တက္ကသိုလ်ကြီးတစ်ခုမှ အဆောင်မှူးတစ်ယောက်အား သူ့အဆောင်က ကျောင်းသားတစ်ယောက်ဖြစ်သူ ဂျွန်သည် အရက်ကို အလွန်အကျွံသောက်နေသည်ဟု တိုင်လိုက်ကြ၏။ ထို့ကြောင့် တိုင်လိုက်သည့်နေ့မှစ၍ သူ့ကို မျက်ခြည်မပြတ်စောင့်ကြည့်လာခဲ့၏။ နံနက်ခင်းတစ်ခုတွင် သူစာသင်သွားစဉ် လမ်း၌ ဂျွန်နှင့်တွေ့သဖြင့်….
`ဟေ့ကောင်… မင်း အရက်သောက်လာသလား´ဟု မေးလိုက်သဖြင့် ဂျွန်က ပြန်ဖြေလိုက်သည်မှာကား….
`ဟာ… ဆရာကလည်း မနက်အစောကြီးရှိသေးတာကိုး၊ ဒီအချိန်မှာ မသောက်ပါဘူး ဆရာရဲ့´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောကဟာသများမှ)
**(အရက်သမားလောကဟာသများ)**

No comments:
Post a Comment