ဘယ်ကလာသလဲလို့ မေးခဲ့ဖူးတယ်။“အာဏာရှင်တွေ၊ဘုရင်တွေကို တော်လှန်နိုင်လို့
အဲဒီကနေ ဒီမိုကရေစီဆိုတာ လာတာလို့ ဖေဖေက
ဖြေရှာပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပါ။
ဒီနှစ် 2010 နှစ်ဦးပိုင်း Seminar တစ်ခုမှာ
ပုဂ္ဂိုလ်တစ်ယောက်က အင်ဒိုနီးရှားမှာ စစ်တပ်နဲ့ အရပ်ဘက်
ပူးတွဲဒီမိုကရေစီစနစ် အကြောင်း ဗဟုသုတ အနေနဲ့ ပြောပြပါတယ်။
အင်ဒိုနီးရှားမှာ အဆင်ပြေပါတယ် လို့ အဆိုပါ ပုဂ္ဂိုလ်က ထပ်ပြောရှာပါတယ်။
ဆွေးနွေးချိန်အရောက်မှာ“Why do we need military role??” လို့
ကျွန်တော်သူ့ကို မေးခွန်းထုတ်ခဲ့ပါတယ်။“military က strong တယ်လေလို့ပဲ
သူဖြေရှာတယ်။ ဘယ်လို Strong တယ်ဆိုတာ သူ သေချာမရှင်းပြခဲ့ဘူး။
အခုလို ရွေးကောက်ပွဲအကြိုမှာ ကျွန်တော်တို့ ပြည်တွင်းက
ဂျာနယ်တစ်ချို့ရဲ့ အာဘော်မှာကော၊ပါတီတွေရဲ့ အင်တာဗျူးတွေမှာကော
တပ်မတော်လက်မခံသည့် အပြောင်းအလဲ လုံးဝ မဖြစ်နိုင်တဲ့အကြောင်းကို
ခဏခဏဖော်ပြ ပြောဆိုထားတာတွေကို ဖတ်ရတဲ့အခါ ကျွန်တော့ရှေ့က နံရံကို
ခေါင်းနဲ့ဆောင့်ခဲ့သူများ(၀ါ) လက်နက်မဲ့ တော်လှန်ရေးသမားများကို သတိတယ
ဖြစ်မိပါရဲ့။
တပ်မတော်လက်မခံသည့် အပြောင်းအလဲ မဖြစ်နိုင်လို့
တပ်မတော်လက်ခံနိုင်တဲ့ အပြောင်းအလဲရှာဖွေဖို့ ကြိုးစားကြသူတွေကို
ကြည့်ရင်း ကျွန်တော်တို့ဗမာပြည်မှာ ယူနီဖောင်းမြင်ရင် ကြောက်နေတတ်တဲ့စိတ်
အများပြည်သူမှာ ရှိတယ်ဆိုတာ အရင်ဆုံးဝန်ခံကြတာပေါ့။
တပ်မတော်တင်မကပါဘူး၊အရံမီးသတ်တောင် ယူနီဖောင်းအပြည့်နဲ့ဆိုရင်
အများပြည်သူကို ကြည့်တဲ့ သူတို့အကြည့်က ကျောချမ်းစရာကောင်းပါတယ်။
တပ်မတော်ကိုကြောက်ရတဲ့ ဗမာပြည်၊ တပ်မတော်ကို အမြဲတမ်း ဦးထိပ်ထားရတဲ့
ဗမာပြည်သူတွေဟာ ကြောက်ကြောက်နဲ့ပဲ ဆဲဗင်း ဇူလိုင် အရေးအခင်း၊
ဦးသန့်အရေးအခင်း၊ ရှစ်လေးလုံး အရေးအခင်း တွေကို ဖော်ဆောင်ခဲ့ပါသလား။
ကျွန်တော်တို့ ကြောက်ကြောက်နဲ့ တော်လှန်ရေးလုပ်ခဲ့တာလို့ သမိုင်းကို
ရေးကြမလားဆိုတာ ဒီမိုကရေစီအင်အားစုတွေကို အခုမေးနေကြပါပြီ။
ရွေးကောက်ပွဲဝင်၊မ၀င် ဆိုတာထက် ဘာစိတ်နဲ့ တော်လှန်ရေးလုပ်ခဲ့သလဲ ဆိုတာကို
အခုအချိန်မှာ မေးခွန်းထုတ်ခံနေရပါပြီ။
ကျွန်တော့်ရှေ့က နံရံကို ခေါင်းနဲ့ဆောင့်ခဲ့သူများ (၀ါ)
လက်နက်မဲ့ တော်လှန်ရေးသမားတွေကို ဒီအချိန်မှာ သတိတယ ဖြစ်မိပါရဲ့......
“ဖောက်ပြန်တဲ့ အစိုးရ ရှိနေသရွေ့ တော်လှန်တဲ့ ပြည်သူတွေလဲ ရှိနေအုံးမှာပါ”
**Salai Mang Bawi Hmung**
ကျွန်တော် ၁၀တန်းကျောင်းသားဘ၀က အဖေ့ကို ဒီမိုကရေစီဆိုတာ

No comments:
Post a Comment