်းဟောင်းတစ်ခုကို လက်နှိပ်ဓာတ်မီးထိုးလျက် အရက်မူးပြီး အိပ်ပျော်နေသော ယောင်္ကျားကို အတင်းလှုပ်နှိုးလိုက်သည်။ အတော်ကြာအောင် နှိုးလိုက်ရပြီး အရက်သမားယောင်္ကျားက မျက်လုံးပွင့်လာကာ…
`ဟေ့… မင်း ဘယ်သူလဲ´
`ကျမလား စုန်းမလေ´ဟု မိန်းမဖြစ်သူက ဖြေလိုက်သဖြင့် ယောင်္ကျားဖြစ်သူက ပြန်ပြောလိုက်သည်မှာကား…
`ဟုတ်လား… ဒီလိုဆိုရင် လက်ဆွဲနှုတ်ဆက်ကြရအောင်၊ မင်း ညီမကို ငါယူထားတယ်လေ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများ မှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment