မာစေသာစေဖို့ ဆုတောင်း။
**အမေ အသက်ရှည်လေလေ
ပြည်သူ့အကျိုး ပြုလေလေမို့
အမေလို ပုဂ္ဂိုလ်မျိုး
သွားမကျိုး ဆံမဖြူ
ကိုယ်ထူ ကိုယ်ထ ကလောင်မချ
စောင်မ ပါကြောင်း။
**မလာရပေမယ့်
ဂါရ၀ ပြုလျက်ပါ။
အမေ့ကို ပူဇော်ဖို့
တောင်ပေါ်မှာ ပန်းခူးသွားလို့
စကားနဲ့မှာ။
**အရပ်ရပ် အရွာရွာ
ပူဇာစ အမေ့ပွဲ။
တောင်သမန်
ကလောင်သံ တညံညံနဲ့
မပြန်နိုင် တနေ့လုံး
တွေ့တုန်းမှာ ဆိုစကားတွေနဲ့
အားရနိုင်ဘဲ။
**သည်တ၀ါ သည်တနှစ်
မလာဖြစ်လို့ ခွင့်ပန်စာ။
နှောင်နှစ်ခါ အမေ့ကိုဖူးဖို့
ပန်းခူးခဲ့မှာ။
**မန်းမြေမှာ ပန်းတွေကြဲလို့
ပူဇော်ပွဲကြီးကျယ်စွာ
အားရဖွယ် ပန်းမြိုင်လယ်မှာ
ပန်းခိုင်အသွယ်သွယ် သီကာကုံးလို့
တနေ့လုံး တညစခန်း
မထတမ်း မ၀တမ်း
ကဗျာ့ပန်း နန်းဆန်းဆန်
မန်းသံလွမ်းရန် တေးတွေနဲ့
ပျော်ဦးမယ်လေး။ ။
**(အမေဒေါ်အမာရဲ့မွေးနေ့ ၂၉၊ ၁၁၊ ၁၉၉၉၊၊အကြို)**
အမေ့သားတင်မိုး
**တင်မိုး**
(ကဗျာပေါင်းချုပ်၊ ၁ နိုဝင်ဘာလ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
**တို့ချစ်တဲ့ တို့အမေ
မာစေသာစေဖို့ ဆုတောင်း။
**အမေ အသက်ရှည်လေလေ
ပြည်သူ့အကျိုး ပြုလေလေမို့
အမေလို ပုဂ္ဂိုလ်မျိုး
သွားမကျိုး ဆံမဖြူ
ကိုယ်ထူ ကိုယ်ထ ကလောင်မချ
စောင်မ ပါကြောင်း။
**မလာရပေမယ့်
ဂါရ၀ ပြုလျက်ပါ။
အမေ့ကို ပူဇော်ဖို့
တောင်ပေါ်မှာ ပန်းခူးသွားလို့
စကားနဲ့မှာ။
**အရပ်ရပ် အရွာရွာ
ပူဇာစ အမေ့ပွဲ။
တောင်သမန်
ကလောင်သံ တညံညံနဲ့
မပြန်နိုင် တနေ့လုံး
တွေ့တုန်းမှာ ဆိုစကားတွေနဲ့
အားရနိုင်ဘဲ။
**သည်တ၀ါ သည်တနှစ်
မလာဖြစ်လို့ ခွင့်ပန်စာ။
နှောင်နှစ်ခါ အမေ့ကိုဖူးဖို့
ပန်းခူးခဲ့မှာ။
**မန်းမြေမှာ ပန်းတွေကြဲလို့
ပူဇော်ပွဲကြီးကျယ်စွာ
အားရဖွယ် ပန်းမြိုင်လယ်မှာ
ပန်းခိုင်အသွယ်သွယ် သီကာကုံးလို့
တနေ့လုံး တညစခန်း
မထတမ်း မ၀တမ်း
ကဗျာ့ပန်း နန်းဆန်းဆန်
မန်းသံလွမ်းရန် တေးတွေနဲ့
ပျော်ဦးမယ်လေး။ ။
**(အမေဒေါ်အမာရဲ့မွေးနေ့ ၂၉၊ ၁၁၊ ၁၉၉၉၊၊အကြို)**
အမေ့သားတင်မိုး
**တင်မိုး**
(ကဗျာပေါင်းချုပ်၊ ၁ နိုဝင်ဘာလ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
No comments:
Post a Comment