ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 1, 2010

မဟာဗျူဟာမြောက် လူထုလှုပ်ရှားမှုကြီးအတွက် ပြင်ဆင်ချက်မေးခွန်းများ

> အပိုင်း (၁)
မဟာဗျူဟာ၊ စိတ်ဓါတ်နဲ့ ပစ်မှတ်

တစ်။ မဟာဗျူဟာရည်မှန်းချက်

လူထုလှုပ်ရှားမှုကြီး တခုလုပ်တယ်ဆိုတာ သူတို့အုပ်ချုပ်ရေးကိုဖြိုချပြီ၊ ကိုယ်အုပ်ချုပ်ရေးကိုထူထောင်တာ ဖြစ်ပါတယ်။ ဘယ်သူဦး ဆောင်မှ ဘယ်သူပါမှ အစိုးရဖွဲ့လိုရမယ်ဆိုတာ အရေးမကြီးဘူး။ ကိုယ်ရပ်ကွက် ကိုယ်သိမ်း၊ ကိုယ်ရွာကိုသိမ်းလိုက်နိုင်ဖို့။ ကိုယ့်လူ ထုအစိုးရလေးတွေဖွဲလိုက်နိုင်ဖို့ အဓိကအရေးကြီးဆုံး။ ဒါတွေကိုလုပ်နိုင်ရင် အစိုးရအဖွဲ့ဆိုတာ ဖြစ်လာလိမ်မယ်။

နှစ်။ လူထုလှုပ်ရှားမှုကြီးရဲ့စိတ်ဓါတ် ( Sprit)

မေတ္တာ (Love)၊ အပြန်အလှန်လေစားမှု (Respect)၊ သွေးစည်းညီညွတ်မှု (Solidarity) ဟာ လှုပ်ရှားမှုကြီးရဲ့ဝိဥာဉ် ဖြစ်တယ်။ စိတ် ဓါတ်ဖြစ်တယ်။ သင်ဘာသာသင်ဘာကိုပဲယုံကြည်ကြည် ဒီစိတ်ဓါတ်ရှိရမယ်။ အခု မြန်မာလူအဖွဲ့စည်းမှာ ဒီစိတ်ဓါတ်တွေပျောက်ဆုံးနေတယ်။ ဒါကြောင့် လှုပ်ရှားမှုကြီးအောင်ပွဲမခံဘဲ မြန်မာ့လူအဖွဲ့စည်းဟာ ပြိုကွဲကျရှုံးနေရခြင်း ဖြစ်တယ်။

မေတ္တာ
လူသားတဦးနှင့်တဦးမေတ္တာထားရှိခြင်း ၊တရိစ္တန်နဲ့သဘာဝပတ်ဝန်းကျင်ကို မေတ္တာထားခြင်း။ တရားမျှတမှုကို ချစ်မြတ်နိုးခြင်း။ အနုပ ညာနဲ့ အလှတရားကို ချစ်မြတ်နိုးခြင်း စိတ်ဓါတ်တွေကို သင့်ရဲဘော်တွေအတွင်းမှာ စိုက်ထူပေးဖို့ လိုတယ်။

အပြန်အလှန် လေးစားမှု …
အသက်ကိုကြီးခြင်း၊ ငယ်ခြင်း၊ ရွယ်တူခြင်းကိုလေးစားခြင်း။ အသိဥာဏ်ကိုလေးစားခြင်း။ လိင်ခွဲခြားမှုကိုလေးစားခြင်း။ ဘာသာမတူမှု ကိုလေးစားခြင်း။ နိုင်ငံရေးအမြင်မတူမှုကို လေးစားခြင်း။ လူမျိုးမတူမှုအပေါ်လေးစားခြင်း။ အမျိုးသမီးနဲ့ ကလေးကိုလေးစားခြင်း။ အလုပ်ကိုင်တိုင်းကို လေးစားခြင်း စိတ်ဓါတ်တွေကို သင့်ရဲဘော်တွေအတွင်းမှာ စိုက်ထူပေးသင့်ပါတယ်။

**သွေးစည်းညီညွတ်မှု **
မူအပေါ်မှာ သွေးစည်းညီညွတ်ခြင်း။ အလုပ်နဲ့ သွေးစည်ညီညွတ်ခြင်း။ အမှန်တရားအပေါ်မှာ သွေးစည်းညီညွတ်ခြင်း။ စွန့်လွှတ်မှုအ ပေါ်မှာ သွေးစည်းညီညွတ်ခြင်း စိတ်ဓါတ်တွေကို သင့်ရဲဘော်တွေအတွင်းမှာ စိုက်ထူပေးပါ။

ကျင့်ဝတ်ဆိုင်ရာ စိတ်ဓါတ်တွေ၊ ဒီလို စိတ်ဓါတ်အခြေခံတွေကို မြေအောက်အုပ်စုတွေမှာ ပျိုးထောင်ပေးရမယ်။ ဘာသာတရားတခုလို ယုံကြည်သက်ဝင်လာအောင် လုပ်ပေးရမယ်။ တော်လှန်းရေးအားလုံးရဲ့ မိခင်ကြီးဖြစ်တဲ့ ပြင်သစ်တော်လှန်ရေးမှာ စိတ်ဓါတ်တခုကို စိုက်ထူခဲ့ကြတယ်။ ဒါကတော့ လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်းပဲဖြစ်တယ်။ ပြင်သစ်တော်လှန်ရေးကပေးခဲ့တဲ့ ကျင့်ဝတ်ဆိုင် ရာစိတ်ဓါတ်တွေက ကမ္ဘာ့တော်လှန်ရေးတွေကိုအောင်ပွဲတွေ ပေးခဲ့တယ်။ ဒီနေ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီး ဖြစ်နေတဲ့ကာလမှာ ကျင့်ဝတ်ဆိုင်ရာစိတ်ဓါတ်တွေကို မပေးကြတဲ့အတွက် မြန်မာလူအဖွဲ့စည်းဟာ ဆိုးဝါးတဲ့ စာရိတ္တဖေါက်ပြန်မှုကို လူ့အဖွဲ့စည်းကြီးတခု လုံးမှာ ရောဂါတခုလို ပြန့်နှံ့နေတယ်။ ပျက်ဆီးယိုယွင်းနေတယ်။

**မှားယွင်းသောအယူများကိုတိုက်ဖျက်ခြင်း**

မဟာဖိုဝါဒ (Chauvinism) လူမျိုးကြီးဝါဒ ( Racism)၊ စစ်ဝါဒ (Militarism)၊ ကျဉ်းမြောင်းတဲ့အမျိုးသားရေးဝါဒ (Narrow Minded Nationalism) လူမှု ဒါဝင်ဝါဒ (Social Darwinism)။ လက်ဝါးကြီးအုပ်စီးပွားရေးစနစ် (Monopoly)။ နိုင်ငံတော်က မြေတွေကို ပိုင်တဲ့စနစ် စတဲ့စိတ်ဓါတ်တွေကို သင့်ရဲဘော်တွေအတွင်းမှာ တိုက်ဖျက်ပြစ်ဖို့ လိုပါတယ်။

**မှန်ကန်သောအယူဝါဒများကိုဆောက်တည်ခြင်း **

- ဒီမိုကရေစီနဲ့ လူအခွင့်အရေး
- ဖယ်ဒရယ်စနစ် (ပြည်နယ်ပေါင်းစုပြည်ထောင်စုစနစ်)
- ဈေးကွက်စီးပွားရေးစနစ်
- ပုဂ္ဂလိက ပိုင်ဆိုင်မှုစနစ်
- လယ်ယာမြေပိုင်ဆိုင်ခွင့် (လယ်လုပ်ပိုင်ခွင့်မဟုတ်)
- လစ်ဘရယ်ပညာရေးစနစ်
- ဒီမိုကရေစီလူမှုရေးစနစ်
- အမျိုးသမီးအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး
- ငြိမ်းချမ်းရေးတွေဟာ မှန်ကန်တဲ့အယူဝါဒတေ ဖစ်တယ်။ ဒီဝါဒတွေကို သင့်ရဲဘော်တွေအတွင်းမှာ စိုက်ထူပေးဖို့မမေ့ပါနဲ့။

သုံး - ပစ်မှတ် (Target)

ဘုံရန်သူကို ဦးတည်တိုက်ဖို့ ကျနော်တိုက်တွန်းခြင်တယ်။ အချင်းချင်းမတိုက်နဲ့။ တခြားပါတီကို မတိုက်နဲ့၊ တခြားလူမျိုးနဲ့ ဘာသာတရားတွေကို မတိုက်ခိုက် နဲ့။ ဘုံရန်သူကိုပဲ ဦးတည်တိုက်။ ဘယ်သူကဘုံရန်သူလဲ စစ်အာဏာရှင်စနစ်က ဘုံရန်သူ ဖြစ်တယ်။ ဘုံရန်သူကို မတိုက်ဘဲ အချင်း အချင်းကိုတိုက်ခိုက်တဲ့သူကို ရှုတ်ချဖို့ လိုတယ်။

အပိုင်း ( ၂)

ခေါင်းဆောင်မှု (Leadership)

သင်ဦးဆောင်နေတဲ့ မြေအောက်အုပ်စုလေးမှာ
Command , Control and Communication
၁- ဘယ်သူတွေကဦးဆောင်မှာလဲ (Command)
၂- ဘာတွေလုပ်ခိုင်းမှာလဲ (Control)
၃- ဘယ်လို တယောက်နဲ့ ဆက်သွယ်ကြမှာလဲ (Communication)
+++++++++++++++++

အပိုင်း (၃)
လှုပ်ရှားမှုများ (Actions)
သင့်အုပ်စုအတွင်း အောက်ပါဖေါ်ပြထားသောအချက်များကို ပြင်ဆင်ထားရမည်။ မိမိယူဂျီအုပ်စုအတွင်း အစည်းဝေးထိုင်ပြီး ဆုံးဖြတ်ရ ပါ၊ ပြင်ဆင်ချက်များကို တခုခြင်းချမှတ်ရေးဆွဲထားပါ။ မိမိတို့ပြင်ဆင်ချက်အားလုံး အဖွဲ့ဝင်များထံချပြပြီး ကြိုတင်ပြင်ဆင်မှု၊လေ့ ကျင့်မှုများ စတင်ထားဖို့ လိုပါတယ်။

လှုပ်ရှားမှုများ (Action) အတွက် ပြင်ဆင်ချက်များ မေးခွန်းများ

၁- လူထုကို ဘာကြောင့် ရွေးကောက်ပွဲကို ကန့်ကွက်ရတယ်။ ဆန္ဒပြရတာတယ်ဆိုတာကို ဘယ်လိုပြောမလဲ
၂- သင်တို့ရဲ့ မိန့်ခွန်းတွေထဲမှာ ဘာတွေထည့်ပြောမလဲ။ (မိန့်ခွန်း ရေးနည်း၊ ကြေညာချက်ရေးနည်း လေ့လာထားရန်)
၃- လူထုပါဝင်လာအောင် သင်ဘာတွေပြင်ဆင်မလဲ။ ဘာလုပ်ရင်အကောင်းဆုံးလဲ။
၎- လူထုပါဝင်လာရင် လူထုကို ဘာတာဝန်တွေပေးမလဲ။
၅- လူထုကို ဘယ်လိုကြွေးကြော်သံတွေ ချပေးမလဲ။
၆- အလံတွေကို ဘယ်သူလုပ်မလဲ။
၇- စပီကာကို ဘယ်သူတာဝန်ယူမလဲ။
၈- ပိုစတာတွေ၊ နဖူးစည်းတွေကို ဘယ်သူလုပ်မလဲ၊ ဘာတွေရေးမလဲ။
၉- အလုပ်သမားတွေကို ဘယ်သူသွားစည်းရုံးမလဲ။
၁ဝ- သံဃာတွေကို ဘယ်သူသွားလျောက်မလဲ။
၁၁- ချီတက်ပွဲဖြစ်လာရင် ဘယ်နှစ်ယောက်တတွဲ စီတန်းချီတက်မလဲ ။
၁၂- မိန်းမနဲ့ ကလေးတွေပါလာရင် ဘယ်လို လုံခြုံမှုပေးမလဲ။
၁၃- လမ်းဘေးက အားပေးနေတဲ့သူတွေကို အတူတူချီတက်လာအောင် ဘယ်သူက ခေါ်မလဲ။
၁၄- တိုက်ပေါ်ကနေကြည့်ပြီး အားပေးနေတဲ့သူတွေကိုပါလာအောင် ဘယ်သူက စည်းရုံးမလဲ။
၁၅- မြို့သစ်တွေမှာလည်း ဆန္ဒပြပွဲတွေဖြစ်လာအောင် ဘယ်သူက စည်းရုံးမလဲ၊ ဘယ်လိုစည်းရုံးမလဲ။
၁၆- ရန်ကုန်မြို့က မြေပုံနဲ့ လမ်းတွေက ဘာတွေလဲ။ လူအစည်ကားဆုံး ဘယ်လမ်းကြောင်းတွေကချီတက်မလဲ။
၁၇- ဘယ်လမ်းက ချီတက်ရင် အန္တရာယ်အများဆုံးလဲ ။
၁၈- ဘယ်နေရာက ချီတက်ရင် လူတွေပူးပေါင်းမှုအများဆုံး ရနိုင်မလဲ။
၁၉- ရန်သူတပ်၊ ရဲနဲ့ ကြံဖွတ်တွေက ဘယ်မှာ အများဆုံး စုထားသလဲ (Enermy Concentration)။
၂ဝ- ရန်သူတပ်ဖွဲ့တွေ သုံးနေတဲ့မီး၊ ရေ၊ ဆက်သွယ်ရေးကို ဘယ်လို ဖြတ်တောက်ပြစ်မလဲ၊ ဘယ်လိုနည်းတွေသုံးမလဲ။ ဘယ်သူက လုပ်မှာလဲ။
၂၁- နောက်ဆုံးစုရပ်ကို ဘယ်မှာထားမလဲ။
၂၃- ဘယ်သူတွေ မိန့်ခွန်းပြောမလဲ။ ဘာတွေပြောမှာလဲ။
၂၄- တောင်းဆိုချက်တွေ မရရင် နောက်တဆင့် ဘာဆက်လုပ်မလဲ။
၂၅- သပိတ်ကို ရေရည်ဆွဲနိုင်အောင် ဘယ်လိုလုပ်မလဲ (အချိန် နှစ်ပတ်ခန့် )
၂၆- ရာသီဥတုရုတ်တရက် ဆိုးဆိုးရွားရွား ဖြစ်လာရင် ဘာဆုံးဖြတ်မလဲ (မိုးရွာ၊ ရေကြီး၊ အပူလွန်ကဲ၊ မုန်တိုင်းဝင်)
၂၇- ဆန္ဒပြတဲ့သူတွေကို ရေ၊ ထမင်း အစားသောက်တွေကျွေးရမယ် ဘယ်လိုကျွေးမလဲ။ အလှူရှင်တွေကို စည်းရုံးထားပြီးပြီလား။
၂၈- ဆန္ဒပြပွဲသုံးမယ့်ကရိယာတွေအတွက် ငွေလိုမယ်။ ဘယ်သူတွေဆီက အလှူခံမလဲ။ ဘယ်လို ငွေကောက်မလဲ။

ရန်သူ တုန့် ပြန်လာချေများ…

၁- ရန်သူက လူစုခွဲဖို့ပြောလာရင် ဘယ်လို တုန့်ပြန်မလဲ ။
၂- ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေ လိုက်နှောက်ယှက်လာရင် ဘယ်လိုတုန့်ပြန်မလဲ၊(ပြန်ချမလား၊ သူတို့ရိုက်တာခံမလား)
၃- ရဲနဲ့ စစ်သားတွေက ပစ်ခတ်ဖို့လာရင် ချီတက်နေတာကို ရပ်ပြစ်မလား။ လူစုခွဲမလား။ ဆက်ပြီးအသေခံချီတက်မလား။
၎- ပစ်ခတ်နှိမ်နင်းလာရင် ကားလမ်းတွေကို ဘယ်သူပိတ်မလဲ။
၅- အစိုးရကားတွေကို ဘယ်သူက မီးရှို့မလဲ။
၆- ဆက်သွယ်ရေး၊ စနစ်တွေ ဘယ်လိုထူထောင်ထားမလဲ (တယ်လီဖုန်း၊ စက်ဘီး၊ ကား၊ ဆက်သား)
၇- ရန်သူက ပြစ်ခတ်နှိမ်နင်းလာရင် ဆန္ဒပြပွဲကို ဘယ်လိုလူစုခွဲမလဲ။
၈- ဘယ်နေ့ ဘယ်နေရာကနေ ပြန်စဖို့ စီစဉ်ထားသလဲ။
၉- တနေရာထဲမှာ စုပြုံပြီး လူထုလှုပ်ရှားမှုမလုပ်ဘဲ ဘယ်နေရာတွေမှာ လုပ်ဖို့စီစဉ်ထားသလဲ။

၁ဝ- ရန်သူက လူထုဆန္ဒပြပွဲကို နှိမ်နင်းတဲ့ပုံစံက Defensive Square နဲ့ Edge Formation လုပ်လေ့ရှိတယ်။ ဒီလို စစ်ပြင်ပြီး ဆန္ဒပြ မှုကို ချေမှုန်းလာရင် ဘယ်လိုတုန့်ပြန်မှုက အကောင်းဆုံးလဲ။
၁၁- ရန်သူ သတင်းပေး၊ သူလျှိုတွေ သပ်လျှိုမလာအောင်ဘယ်လို ကာကွယ်ထားမလဲ။
၁၂- ရန်သူလူတွေက လူထုအယောင်ဆောင်ပြီး ခေါင်းဖြတ်တာတွေ၊ သတ်ဖြတ်တာတွေလုပ်လာရင် ဘယ်လို့ကာကွယ်မလဲ။
၁၃- လက်နက်တွေပေးမယ်ဆိုပြီး လာခေါ်ရင် ဘယ်လို လုပ်မလဲ။
၁၄- သင်ကလှုပ်ရှားမှုကိုခေါင်းဆောင်နေတဲ့အချိန်မှာ သင်မသိတဲ့ လူတယောက်က ခဏလိုက်ခဲ့ပါ စစ်တပ်ကူးပြောင်းမဲ့သူတွေရှိတဲ့ ဆွေးနွေးစရာရှိတယ်ဆိုပြီးလာခေါ်ရင် သင်ဘယ်လို လုပ်မလဲ။
၁၅- လင်မယားကွာလိုမှု၊ ခိုးမှုတွေ သင့်ကို တခုပြီးတခုလာတိုင်နေရင် သင်ဘယ်လို တုန့်ပြန်မလဲ။
၁၆- အလွန်ချောတဲ့ မိန်းကလေးတယောက်က အိမ်မပြန်ရဲဘူး သင်နဲ့အတူလိုက်ပါရစေလို့ပြောလာရင် သင်ဘယ်လိုဆုံးဖြတ်မလဲ။
၁၇ - အမှိုက်တွေတမြို့လုံး ပွစာကြဲနေရင် သင်ဘယ်လို လုပ်မလဲ ။
၁၈- ဆန္ဒပြပွဲတွေဖြစ်နေစဉ် ဖါ၊ ဖဲ၊ လောင်းကစား၊ မူယစ်ဆေးဝါးတွေ လမ်းမတွေပေါ်မှာ ပြောင်လုပ်လာကြရင် ဘယ်လိုတားမြစ်မ လဲ။
၁၉- ထောင်ကျအကျဉ်းသားတွေကို ရန်သူက အစုလိုက်အပြုံလိုက် လွှတ်ပေးလာရင် ဘယ်လို သဘောထားမလဲ။
သူတို့ကိုနေရပ်ထံပြန်နိုင်ဖို့ ဘယ်လို စီစဉ်ပေးမလဲ။
၂ဝ- သင့်ရပ်ကွက်ထဲက လူထုကို ဗိုလ်ကျနေတဲ့ ရရဖ၊ ကြံဖွတ်နဲ့ စွမ်းအားရှင်တွေက ဘယ်သူတွေလဲ
သူတို့ကို ဘယ်လို အပြစ်ပေးဖို့စီစဉ်ထားသလဲ။
၂၁- နောက်ထပ်ဘယ်အချက်တွေကို ထည့်သွင်းသင့်သလဲ ။

ဆက်သွယ်မှု (Communication)

၁-သင်နဲ့ သင့်အုပ်စု နေ့စဉ် ဆက်သွယ်ရေးကိုဘယ်လို စီစဉ်ထားသလဲ။ (လိုအပ်ရင် ၁၅ မိနစ် တခါ ဆက်သွယ်ရမယ်။ )
၂- သင့်အုပ်စုနဲ့ တခြားအုပ်စုတွေဆက်သွယ်ရေးကို ဘယ်လို စီစဉ်ထားသလဲ (ခွဲနာရီ၊ ထိုးနာရီ၊ နေ့စဉ် ဆက်သွယ်ခြင်း။ )
၃- သင့်အဖွဲ့လှုပ်ရှားမှု ၊ တခြားအဖွဲ့လှုပ်ရှားမှု တွေကို ဘယ်လို သတင်းယူမလဲ သတင်းပို့မလဲ ။
၎- သတင်းရေးနည်း ဘ-ခြောက်လုံးမူကို သင်သိသလား၊ သင်လူတွေကိုသင်တန်းပေးပြီးပြီလား။ (ဘယ်အချိန်- When ၊ ဘယ်နေ ရာ - where ၊ ဘယ်သူတွေ- Who ၊ ဘာလဲ - What ၊ ဘာကြောင့် Why- ဘာကို How )
၅- ရန်ကုန်က လှုပ်ရှားမှုကို နယ်တွေသိအောင် ဘယ်လိုလုပ်မလဲ။
၆- တခြားရပ်ကွက်၊ ကျေးရွာတွေ နယ်တွေမှာလဲ လူထုလှုပ်ရှားမှုကြီး ပြန့်နှံ့သွားအောင် ဘယ်သူ့တာဝန်ယူမလဲ။
၇- လမ်းပန်းဆက်သွယ်ရေးတွေပိတ်လိုက်ရင် ဘယ်လိုပုံမှန် ဆက်သွယ်ကြမလဲ
၈- နယ်တွေကို ပုံမှန်သတင်းပို့ရေးကို ဘယ်သူ စီစဉ်ပေးမလဲ
၉- ရန်သူက ရန်ကုန်ကိုချေမှုန်း၊ နယ်တွေကိုအလျော့ပေး လိုက်လျောမှုလုပ်လာရင် နယ်တွေက ဘယ်လို တဆင့်တိုးလှုပ်ရှားမှုတွေ လုပ်ခိုင်းမလဲ။
၁ဝ- လှုပ်ရှားသူတွေအချင်းအချင်းဘယ်လို့ဆက်သွယ်မလဲ
၁၁- ဆက်သွယ်ရေး စနစ်တွေကဘာတွေဲ (ဆက်သား၊ စကားပြောစက်၊ တယ်လီဖုန်း၊ ဆိုင်ကယ်၊ ကား၊ စက်ဘီး၊မြင်း၊ ဆိုက်ကား၊ သင်္ဘေ၊ အချက်ပြမီး၊ အသံ တွေကို သုံးတတ်သလား)
၁၂- ကားလမ်း၊ ရထားလမ်း၊ သင်္ဘောဆိပ်တွေကို ဘယ်လို ထိမ်းသိမ်းမလဲ၊ ဖြတ်တောက်မလဲ
၁၃- သံရုံးတွေရဲ့အကူညီကို ဘယ်လိုယူမလဲ။ နိုင်ငံတကာ အန်ဂျီအိုတွေဆီကို ဘာအကူညီတောင်းမလဲ။ (သူတို့လိပ်စာနဲ့ ဆက်သွယ် မှုတွေကို ရထားပြီးပြီလား)
၁၄- သတင်းဌာနတွေကို ဘယ်လိုဆက်သွယ်မလဲ။ ဘာသတင်းတွေပေးမလဲ။ လူတွေကိုဘာလုပ်ခိုင်းမလဲ ဆိုတာတွေကို ဘာတွေ ပြောမလဲ။

အလုပ်သမား၊ စက်ရုံများ၊ အစိုးရဌာနများ

၁-အလုပ်သမားတွေကို ဘယ်လိုစည်းရုံးမလဲ
၂- သူတို့ကို ဘယ်လို တိုက်ပွဲ ဆင်ခိုင်းမလဲ ( စက်ရုံထဲမှာ ပဲဆန္ဒပြမလား၊ လူထုနဲ့အတူဆန္ဒပြဖို့စည်းရုံးမလား။
၃- ဘယ်စက်ရုံကိုသိမ်းလိုက်ရင် ရန်သူ့နှလုံးသားကို ထိသွားနိုင်သလဲ
၎- စက်ရုံတွေကို ဘယ်သူတွေက သိမ်းပိုက်ထားမလဲ
၅- အလုပ်သမားတွေရဲ့မိသားစုစားဝတ်နေရေးကို ဘယ်လိုဖြေရှင်းပေးထားမလဲ (ဆန်၊ ဆီ၊ ဆားအပါအဝင် ရိက္ခခြောက်များ၊ ရိက္ခာစို များကို ဘယ်လိုစုဆောင်းမလဲ )

တပ်မတော်သားများကို ဘယ်လိုစည်းရုံးမလဲ

၁- သင်တို့ရပ်ကွက်၊ ကျေးရွာက ဘယ်သူတွေရဲ့ ဆွေမျိုးသားချင်းတွေက စစ်တပ်ထဲမှာရှိလား
၂- သူတို့ကနေ တဆင့် စစ်တပ်အတွင်းကို ကြေညာချက်များ၊ ပူးပေါင်းဖို့မေတ္တာရပ်ခံချက်များကို ဘယ်လိုပို့ဖို့ စီစဉ်ထားသလဲ
၃- သူတို့အဖွဲ့ထည်းမှာ စစ်တပ်ထဲက အရာရှိတွေ၊ စစ်သားတွေနဲ့ ဘယ်သူသိလဲ
၎- စစ်သားတွေက ကူးပြောင်းလာရင် သေနပ်များကို ယူလာခိုင်းမှာလား။ မယူလာခိုင်းဘူးလား။
၅- စစ်သားတွေယူလာတဲ့ သေနပ်များကို ဘယ်မှာဖွတ်ထားမလဲ။ စစ်အစိုးရက ဆန္ဒပြပွဲကို ပစ်ခတ်နိုမ်နင်းလာရင် ပစ်ခိုင်းဖို့ ဘယ်လို စီစဉ်ထားသလဲ ။

ရန်သူအုပ်ချုပ်ရေးများကိုဖြိုချခြင်း

၁- သင့်ရပ်ကွက်က ရပ်ကွက် ရုံးခန်းကို ဘယ်လိုသိမ်းပိုက်မလဲ
၂- ဖိုလ်တွဲတွေကို ဘယ်လိုသိမ်းဆည်းမလဲ
၃- ရပ်ကွက်လူကြီးတွေကို ဘယ်နေရာမှာချုပ်ထားမလဲ
၎- မြို့နယ်ရဲစခန်းကို ဘယ်လို သိမ်းပိုက်မလဲ
၅- ရဲစခန်းကို သိမ်းပိုက်ဖို့ တခြားရပ်ကွက်တွေရဲ့အကူညီကို ဘယ်လို တောင်းခံမလဲ
၆- ရဲစခန်းကို သိမ်းပိုက်ပြီးရင် ဘယ်လို အမြန်ဆုံးဖျက်ဆီးမလဲ
၇- မြို့နယ် အုပ်ချပ်ရေးရုံးခန်းကိုဘယ်လို သိမ်းပိုက်မလဲ
၈- မြို့နယ်အုပ်ချုပ်ရေးရုံးခန်းကို အမြန်ဆုံးဘယ်လို ဖျက်ဆီးပြစ်မလဲ

လူထုအစိုးရဖွဲ့စည်းခြင်း

၁- လူထုအစိုးရကို ဘယ်လိုဖွဲ့မလဲ
၂- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ စီအာပီပီ ခေါင်းဆောင်များကို ဘာတွေလုပ်စေချင်သလဲ
၃- သူတို့ကို ဖမ်းသွားရင် ဘာဆက်လုပ်မလဲ
၎- ကိုယ်ရပ်ကွက်အလိုက် ကျေးရွာအလိုက် အုပ်ချုပ်ရေးတွေ ကိုဘယ်လိုချမလဲ (လုံခြုံရေး၊ အပြန်အလှန်ကူညီရေး၊ လူထု စား ဝတ်နေရေး ကျန်မာရေး )
၅- ရံပုံငွေတွေကိုစနစ်တကျ ဘယ်လိုကောက်ခံမလဲ
၆- စစ်အစိုးရဒေါက်တိုင်တွေကို ဘယ်လိုဖြိုမလဲ၊ ဘယ်သူတွေဖြိုမလဲ၊ ပစ်မှတ်တွေကို ဘယ်လိုပြုစုထားမလဲ
၇- စစ်အစိုးရက တုန့်ပြန်လာနိုင်တဲ့အရာတွေက ဘာတွေလဲ။
၈- သင့်မြို့နယ်မှာ အားအကောင်ဆုံးနေရာက ဘာတွေလဲ၊ အားအနည်းဆုံးနေရာက ဘယ်နေရာလဲ
၉- ကုန်တိုက်တွေကို ဘယ်လိုဖေါက်မလဲ။ လူထုတွေကိုဘယ်လို ဝေမလဲ
၁၀- ဘယ်ဟာတွေကို မီးတင်ရှို့မလဲ၊ ဘယ်ဟာတွေက မရှို့သင့်ဘူးလဲ
၁၁- ပုဂ္ဂလိက ပိုင်ဆိုင်မှု တွေကိုဆုံးရှုံးမှု မရှိအောင် ဘယ်လို ကာကွယ်ပေးမလဲ (အသက်၊ ပစ္စည်း ဥစ္စာ)
၁၂- လူဆိုး လူမိုက်နဲ့ တောကြောင်တွေကို ဘယ်လို ကိုင်တွယ်မလဲ
၁၃- ရန်သူမရှိတဲ့အချိန်မှာ သူရဲကောင်းတွေ၊ ဥက္ကဋ္ဌကြီးတွေ၊ ခေါင်းဆောင်တွေ၊ ဘုရားလောင်းတွေ၊ မင်းလောင်းတွေ တောင်ပို့မှို တွေလို ပေါ်လာမယ်။ ဒီလိုပေါ်လာရင် ဘယ်လိုကိုင်တွယ်မလဲ
၁၄- ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အဲလ်ဒီခေါင်းဆောင်တွေကို အစိုးရဖွဲ့ပြီး ဦးဆောင်လာအောင်ဘယ်လို တိုက်တွန်းမလဲ။ သူတို့ကို ဖမ်းသွားရင် ဘယ်လို ဆက်လုပ်မလဲ။ (အောင်ပွဲခံတဲ့အထိ ဆက်တိုက်မလား၊ ရပ်မလား၊ ထွက်ပြေးမလား။)

၁၅- သင့်ရပ်ကွက်မှာကြုံတွေ့နေတဲ့ ရေ၊ မီး၊ ဆန်၊ ဆေးဝါးနဲ့ လုံခြုံရေး ပြဿနာကို ချက်ချင်းဘယ်လို လုပ်ပေးမလဲ
၁၆- အပစ်ခတ်ရပ်စဲရေးအဖွဲ့တွေကို ဘာလုပ်ခိုင်းမလဲ။ သူတို့က လုပ်မလာပဲ ပွဲကြည့်ပရိသတ်လိုကြည့်နေရင် သူတို့ကိုဘယ်လို သ ဘောထားမလဲ။

၁၇- အောင်ပွဲခံရင် ပထမဆုံးလုပ်ရမယ့်အရာက ဘာလဲ
၁၈- ယာယီအစိုးကို ဘယ်လို ဖွဲ့မလဲ။
၁၉- တိုင်းပြည်ကို ဘယ်လို့ပြန်လည် တည်ဆောက်မလဲ ။

အထွေထွေ
သင့် မြေအောက်အဖွဲ့ထဲက လူတွေက ဘယ်လိုလူတွေလဲဆိုတာ စိစစ်ပြီးပြီလား
၁- လိမ်တတ်တဲ့ သူလား။
၂-ခိုးတတ်တဲ့သူလား ။
၃- လောင်းကစားသမားလား ။
၎- ဘာသာရေးအစွန်းရောက်တွေလား (ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ခရစ်ယန်၊)
၅- သူတပါးအလာကားနေရင်း သတ်ဖြတ်ခြင်သူလား ။
၆-သတ္တာဝါလေးတွေကိုနိပ်စက်ညင်းပန်း တတ်သူလား။
၆- ဟိုဟာမလုပ်တတ် ဒါမလုပ်တတ်၊ ငပျော့၊ ငကြောက် (အမေချစ်သား- Mama Boy) လား။
၇- မူးရင်ရစ် တတ်တဲ့ သူလား။
၈- မိန်းကလေးတွေနဲ့ စကားပြောရင်လျိုလ်ဝှက်ချက်တွေကိုပါထည့်ပြောတတ်သူလား။ ဆောက်ကြွားလား။
၈- အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတတ်သူလား။
၉- တကိုယ်တော်သမားလား၊ စုပေါင်းလှုပ်ရှားမှုကို မလုပ်တတ်သူလား။
၁၀-အမြင်မတူတဲ့သူတွေနဲ့ တွဲလုပ်ရာမှာကို ကြောက်တတ်သူလား။

စီစစ်ပါ။အဲဒီလိုလူတွေကနိင်ငံရေးလှုပ်ရှားမှုမှာ အကောင်းထက်အဆိုးကိုလုပ်တတ်သူတွေဖြစ်တယ်။ သတိထားပါ။

နိဂုံး

လူထုလှုပ်ရှားမှုကြီးတခုရဲ့ အန္တိမရည်မှန်းချက်ဟာ အာဏာရှင်စနစ် အုပ်ချုပ်ရေးယန္တယားများ (အစိုးရ၊ စစ်တပ်၊ အုပ်ချုပ်ရေးအဆင့် အဆင့်၊ ထောင်) တွေကို တခုပြီးတခု ဖြိုချခြင်း၊ မီးရှို့ပြစ်ခြင်း၊ ဖျက်ဆီးပစ်ခြင်း၊ သုတ်သင်ပြစ်ခြင်းတို့နှင့် လူထုအုပ်ချုပ်ရေးများကို ကျေးရွာရပ်ကွက်အလိုက် ဆောင်ရွက်ကြခြင်းမျှသာ ဖြစ်တယ်။

ဒါကို ကျနော်တို့ မလွဲမသွေ လုပ်ဆောင်ရပါလိမ့်မယ်။ ဘယ်သူက လာပြီး အစိုးရဖွဲ့မှာလဲ၊ ဘယ်သူကဦးဆောင်မှာလဲဆိုတာ တွေးတောမပူနေပါနဲ့။ အောက်ခြေအဆင့်အဆင့် လူထုအုပ်ချုပ်ရေးတွေကို စိုက်ထူလာနိုင်မယ်။ ရန်သူကလည်း ပြိုကျလာမယ်ဆိုရင် သူရဲကောင်းတွေ၊ ခေါင်းဆောင်တွေ အလျှိုလျှို ပေါ်လာလိမ့်မယ်။ မြန်မာ ပြည်မှာ ခေါင်းဆောင်တွေ ဘယ်လောက်ပေါတာ၊ အစိုးရလုပ်မယ့်ဝန်ကြီးတွေ ဘယ်လောက်ပေါသလဲဆိုတာကို ခင်ဗျားတို့ကိုယ်တိုင်မကြာခင်တွေ့ လိမ့်မယ်။

တပြည်လုံး တော်လှန်၊ တပြည်လုံး အောင်ပွဲခံကြမယ်။ သင်တို့အားလုံးဟာ ခေါင်းဆောင်တွေ ဖြစ်တယ်။ ဆက်သွယ်ရေးတွေ သူတို့ ဖြတ်လည်း၊ ခေါင်းဆောင်တွေကို သူတို့ဖမ်းရင်လည်း ဖမ်းပါစေ။ မဟာဗျူဟာမြောက် မေးခွန်းတွေကို သင် ဖြေနိုင်လို့ကတော့ သင်ဒို့ဟာ မြန်မာပြည်သမိုင်းသစ်ရဲ့ သူရဲကောင်းတွေပဲ။ ခေါင်းဆောင်တွေပဲ။ ၈၈ တုန်းက ကျနော် ကြုံတွေ့ခဲ့ရတဲ့ မေးခွန်းတွေကို ပြန်လည်ဝေငှလိုက်တာပါ။ လိုတာတွေ့ရင် ဖြည့်စွက်နိုင်ပါတယ်။ ပိုတာတွေ့ရင် ပယ်နိုင်တယ်။ သင်ဟာ ခေါင်းဆောင်တယောက်လို စဉ်းစားဖို့ပါပဲ။ စနစ်တကျ ပြင်ဆင်ထားဖို့ပါပဲ။

**မိုးသီးဇွန် **
မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်
(Free Burma Federation- FBF)
wefightwewin@gmail.com ကိုဆက်သွယ်မေးမြန်းနိင်ပါတယ်။

အပိုင်း (၁)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)