ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 31, 2010

“မရွံ့သတ္တိ .. ဇွဲလုံ့လ .. အားစိုက်ညီညာ”

>
**(ကျောင်းသားတပ်မတော် ၂၂ နှစ်ပြည့်အမှတ်တရ)**

ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးကနေ မွေးဖွားပေါ်ထွက်လာခဲ့ရတဲ့ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ( မကဒတ ခေါ် ကျောင်းသား တပ်မတော် ) ABSDF ကတော့ အခက်အခဲအချိုးအကွေ့များစွာ ၊ တိုက်ပွဲများစွာ ၊ အောင်မြင်မှုများစွာ ၊ ပြဿနာများစွာ ရင်ဆိုင်ကျော်လွှား ရင်း (ကျော်လွှားနေဆဲ)မှာပဲ ၂၂နှစ်သက်တမ်း ဖြတ်သန်းခဲ့လေပြီ ။

မျက်မှောက်ကမ္ဘာရဲ့ တော်လှန်စစ်လမ်းစဉ်တွေအပေါ်သဘောထား ၊ မဟာမိတ် လက်နက်ကိုင်အင်အားစုတွေရဲ့အခြေအနေ ၊ စစ် အာဏာရှင်တွေရဲ့အညှိုး တကြီးချေမှုန်းမှု ၊ ဆင်ခြေမျိုးစုံနဲ့ကျောခိုင်းသွားကြသော ရဲဘော်ဟောင်းများ စတဲ့ အကြောင်းတရားမျိုးစုံကြောင့် (မာနယ်ပလောမကျခင်ဟိုဘက်ကာလ များလောက်) ရန်သူစစ်အာဏာရှင်တွေအပေါ် ထိုးစစ်ဆင်နိုင်ခြင်းမရှိ ၊ ရဲဘော်များ အားမလိုအားမရဖြစ်ရလောက်အောင် တပ်ကိုတိုးချဲ့တည်ဆောက်နိုင်မှု မရှိတော့ပေမဲ့ ရန်သူက အမြဲသတိထား စောင့်ကြည့်နေရ လောက်အောင် အရှိန်အ၀ါရှိဆဲ ၊ ကျောင်းသားတပ်မတော်အဖြစ် တောင့်ခံထားနိုင်ဆဲ ၊ ရန်သူနှင့် မညှိနှိုင်းစတမ်း ၊ လက်နက်ကိုင် လမ်းစဉ်အပေါ် ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ ဆက်လက်လျှောက်လှမ်းဆဲပါပဲ ။

အရာရာစွန့်လွှတ်ခဲ့ကြတယ်၊ မိဘ, ညီအကိုမောင်နှမ , ဆွေမျိုးသားချင်းတွေနဲ့ခွဲခွာခဲ့ကြရတယ် ၊ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှု ၊အတတ်ပညာ အားလုံး စွန့်လွှတ် ထားရစ်ခဲ့ရတယ်၊ အနေအစား ဆင်းရဲပင်ပန်းမှုမျိုးစုံရင်ဆိုင်ခဲ့ကြရတယ် ၊ ရောဂါမျိုးစုံ ၊ မြွေကင်း သဘာဝဘေးမျိုးစုံ ၊ ရန်သူ့ ကျည်/မိုင်း အသက်အန္တရာယ် မျိုးစုံကြားမှာဖြတ်သန်းခဲ့ကြရတယ် ၊ တစ်ချို့ တိုက်ပွဲထဲမှာ သူရဲကောင်းပီသစွာကျဆုံးခဲ့ကြတယ် ၊ တစ်ချို့ ရောဂါဘယမျိုးစုံကြောင့် ဖျားနာကျဆုံးခဲ့ရတယ် ၊ တချို့ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့ကြတယ် ၊ တချို့ ရန်သူ့နယ်မြေထဲ လျှို့ဝှက်ရေးလုပ်ငန်းတွေဝင်ဆောင်ရွက်ရင်း ရန်သူကဖမ်းမိပြီး နှိပ်စက်ညှင်းပန်းမှု မျိုးစုံခံခဲ့ကြရတယ်၊ ထောင်နှစ်ရှည် ချခံခဲ့ကြရတယ် ၊ ဒီနေ့ ဝေဘန်ပြစ်တင်မှုအမျိုးမျိုးခံနေရတဲ့ ကျောင်းသားတပ်မတော်ရဲ့ရဲဘော်တွေဟာ အဲလိုစွန့်လွှတ်မှု တွေနဲ့ (၂၂နှစ်တာကာလ တစ်လျှောက်လုံး) ဖြတ်သန်း ခဲ့ကြရတာပါ ။

ခေါင်းဆောင်ပဲဖြစ်ဖြစ် ၊ တပ်ဖွဲ့ဝင်ပဲဖြစ်ဖြစ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့နေထိုင်မှုအမှားဟာ ABSDF တစ်ဖွဲ့လုံးရဲ့အမှားမဟုတ် ပါဘူး၊၂၂ နှစ်တာ ရုန်းကန်ခဲ့ရမှုအခြေအနေများစွာအရ ထိုးစစ်မဆင်နိုင်သေးတဲ့အခြေအနေဟာ အပြစ်တင်ကဲ့ရဲ့နေဘို့မဟုတ်ပါဘူး ၊ ဖိနှိပ်ခံပြည်သူတရပ်လုံး စစ်အာဏာရှင် လက်အောက်မှလွတ်မြောက်ရေး ၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဆိုတဲ့ ၊ ဦးတည်ချက် လေးရပ်နဲ့ လူထုတိုက်ပွဲနဲ့လက်နက်ကိုင်တိုက်ပွဲပေါင်းစည်းရေး ကြိုးပမ်း အားထုတ်ရင်း စစ်အာဏာရှင်စနစ်၊စစ်ဗျူရိုကရေစီယန္တရားကို အဓိကပစ်မှတ်ထား တိုက်ပွဲဝင်လျက်ရှိတဲ့ ကျောင်းသားတပ်မတော်ဖြစ် ပြီး ယုံကြည်ချက်အတွက် ဒုက္ခမျိုးစုံ ၊ ပင်ပန်းဆင်းရဲမှုမျိုးစုံ ၊ ဝေဘန်ပြစ်တင်မှုမျိုးစုံကိုကြံ့ကြံ့ခံရင်း တောတောင်တွေထဲမှာ ရပ်တည် နေထိုင်နေတဲ့ ရဲဘော်တွေရှိနေသေးတယ်ဆိုတာ သတိထားကြဘို့လိုပါတယ် ။

နိုင်ငံရေးအရပဲဖြစ်ဖြစ် ၊ စစ်ရေးအရပဲဖြစ်ဖြစ် ရန်သူနဲ့ရင်ဆိုင်ရာမှာ အခြေနေသုံးရပ်ကြုံတွေ့ရပါမယ် ၊ ရန်သူကအသာရပြီးကိုယ့်ဘက် ကနိမ့်ပါးနေတဲ့ (အရှုံး)အခြေအနေ ၊ ရန်သူနဲ့တန်းတူအနေအထားရှိတဲ့(သရေ)အခြေအနေ ၊ ကိုယ့်ဘက်ကအသာစီးနဲ့ ရန်သူကိုထိုးစစ် ဆင်နိုင်နေတဲ့(အနိုင်)အခြေအနေ ဆိုပြီးဖြစ်ပါတယ် ၊ ဒီနေ့အခြေအနေက အားလုံးရဲ့ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်တွေက နိုင်ငံရေး အရပဲဖြစ်စေ ၊ စစ်ရေးအရပဲဖြစ်စေ အသာရထားပြီး သူတို့ အာဏာသက်ကိုဆွဲဆန့်မဲ့ ၂၀၀၈ဖွဲ့စည်းပုံကိုအသက်သွင်းမဲ့ရွေးကောက်ပွဲကို သူတို့စိတ်တိုင်းကျရွေးချယ်ထားတဲ့ စစ်ယူနီဖေါင်းချွတ်တွေ ၊ ကြံ့ဖွတ်တွေနဲ့ ချည်ပြီးတုပ်ပြီးလုပ်တော့မယ်ဆိုတာ မျက်ဝါးထင်ထင်ပါပဲ ၊ ဒါက ပကတိအခြေနေမှန်ပါ ၊ စစ်အာဏာရှင်တွေက နိုင်ငံတကာကိုလိမ်ချင်သလိုလိမ် ၊ ဒီမိုကရေစီအင်အားစုတွေကို နည်းမျိုးစုံသုံး နှိပ်ကွတ် ၊ ပြည်သူတွေကိုဖိနှိပ် အနိုင်ကျင့်ချင်တိုင်းကျင့်နေနိုင်နေသေးတာ ကျွန်တော်တို့အင်အားစုအားလုံးက အရှုံးဆိုတဲ့အခြေအနေ မှာရှိနေပြီး သူတို့ကအနိုင်ဆိုတဲ့အခြေအနေမှာရှိနေလို့ပါ ၊ အဲဒီအခြေအနေရဲ့ဆိုးကျိုးဂယက်ကို ပြည်သူတွေ ၊ ပြည်တွင်းနိုင်ငံရေးအင် အားစုတွေ ၊ ပြည်ပအတိုက်အခံအဖွဲ့တွေ ၊ တိုင်းရင်းသားအင်အားစုတွေနဲ့ထပ်တူ ကျောင်းသားတပ်မတော်လဲ ခံနေရတာပါ ။

ခုလို ရှုံးနိမ့်နေတဲ့အခြေအနေကနေ အနိုင်ဆိုတဲ့အထက်စီးအခြေအနေကိုရုတ်တရက်ပြောင်းလဲနိုင်ဘို့ မဖြစ်နိုင်ဘူးဆိုတာ စဉ်းစားတွေး တောတတ်သူတိုင်း သိမှာပါ ၊နိုင်ငံရေးအရလဲ ရှစ်လေးလုံးအရေးတော်ပုံလို(အနိုင်ရလုလု)အခြေအနေကိုပြန်ရောက်ဘို့ မဖြစ်နိုင်သေးသလို တန်းတူအခြေအနေဖြစ်တဲ့ စားပွဲဝိုင်း ပေါ်ဆွေးနွေးရေးဆိုတဲ့အခြေအနေတောင် ဖြစ်အောင်ကြိုးစားနေကြဆဲသာရှိပြီး မလုပ်နိုင်ကြသေးပါဘူး ၊ စစ်ရေးတိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်အင်အားစု အားလုံးလဲ ဒီလိုပါပဲ၊ ကိုယ့်စခန်းတွေအတိုက်မခံရအောင် ၊ မကျအောင်၊ နယ်မြေဒေသစိုးမိုးထားနိုင်အောင် ဆိုတဲ့ တန်းတူနီးပါးဖြစ်ရေးကိုပဲ မနဲကြိုးစား နေကြရပြီး ၊ အနိုင်ကိုဦးတည်မဲ့ မြို့သိမ်းတိုက်ပွဲတွေ ၊ စခန်းသိမ်းတိုက်ပွဲထိုးစစ်တွေ မလုပ်နိုင်သေးပါဘူး ၊ တော်လှန်ရေးသက်ဝါရင့်ပြီး အတွေ့အကြုံရော အင်အားရောအများကြီးရှိတဲ့ အဖွဲ့စည်းကြီးတွေတောင် ဒီကနေ့အခြေအနေကို မလွှဲသာမရှောင်သာ ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းနေရတာ ၊ ကျောင်းသားတွေ ဘ၀ကနေမှ လက်နက်ကိုင်ဖြစ်လာကြရတဲ့ ၊ တော်လှန်ရေးခရီးကို ရှစ်လေးလုံးအရေးတော်ပုံကနေမှစဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားတပ်မတော် အတွက် ဘယ်လောက် တောင့်ခံရင်ဆိုင်ဖြတ်သန်းနေရလဲဆိုတာ စာနာနားလည်စိတ်နဲ့ ခံစားတွေးတောကြည့်ကြပါလေ ။

စစ်အာဏာရှင်တွေက လတ်တလောအသာစီးရရှိထားမှုကိုဆုတ်ကိုင်ပြီး ဒီမိုကရေစီ အင်အားစု အားလုံးရဲ့လိုလားချက်ဖြစ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလာဒ် အသက်ဝင် ရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး တို့ကို ပြောင် ပြောင်တင်းတင်းကျောခိုင်းပြီး စစ်အာဏာသက်တမ်းတိုးမဲ့ ၊ ကြံ့ဖွတ် အစိုးရတစ်ရပ် ပေါ်ထွန်းရေးရွေးကောက်ပွဲကို တစ်ဘက်သတ်ကျင်းပ ပေတော့မယ် ၊ အဲဒီနောက် စစ်အာဏာရှင်စနစ်ပုံစံသစ်နဲ့ စစ်ပါလီမန်ကို နိုင်ငံတကာက လက်ခံရပ်တည်နိုင် အောင် လုပ်သွားမှာဖြစ်ပြီး ပြည်သူတွေရဲ့ ဖိနှိပ်ခံဘ၀ ၊ ဆင်းရဲမွဲတေနေမှုဘ၀တွေက ဆိုးသထက်ဆိုးတဲ့အခြေအနေနဲ့ ရှိနေတော့မှာဖြစ်တယ် ၊ ဒါ့ကြောင့် ကျောင်းသား တပ်မတော်အနေနဲ့ နအဖရဲ့ နိုင့်ထက်စီးနင်း ရွေးကောက်ပွဲကိုတိုက်ဖျက်ရေးနဲ့ ဆန့်ကျင်သပိတ်မှောက်ရေး လုပ်ငန်းတွေအားလုံးကို ထောက်ခံသဘောတူကြောင်း ၊ လုံလောက်တဲ့တိုက်ပွဲနဲ့ဖိအားမရှိပဲ နိုင်ငံရေးနည်း နဲ့စားပွဲဝိုင်းမှာဖြေရှင်း နိုင်ရေးဆိုတာ ဖြစ်လာမှာ မဟုတ်တဲ့အတွက် လက်နက်ကိုင်လမ်းစဉ်သာမက စစ်အုပ်စုကိုအထိနာ အကြပ်ရိုက်စေမဲ့နည်းလမ်းမျိုးစုံနဲ့ အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်သွားတော့မယ် ဆိုတဲ့အကြောင်း ၊ ဘုံရန်သူကို လက်တွဲတိုက်ရေးအတွက် ယုံကြည် ချက်တူ ဘ၀တူ ဒီမိုကရေစီရေးတိုက်ပွဲဝင်မှုများ နှင့် ပူးပေါင်းကာ လူထုတရပ်လုံးနှင့် တသားထဲတိုက်ပွဲဝင်သွားမဲ့အကြောင်း ၊ လူထု လှုပ်ရှားမှု ၊ နိုင်ငံရေး အန်တုမှု ၊ လက်နက်ကိုင် တိုက်ပွဲနှင့် သံတမန်ရေးဖိအား ၊ တခုနဲ့တခုပေါင်းစည်း ဟန်ချက်ညီတိုက်ပွဲဝင်နိုင်ရေး ၊ နိုင်ငံရေး တော်လှန်ရေး အင်အားစုအားလုံးက ၀ိုင်းဝန်းကြိုးစားနိုင်ကြပါရန်ပန်ကြားကြောင်း ၊ နအဖစစ်အုပ်စုရဲ့ (၂၆.၁၀.၂၀၁၀)နေ့ သတင်းထုတ်ပြန်မှုအပေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)၏ သဘောထား ထုတ်ပြန်ကြေငြာချက်နဲ့ ကျောင်းသားတပ်မတော် (မကဒတ)ထူထောင်ခြင်း၂၂နှစ်ပြည့်ထုတ်ပြန်ချက်တွေမှာ တွေ့ရတာဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓါတ်ရှိသူတိုင်းက ထောက် ခံအားပေးကြရမှာပါပဲ ။

ခုချိန်က ကျောင်းသားတပ်မတော်ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုပြစ်တင်ကဲ့ရဲ့နေရမဲ့အချိန် ၊ လိုအပ်ချက်တွေထောက်ပြဝေဘန်နေရမဲ့အချိန် မဟုတ်ပါဘူး ၊ ကိုယ် လုပ်နိုင်တဲ့ပမာဏကိုယ်ပြောပြီး အတူပူးပေါင်းတိုက်ပွဲဝင်ကြရမဲ့အချိန်ဖြစ်ပါတယ် ၊ တော်လှန်ရေးအပေါ်ခံယူချက် ရပ်တည်ချက်မှန်ကန်ရင် ၊ ကျောင်းသား တပ်မတော်အပေါ်စေတနာမှန်ကန်ရင် ကျောင်းသားတပ်မတော်ကို ပြန်လည်အားဖြည့် ၀ိုင်းဝန်း ပံ့ပိုးကြဘို့ပဲလိုပါတယ် ။

ကျောင်းသားတပ်မတော်ကတော့ အရာရာစွန့်လွှတ်ပေးဆပ်နေမှာဖြစ်သလို ၊ ဖြစ်သန်းပြီးတဲ့ ၂၂နှစ်လို ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ မရွံ့သတ္တိ ၊ ဇွဲလုံ့လ အားစိုက်ညီညာရပ်တည်နေမှာဖြစ်ပြီး တော်လှန်တဲ့မျိုးဆက်သစ်တွေအတွက် ခေတ်သမိုင်းရဲ့လိုအပ်ချက်အဖြစ် ကြံ့ကြံ့ ခံတည်ရှိနေမယ်ဆိုတာ အလေး အနက် ယုံကြည်နေပါတယ်။

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် ။
ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည် ။

ရဲဘော်အားလုံးအားအလေးပြုပါသည်။

**မောင်ကျောင်းသား**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)