ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, November 1, 2010

နိုင်ငံရေးလုပ်တယ်ဆိုတာ လွယ်တယ်ထင်သလား

> သင်္ကြန်ပြီးစ တစ်ရက်မှာ ကျောင်းသားဟောင်း သုံးလေးဦးရောက်လာပြီး ထူးထူးဆန်းန်းစကားဆိုပါတယ်။ ၂၀၁၀ ခုနှစ်မှာ ကျင်းပဖို့ ကြေညာထားတဲ့ ရွေးကောက်ပွဲအတွက် သူတို့ပါတီ ထူထောင်ပြီး ရွေးကောက်ပွဲ ၀င်မှာဖြစ်လို့ သူတို့ပါတီရဲ့ နာယကအဖြစ် တင်မြှောက်တာကို လက်ခံပေးပါဆိုတဲ့ စကားဖြစ်တယ်။ ကြားကြားချင်း အံ့အားသင့်သွားပေမယ့် နောက်တော့ ပြုံးလိုက်မိပါတယ်။

**နိုင်ငံရေးဆိုတာ**
နိုင်ငံရေးလုပ်တယ်ဆိုတာ လွယ်လွယ်လေးထင်မှတ်နေကြတာကိုးလို့ တွေးမိပြီး ပြုံးမိတာပါ။ သူတို့အားလုံးကို သင်တန်းလာတက်စဉ်ကတည်းက လက်ပွန်းတတီး ရှိခဲ့တာကြောင့် ကောင်းကောင်းကြီး ရင်းနှီးပါတယ်။ သင်တန်းမတက်ကြတော့တဲ့ အခါမှာ စီးပွားရေးနယ်ထဲ ရောက်သွားကြပေမယ့်လည်း။ ပညာဒါန ကိစ္စတွေမှာ အတူတူ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြတာကြောင့် သူတို့တစ်တွေမှာ စိတ်ကောင်းစေတနာရှိကြတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါပေမယ့်လို့ နိုင်ငံရေးလုပ်တယ်ဆိုတာက ပရဟိတလုပ်ငန်းလုပ်သလို စိတ်ကောင်းစေတနာတစ်ခုတည်းနဲ့ လုပ်လို့ရတာမဟုတ်ဘူးလေ။ စီးပွားကုန်သွယ်ရေးတို့ ဖွံ့ဖြိုးတိုးတက်ရေးတို့ စက်မှုလုပ်ငန်းတို့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတို့ဆိုတာတွေ နှံ့နှံ့စပ်စပ် လေ့လာသိရှိထားဖို့ လိုတယ်။ ဒါတင်မက နိုင်ငံတကာရေးရာတို့ တရားဥပဒေအရေးတို့ဆိုတာလည်း တီးမိခေါက်မိဖို့ လိုသေးတယ်။ ဒါတွေအားလုံးထက် ပိုပြီးအရေးကြီးတဲ့ အချက်ကတော့ အသင်းအပင်း အဖွဲ့အစည်းနဲ့ လုပ်တက်ကိုင်တတ်ဖို့ဖြစ်တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာက တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့ရတာမျိုးမဟုတ်ဘူး။ အဖွဲ့အစည်းနဲ့ စုစည်းပြီး လုပ်ရတာ ဖြစ်တယ်။ အဖွဲ့အစည်းဆိုတာ လူပေါင်းစုံ ပါဝင်နေတာ ဖြစ်တဲ့အတွက် လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတဲ့ စကားလို အတွေးအခေါ် အယူအဆ အမျိုးမျိုး၊ စရိုက်အမျိုးမျိုး အကြိုက်အမျိုးမျိုးတွေ ရောထွေးနေကြမှာပဲ ဖြစ်တယ်။

**အနည်းစုက အများစုကိုနာခံ**
မတူခြားနားတဲ့ အတွေးအခေါ် အယူအဆမျိုးစုံကြားမှာ ကိုယ့်အယူအဆကို လူအများလက်ခံအောင်လုပ်ဖို့ အင်မတန် ခက်သလို၊ အများစုရဲ့ အယူအဆကို ကိုယ်က လက်ခံနိုင်အောင် လုပ်ရတာလည်း အင်မတန်ကို မလွယ်ကူတဲ့ ကိစ္စဖြစ်တယ်။ အဖွဲ့အစည်းနဲ့ လုပ်တဲ့အခါမှာ ကိုယ်အယူအဆနဲ့ မတူလို့ မနာခံဘူး၊ လိုက်မလုပ်ဘူးလို့ နေလို့ မရဘူးလေ။ ကိုယ်နဲ့ မတူပေမယ့် အများစုရဲ့ ဆုံးဖြတ်မှုကို အနည်းစုက နာခံရတာဟာ ဒီမိုကရေစီ ကျင့်စဉ်ဖြစ်တယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ မိမိယုံကြည်ရာဝါဒ သဘောတရားတွေကို အသင်းအပင်း အဖွဲ့အစည်းနဲ့ စုပေါင်း လုပ်ကြတာဖြစ်တယ်။ ဒီအတွက် ၀ါဒသဘောတရားတွေကို ကောင်းကောင်း နားလည်ဖို့လိုသလို အသင်းအပင်း အဖွဲ့အစည်းနဲ့ လုပ်ပုံလုပ်နည်းတွေကိုလည်း သဘောပေါက်နားလည်ထားဖို့ လိုပါတယ်။ စံနစ်တက လေ့လာသင်ယူမှု မပြုဘဲနဲ့တော့ လုပ်နိုင်ဖို့ မလွယ်ပါဘူး။ အဲဒါကြောင့်လည်း နိုင်ငံရေးသိပ္ပံ ကို ပညာရပ်တစ်အဖြစ် လေ့လာသင်ယူနောကြရတာ ဖြစ်တယ်။ ကျောင်းတွေမှာ မသင်ခဲ့ရရင်တောင် ကိုယ်တိုင် လေ့လာအားထုတ်မှုတော့ အများကြီးပြုထားမှ ဖြစ်ပါလိမ့်မယ်။ ဘာလေ့လာမှုမှမရှိဘဲနဲ့ ပါတိတစ်ခုဝင်လိုက်တာနဲ့ နိုင်ငံရေးသမား ဖြစ်သွားနိုင်တာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျောင်းသားဟောင်းတွေ ပါတီထောင်မယ်ဆိုတာကို ပြုံးမိတာဖြစ်တယ်။

**သတင်းသမားအစွဲမထား**
သူတို့ပါတီမှာ နာယက တင်မြှောက်ပါရစေဆိုကိုတော့ အပြတ်ငြင်းလိုက်ပါတယ်။ သူတို့ပါတီ ထောင်မှာကို မကန့်ကွက်ပါဘူး။ တတ်နိုင်တာရှိရင်လည်း ဘေးက ကူပါမယ်။ ဒါပေမယ့် ပါတီနာယက မဆိုထားနဲ့ ပါတီဝင်တောင် မလုပ်ပါရစေနဲ့လို့ ပြောလိုက်ရပါတယ်။ ဘာ့ကြောင့်လဲ၊ ဆရာတို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ မေးခွန်းတွေ တစ်ယောက်ပြီးတစ်ယောက် ကျွတ်ကျွတ်ညံအောင် မေးကြတာပေါ့။ တစ်သက်လုံး သတင်းစာသမားလုပ်လာခဲ့တာ ဖြစ်သလို မသေမချင်းလည်း သတင်းစာသမားပဲ လုပ်နေမှာမို့ ဘယ်ပါတီမှ ၀င်လို့ မဖြစ်ပါဘူးလို့ ဖြေလိုက်ပြီး သတင်းမီဒီယာသမားဆိုတာ ကိုယ်ပိုင်ယုံကြည်ချက်ကို စိတ်ထဲမှာပဲထားပြီး၊ အလုပ်ထဲမှာ ပါတီစွဲ၊ ၀ါဒစွဲ မထားရတဲ့အကြောင်း ရှင်းပြရပါတယ်။ သူတို့ကို ရှင်းပြရင်းနဲ့ စိတ်က အတိတ်ကို ပြန်ရောက်သွားပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အတူတကွ လုပ်ခဲ့ကိုင်ခဲ့ကြတဲ့ စာရေးဆရာ၊ သတင်းစာဆရာတွေ အကုန်လောက်နီးပါး ပါတီတွေ ထောက်ကြ၊ ပါတီဝင်တွေလုပ်ကြ ဖြစ်ကုန်ကြပါတယ်။ အဲဒီတုန်းကလည်း ပါတီဝင်ဖို့ ၀ိုင်းပြောခဲ့ကြလို့ ငြင်းခဲ့ရတာပါပဲ။ လွတ်လပ်တဲ့သတင်းသမား ပဲ ဆက်လုပ်ချင်လို့ပါဆိုပြီး ငြင်းခဲ့တာပါ။

**ရေးသင့်ရေးထိုက်တာရေးမှာပဲ**
အဲဒီလိုငြင်းတော့ ရင်းနှီးတဲ့မိတ်ဆွေတချို့က နောက်ပြောင်ပြီး ကျုပ်တို့ အစိုးရဖြစ်ရင်ရော ၀င်မပါဘူးလား လို့ ပြောကြတယ်။ အဲဒီတော့… ခင်ဗျားတို့ အစိုးရဖြစ်ရင် ကျုပ်တို့ကိုတော့ အင်္ဂလိပ်ခေတ်ကလို ဘီကလပ်လေးတော့ ပေးပါဗျာ လို့ ပြန်ဖြေလိုက်ပါတယ်။ မိတ်ဆွေတွေ အစိုးရဖြစ်သွားလည်း ကိုယ်တိုင်ကတော့ သတင်းစာသမားပဲ လုပ်ပြီး ရေးသင့်ရေးထိုက်တာ မှန်သမျှ ရေးမှာပဲလေ။ ရေးသင့်ရေးထိုက်လို့ ရေးတာတွေကို အရေထူထူနဲ့ ခံနိုင်ရည်ရှိတဲ့ အစိုးရဆိုတာ ဘယ်မှာရှိတာမှတ်လို့၊ ဒီတော့ ဒီမိုကရေစီ အစိုးရလက်ထက်လည်း သတင်းသမားကတော့ ထောင်ထဲရောက်မှာပဲ။ ဦးကြီး ဆရာကြီး ရွှေဥဒေါင်းတို့ ဦးလေး လူထုဦးလှတို့ ဆရာဗန်းမော်တင်အောင် တို့လို သတင်းစာဆရာ စာရေးဆရာကြီးတွေကို ထောင်ထဲပို့ခဲ့တာ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း ဗိုလ်ခင်မောင်ကလေးတို့ရဲ့ ဖဆပလ ဒီမိုကရေစီအစိုးရပဲလေ။ သတင်းသမားကတော့ ဘယ်ခေတ်ရောက်ရောက် မှန်တာရေးမှာပဲ။ ဒီတော့ ထောင်ထဲ ရောက်ကြမှာပဲ။ ဒါကြောင့် ဘီကလပ်လေးတော့ ပေးပါလို့ မိတ်ဆွေများကို ကြိုပြောထားရတာ။

**လူငယ်တွေသာလုပ်နိုင်တယ်**
ပါတီထောင်မယ်ဆိုတဲ့ တပည့်တွေတော့ တော်တော်စိတ်ပျက်သွားကြပုံ ရပါတယ်။ ကျနော်တို့က ဆရာ့အားကိုးပြီးလုပ်ကြတာလို့ ၀မ်းနည်းစကား ဆိုပါတယ်။ ထုံးစံအတိုင်းပဲ ဘယ်သူ့မှ အားမကိုးဘဲ ကိုယ့်အားကိုကိုး၊ ကိုယ့်ခြေထောက်အားမာန်၊ ဇွဲသတ္တိနဲ့ ခေတ်ပညာတွေကသာ ခေတ်ကြီးကို ပြောင်းပစ်နိုင်တာ မဟုတ်လား။ နောက်ပြီးတော့ မှန်တာပြောရရင် ကျနော်တို့ အသုံးမကျလို့သာ တိုင်းပြည်ကြီး ရေစုန်မျောခဲ့ရတာ ဖြစ်တယ်။ မြန်မာပြည်လောက် သယံဇာတတွေ ချမ်းသာကြွယ်ဝနိုင်တဲ့နိုင်ငံ ကမ္ဘာမှာတောင် ဘယ်လောက်များများစားစား ရှိလို့လဲ။ ဒီလိုနိုင်ငံမျိုးကိုတောင် တိုးတက်အောင် မလုပ်နိုင်တာ ကျနော်တို့ ညံ့လို့ပဲ။ ဒါကိုငြင်းလို့ မရဘူး။ အခုခေတ် လူငယ်တွေကျမှပဲ ရွှေပြည်ကြီးကိုရောက်အောင် ကျနော်တို့ အားလုံးကို ခေါ်ဆောင်နိုင်လိမ့်မယ်လို့ အကြွင်းမဲ့ ယုံကြည်ထားပါတယ်။

**လူထုဦးစိန်ဝင်း**
(လူထုရနံ့စာစုများမှ၊ ၁၁- ၈- ၂၀၀၉)

သင်္ကြန်ပြီးစ တစ်ရက်မှာ ကျောင်းသားဟောင်း သုံးလေးဦးရောက်လာပြီး ထူးထူးဆန်းန်းစကားဆိုပါတယ်။ ၂၀၁၀ ခုနှစ်မှာ ကျင်းပဖို့ ကြေညာထားတဲ့ ရွေးကောက်ပွဲအတွက် သူတို့ပါတီ ထူထောင်ပြီး ရွေးကောက်ပွဲ ၀င်မှာဖြစ်လို့ သူတို့ပါတီရဲ့ နာယကအဖြစ် တင်မြှောက်တာကို လက်ခံပေးပါဆိုတဲ့ စကားဖြစ်တယ်။ ကြားကြားချင်း အံ့အားသင့်သွားပေမယ့် နောက်တော့ ပြုံးလိုက်မိပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)