အဓိက ရန်သူဖြစ်လာခဲ့တယ်။ ရှေးဟောင်း ဂရိမြို့ပြနိုင်ငံတော်တွေမှာ စိတ်ဝင်စားစရာအကောင်းဆုံး စစ်သည်တော်တွေက စပါတာလို့ ခေါ်တဲ့
တိုက်ခိုက်ရေးသမားတွေဖြစ်တယ်။ သူတို့ရဲ့ လူမှုအဆောက်အဦ နဲ့ စစ်ရေးစွမ်းအင်တွေက စံနစ်ကျတယ်။ စစ်ရေးလေ့ကျင်မှုတွေကို အာရုံစိုက်ပြီး တည်ဆောက်လေ့ရှိတယ်။
စပါတာတွေရဲ့ သတ္တိရှိထူးချွန်ထက်မြက်မှု၊ နိုင်ငံရေးအတွေးအခေါ်တွေကို အနောက်နိုင်ငံ ရဲ့ နိုင်ငံရေးသိပ္ပံ၊ သမိုင်းပညာရပ်တွေမှာ လေးလေးနက်နက်သင်ကြားလေ့ရှိကြတယ်။
ဂရိ နိုင်ငံရဲ့စပါတာစစ်သည်တွေလိုပဲ လူမည်းစပါတာများ လို့ အမည်တွင်တဲ့ တိုက်ခိုက်ရေးသမားကို အနောက်အာဖရိက ဘန်နင်နိုင်ငံ မှာ တွေ့ရတယ်။
နိုင်ငံငယ်ပေမဲ့ ဘန်နင်နိုင်ငံရဲ့ အဖြစ်အပျက်တွေ၊ နိုင်ငံရေးအတွေးအခေါ်တွေက အိမ်နီးချင်းနိုင်ငံတွေဆီအထိ ရိုက်ခပ်ခဲ့ဘူးတယ်။
“အုပ်ချုပ်သူဟာ တရားမျှတမှုမရှိတော့ဘူး။ ပြည်သူလူထုစားဝတ်နေရေးကို ဦးမဆောင်နိုင်တော့ဘူး” လို့ ထင်မြင်ယူဆလာတဲ့အခါ
ကိုယ့်ဘာသာ အမျိုးသားညီလာခံခေါ်၊ အာဏာရလူတန်းစားကိုဖြုတ်ချပစ်လိုက်တဲ့ လှုပ်ရှားမှုတွေကိုစတင်ခဲ့ကြဘူးတယ်။
သူတို့ရဲ့ သတ္တိရှိမှု၊ ထက်မြက်မှုတွေကို အတုယူပြီး ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံ၊ နိုက်ဂျီးရီးယား၊ တိုဂို အပါအဝင်
အိမ်နီးချင်းအာဖရိကန်နိုင်ငံ( ၇) နိုင်ငံတွေထဲမှာ ရုန်းကြွတော်လှန်မှုတွေ ပေါ်ပေါက်လာခဲ့ဘူးတယ်။
ဘန်နင် နိုင်ငံ ( Benin) ဆိုတာ တချိန်တုန်းက ဒါဟိုမီ အင်ပါယာဖြစ်တယ်။ အတ္တလန်တစ်ပင်လယ်တလျှောက်၊ ကျွန်ကုန်ကူးခြင်းကိုလုပ်ကိုင်ခဲ့တယ်။
ပြင်သစ်ကိုလိုနီဖြစ်ခဲ့ပြီး ၁၉၆၀ ကာလမှာ လွတ်လပ်ရေးရခဲ့တယ်။ စစ်အေးတိုက်ပွဲ ရဲ့ဓါးစားခံအဖြစ်၊ အာဖရိကဟာ ပြည်တွင်းစစ်တွေကို
ရင်ဆိုင်ဖြတ်သန်းလိုက်ရတယ်။ ၁၉၇၂ မှာတော့ စစ်ခေါင်းဆောင် “ကယ်ရီကော” က အာဏာသိမ်းယူလိုက်ပြီး၊ မာ့က်စ်၊လီနင် ဝါဒ ကို လက်ခံကျင့်သုံးမဲ့ ကွန်မြူနစ်နိုင်ငံတခုဖြစ်လာခဲ့တယ်။
ဘာလင်တံတိုင်းပြိုကျသွားတဲ့ ၁၉၈၉ ကာလတွေကစပြီး တပါတီအာဏာရှင်လက်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှုတွေစတင်ခဲ့ကြတယ်။
ဒီတပတ်လွတ်လပ်တဲ့အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ ဘန်နင်နိုင်ငံရဲ့ ၁၉၈၉ -၉၀ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို တင်ပြဆွေးနွေးထားပါတယ်။
**သောတရှင်များခင်ဗျား**
ရှေးဟောင်းဂရိမြို့ပြနိုင်ငံတော်ခေတ်ကာလတုန်းက စပါတာ လို့ခေါ်တဲ့ တိုက်ခိုက်ရေးသမားတွေအကြောင်းကြားဖူးမိကြပါလိမ့်မယ်။
စစ်မက်ရေးရာမှာထူးချွန်ထက်မြက်၊ သတ္တိရှိမှုတွေကြောင့် သူတို့ဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ သူတို့လိုပဲ ထူးချွန်ထက်မြက်တဲ့ စပါတာလူမည်းတွေကိုတော့
အာဖရိကအနောက်ခြမ်း၊ ဘင်နင် နိုင်ငံမှာတွေ့ရှိနိုင်ပါတယ်။ ဘန်နင်နိုင်ငံဟာ ပြင်သစ်ဆီကလွတ်လပ်ရေးရခဲ့ပြီး၊သမ္မတ သုံးယောက် က အလှည့်ကျအုပ်ချုပ်မဲ့
ကောင်စီစံနစ်ကို ကျင့်သုံးဖို့ ကြိုးစားခဲ့ဘူးပါတယ်။ ဒါပေမဲ့ ၁၉၇၂ မှာတော့ စစ်ခေါင်းဆောင် ကယ်ရီကော (Kerekou) က
အာဏာသိမ်းယူလိုက်ပြီး တော်လှန်ရေးကောင်စီကိုဖွဲ့စည်းလိုက်ပါတယ်။ Kerekou က “ ကျနော်တို့တိုင်းပြည်ဟာ နိုင်ငံခြားကအတွေးအခေါ်တွေကို
ဝန်ထုပ်ဝန်ပိုးတခုလို ပုံတူကူးချ ထမ်းပိုးထားမဲ့နိုင်ငံတခုမဟုတ်ဘူး။ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ နဲ့ အရင်းရှင်စံနစ်တွေကို မလိုချင်ဘူး။
ကျနော်တို့မှာ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့လူမှုရေးစံနစ်တွေရှိတယ်” ဆိုပြီး အမျိုးသားရေးဝါဒီ အဖြစ်ကြွေးကြော်ခဲ့တယ်။
ဒါပေမဲ့ နောက်တလအကြာမှာတော့ မာ့က်စ်-လီနင်ဝါဒ ကို လက်ခံကျင့်သုံးမဲ့နိုင်ငံတခုအဖြစ်အသိပေးလိုက်ပြန်တယ်။
ဒါဟိုမီ နိုင်ငံရဲ့နာမည်ကို ဘန်နင်ပြည်သူ့သမ္မတနိုင်ငံအဖြစ်ပြောင်းလဲခေါ်ဆိုလိုက်တယ်။
ဘဏ်လုပ်ငန်းနဲ့ရေနံစက်မှုလုပ်ငန်းတွေအားလုံးကိုပြည်သူပိုင်သိမ်းယူလိုက်တယ်။
“ဆင်းရဲငတ်ပြတ်မှုဆိုတာ သေဆုံးမှုမဟုတ်သေးဘူး”လို့ ဘန်နင် စစ်ခေါင်းဆောင်ကကြွေးကြော်ခဲ့ပါတယ်။
ပညာရေးစံနစ်တွေကိုလည်း ပြုပြင်ပြောင်းလဲဖို့လုပ်ခဲ့ပါတယ်။သူ့ရဲ့အစိုးရက နေရာတိုင်းမှာဝင်ရောက် လွှမ်းမိုးပြီး စီမံကွပ်ကဲနေမှုတွေဟာ
အကောင်းဖက်ကိုရောက်လာနိုင်တယ်လို့ ပြည်သူတွေက အစပထမပိုင်းမှာ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခြစားမှုတွေ က များပြားလွန်းသလို၊
အစိုးရစီမံကိန်းတွေကလည်းထိရောက်မှုမရှိခဲ့ပါဘူး။ ၁၉၇၉ မှာတော့ စစ်ခေါင်းဆောင် Kerekou ဟာ သူ့ရဲ့ တော်လှန်ရေးကောင်စီ ကို ဖျက်သိမ်းလိုက်ပြီး၊
ဟန်ပြရွေးကောက်ပွဲတခုကိုကျင်းပဖို့ပြင်ဆင်လိုက်ပါတယ်။ အဲ့ဒီရွေးကောက်ပွဲမှာ အရည်အချင်းမှီတဲ့
ကိုယ်စားလှယ်ဟာ သူတယောက်တည်းပဲဖြစ်နေခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ သူပဲအနိုင်ရခဲ့ပါတယ်။ “ ပြည်သူ့တော်လှန်ပါတီ” ဟာ
နိုင်ငံတော်ရဲ့ကိစ္စအဝဝကိုထိန်းချုပ်ညွှန်ကြားလာခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေဟာ တဖြည်းဖြည်းယိုယွင်းပျက်စီးနေပါပြီ။
ကျောင်းဆရာတွေအပါအဝင်၊နိုင်ငံတွင်းမှာရှိတဲ့ကျွမ်းကျင်ပညာတတ်အများအပြားဟာ တိုင်းပြည်ကိုစွန့်ခွာထွက်ပြေးသွားခဲ့ကြပါတော့တယ်။
“ စစ်ခေါင်းဆောင် Kerekou က ၁၉၇၉ မှာ အစ္စလာမ်ဘာသာဝင်အဖြစ်ပြောင်းလဲခဲ့တယ်။ အာမက် ဆိုတဲ့မွတ်စလင်နာမည်ကိုထည့်သွင်း
ပြောင်းလဲခဲ့တယ်။ သိတ်မကြာပြန်ဘူး။ ခရစ်ယာန်တယောက်အဖြစ်ပြန်လည်မွေးဖွားခဲ့ပြီ လို့ ဆိုလိုက်ပြန်တယ်၊
သူ့ကိုဝေဖန်တဲ့လုပ်ဖေါ်ကိုင်ဘက် ကွန်မြူနစ်ခေါင်းဆောင်တွေကိုလည်းဖမ်းဆီးခဲ့တယ်။”
ဒါပေမဲ့ စီးပွားရေးပျက်စီးမှုတွေရဲ့ ဂယက်ကြောင့်ဖြစ်ပေါ်နေတဲ့ မငြိမ်သက်မှုတွေဟာ သူ့ရဲ့ စစ်တပ် အတွင်းထဲကိုလည်း ရိုက်ခပ်နေပြီဆိုတာကို
Kerekou တယောက် သဘောပေါက်နေခဲ့ပါတယ်။ စစ်သားတွေအတွက် စားနပ်ရိက္ခာ၊ငွေကြေးထောက်ပံ့မှုတွေ လုံလောက်မှုမရှိတာကြောင့်၊
၁၉၈၀ ကာလတခုလုံးဟာ တပ်တွင်း မကျေနပ်မှုတွေ၊ အဓိကရုဏ်းတွေ နဲ့ ပြည့်နှက်နေခဲ့ပါတယ်။
“ အခြေခံလူတန်းစားတွေရဲ့ခံစားမှုတွေက ကူးစက်သွားခဲ့တယ်။ စားဝတ်နေရေးအတွက် ဘယ်လိုမှရှင်သန်လို့မရတော့တဲ့အခါ၊
ကိုတိုနော၊ကော်တိုနိုဗို မြို့တော်မှာ ရှိတဲ့အထက်တန်းကျောင်းဆရာ၊ဆရာမတွေက စတင်ပြီး အစိုးရကို ကန့်ကွက်ဆန္ဒပြကြတော့တယ်။
သိတ်မကြာဘူး။ တက္ကသိုလ်ကျောင်းသားတွေဦးဆောင်တဲ့ကျောင်းသားလှုပ်ရှားမှုတွေက မြို့အသီးသီးမှာပေါ်ပေါက်လာခဲ့သလို၊
အလုပ်သမားတွေကလည်း လွတ်လပ်တဲ့အလုပ်သမားသမဂ္ဂပေါ်ပေါက်ရေးအတွက် သွေးစည်းညီညွတ်ကြဖို့ လှုံ့ဆော်တဲ့ စာရွက်တွေက
ပလူပျံနေခဲ့တယ်။ နောက်ဆုံးမှာတော့ ဝန်ကြီးဋ္ဌာန (၁၆) ခုအနက် (၁၃)ခုဟာ သပိတ်မှောက်သူတွေနဲ့ပူးပေါင်းပါဝင်လာခဲ့ကြတော့တယ်။
Kerekou ရဲ့ စစ်တပ်ကလည်း ဆန္ဒပြပွဲတွေကို သွေးထွက်သံယိုမှုများစွာနဲ့တုန့်ပြန်ချေမှုန်းခဲ့တယ်။ အကျဉ်းစခန်းတွေထဲမှာ နှိပ်စက်ခံနေရတဲ့
သူတွေအကြောင်းကိုလည်းနားနဲ့မဆန့်အောင်ကြားနေခဲ့ကြရတယ်။
ဒါပေမဲ့ ၁၉၈၈-၈၉ ခုနှစ်မှာ၊ ဘင်နင်အစိုးရအုပ်ချုပ်မှုကိုပြည်သူတွေက ဘယ်လိုမှလက်မခံကြတော့ဘူးလေ”
ဂျာမဏီနိုင်ငံကိုပိုင်းခြားပိတ်ဆို့ထားတဲ့ ဘာလင်တံတိုင်းပြိုကျသွားတဲ့အဖြစ်အပျက်ကိုမြင်လိုက်ရတဲ့အခါမှာတော့ ဘန်နင်စစ်ခေါင်းဆောင်
Kerekou ဟာ သူ့ရဲ့နိုင်ငံကိုအမြန်ဆုံးပြောင်းလဲပစ်ဖို့ကြံစည်လိုက်ပါတယ်။ အစိုးရပိုင်စက်ရုံအများအပြားကိုပိတ်ပစ်လိုက်ပြီး
IMF ရဲ့ ပြန်လည်တည်ဆောက်ရေးအစီအစဉ်တွေကိုလက်ခံခဲ့ပါတယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို ကမ်းလှမ်းခဲ့ပါတယ်။
ပါလီမန်ရွေးကောက်ပွဲကိုကျင်းပပေးခဲ့ပြီး သမ္မတသုံးယောက် က ပူးတွဲအုပ်ချုပ်မဲ့ စံနစ်ကိုဖေါ်ဆောင်ဖို့ကြိုးစားလိုက်ပါတယ်။
ဖမ်းဆီးထားတဲ့အထင်ကရနိုင်ငံရေးသမားတွေ အပါအဝင် အကျဉ်းသား (၁၀၀) ကျော် ကို လွှတ်ပေးခဲ့တယ်။
“ သူကဘယ်လိုပဲ ပြုပြင်ပြောင်းလဲရေးလုပ်မယ်ပြောနေနေ၊ သူ့အသံကိုကြားလိုက်ရတဲ့အခါ၊ ဆန္ဒပြသူတွေကို ပိုပြီးလှုံ့ဆော်
ပေးလိုက်သလိုမျိုးဖြစ်နေတယ်။ တိုင်းပြည်ကိုဘယ်လိုမှထိန်းလို့မရ တော့တဲ့အခါ၊ ဒီဇင်ဘာ(၇)ရက်မှာအစိုးရက ပေါလစ်ဗျူရိုအစည်းအဝေး
ကျင်းပတယ်။ ကွန်မြူနစ်ဝါဒ ကို စွန့်လွှတ် လိုက်ပြီး ပါတီစုံစံနစ်သွားမယ်။ပြည်သူတွေရဲ့အခြေခံလွတ်လပ်မှုတွေကို အာမခံမှုရှိစေမဲ့
အခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲမယ်။ စီးပွားရေးလွတ်လပ်ခွင့်တွေကို ခွင့်ပြုမယ် လို့ ကြေငြာခဲ့တယ်။
**သောတရှင်များခင်ဗျား**
၁၉၉၀ နှစ်စပိုင်းမှာတော့ ဘန်နင်နိုင်ငံလုံးဆိုင်ရာအမျိုးသားညီလာခံကိုခေါ်ယူကျင်းပပြီးတိုင်းပြည် အနာဂတ်အတွက်ဆွေးနွေးကြပါတယ်။
ကိုယ်စားလှယ် ၄၉၃ ယောက်တက်ရောက်ဆွေးနွေးကြတဲ့ညီလာခံမှာ အများစုက Kerekou ရဲ့ဦးဆောင်မှုကိုအလိုမရှိတော့ပါဘူး။
Kereou ကလည်း အလုပ်သမားအဖွဲ့တွေရဲ့ရုံးတွေ၊ နိုင်ငံရေးခေါင်းဆောင်တချို့ရဲ့ အိမ်တွေဆီကိုတင့်ကားတွေစေလွှတ်ပြီး
ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၁ ရွေးကောက်ပွဲကျင်းပပေးတဲ့အခါ၊ ရွေးကောက်ပွဲမှာ ရှုံးနှိမ့်ခဲ့ပါတော့တယ်။
သူ့ရဲ့စစ်သားတွေကအစ သူ့ဘက်မှာမရှိတော့ပါဘူး။ တကယ်တော့ အတိုက်အခံခေါင်းဆောင်တွေဟာ သူတို့ရဲ့အတွေးအခေါ်တွေ
လွှမ်းမိုးအနိုင်ရမဲ့အမျိုးသားညီလာခံတခုအဖြစ်ပြောင်းလဲပစ်နိုင်ခဲ့လို့သာ ဒီအခြေအနေကိုရောက်ခဲ့ခြင်းဖြစ်ပါတယ်။
သောတရှင်တို့လည်း လူထုအခွင့်အရေးကိုအစစ်အမှန်ကိုယ်စားပြုမဲ့ညီလာခံနဲ့ အခြေခံဥပဒေကိုရေးဆွဲနိုင်ကြပါစေ။
**အောင်မိုးဝင်း**
အာဖရိက၊ လက်တင်အမေရိက နိုင်ငံတွေဟာလည်း အရှေ့ဥရောပနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးလှိုင်းတွေလိုပဲ။
၁၉၉၀- ၂၀၀၅ ခုနှစ်တွေ မှာ လစ်ဘရယ်ဒီမိုကရေစီလှိုင်းတွေအနိုင်ရခဲ့ပေမဲ့ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ လက်ဝဲဝါဒီဟောင်းတွေ
ပြန်လည်အာဏာရလာခဲ့တယ်။ အဲ့ဒီအကြောင်းအရာတွေကိုတော့ “လစ်ဘရယ်ဒီမိုကရေစီလှိုင်းများပြီးတဲ့နောက်---” စီးရီးမှာ
ဆက်လက်ရေးသား သွားပါမယ်။
“ပယ်လိုပွန်နီးရှားစစ်ပွဲ” တခုအကြောင်းကို ပြောခဲ့ဘူးတယ်။ ဂရိ နဲ့ အေသင် ကြားမှာ ဖြစ်ပွားခဲ့တဲ့စစ်ပွဲ၊ ဘီစီ ၄၃၁ မှာ အေသင်ဟာ ဂရိ ရဲ့

No comments:
Post a Comment