`မစ်ချဲအိုဂရက်ဒီရဲ့ဂူကိုး၊ သူငယ်ချင်းတို့… လောကမှာ အမှည့်လွန်တဲ့အထိနေသွားတဲ့ အဘိုးကြီးပဲ၊ ကြည့်စမ်းပါဦး၊ အသက်ရှစ်ဆယ့်ခုနစ်နှစ်တဲ့´
ဒုတိယအရက်သမားက `မင်းဟာက ဘာဟုတ်သေးလို့လဲ၊ ဒီမှာ ဂျက်ကင်ဇိုတဲ့၊ အသက်ကိုးဆယ်ရှစ်နှစ်တွင်´ကွယ်လွန်သည်တဲ့။ ဒီဟာကမှ ဘိုးသက်ရှည်ကြီးကွ´
တတိယအရက်သမားကလည်း သူ့အနားမှဂူကို လှည့်ကြည့်လိုက်ရာ အသက်နေရာတွင် နံပါတ်တစ်ခုကို လှည့်ကြည့်ပြီး…
`ဟေ့ ကောင်တွေ… မင်းတို့တွေ့တာတွေ ဘိုးသက်ရှည်လုပ်မနေနဲ့၊ မင်းတို့ပြောတာတွေလောက်တော့ ပျင်းတောင်ပျင်းသေးတယ်၊ ဒီမှာမှ ဘိုးသက်ရှည်အစစ်ကြီးကွ၊ တစ်ရာလေးဆယ့်ငါးတဲ့´
`ဟာ… ဟုတ်ရဲ့လား၊ ဘယ်သူများပါလိမ့်၊ နာမည်ကိုပဲ ဖတ်စမ်းပါဦးကွာ´ဟု ပြောလိုက်သဖြင့် တတိယအရက်သမားက အုတ်ဂူကို မျက်နှာကပ်ကာ အသံထွက်၍ ဖတ်လိုက်သည်မှာကား…
`ဒပ်ဘလင်မြို့သို့´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောကဟာသများမှ)
အရက်သမားသူငယ်ချင်း ၃ ယောက်တို့သည် ညဥ့်နက်သန်းခေါင်မှ အရက်ဆိုင်မှထွက်ပြီး ဒယီးဒယိုင်ဖြင့် လျှောက်လာကြသည်။ သူတို့သည် သင်္ချိုင်းတစ်ခုကို ဖြတ်သန်းလာခဲ့ကြ၏။ ပထမ အရက်သမားက အုတ်ဂူတစ်ခုပေါ်မှ စာကို ဖတ်ပြီး…
`မစ်ချဲအိုဂရက်ဒီရဲ့ဂူကိုး၊ သူငယ်ချင်းတို့… လောကမှာ အမှည့်လွန်တဲ့အထိနေသွားတဲ့ အဘိုးကြီးပဲ၊ ကြည့်စမ်းပါဦး၊ အသက်ရှစ်ဆယ့်ခုနစ်နှစ်တဲ့´
ဒုတိယအရက်သမားက `မင်းဟာက ဘာဟုတ်သေးလို့လဲ၊ ဒီမှာ ဂျက်ကင်ဇိုတဲ့၊ အသက်ကိုးဆယ်ရှစ်နှစ်တွင်´ကွယ်လွန်သည်တဲ့။ ဒီဟာကမှ ဘိုးသက်ရှည်ကြီးကွ´
တတိယအရက်သမားကလည်း သူ့အနားမှဂူကို လှည့်ကြည့်လိုက်ရာ အသက်နေရာတွင် နံပါတ်တစ်ခုကို လှည့်ကြည့်ပြီး…
`ဟေ့ ကောင်တွေ… မင်းတို့တွေ့တာတွေ ဘိုးသက်ရှည်လုပ်မနေနဲ့၊ မင်းတို့ပြောတာတွေလောက်တော့ ပျင်းတောင်ပျင်းသေးတယ်၊ ဒီမှာမှ ဘိုးသက်ရှည်အစစ်ကြီးကွ၊ တစ်ရာလေးဆယ့်ငါးတဲ့´
`ဟာ… ဟုတ်ရဲ့လား၊ ဘယ်သူများပါလိမ့်၊ နာမည်ကိုပဲ ဖတ်စမ်းပါဦးကွာ´ဟု ပြောလိုက်သဖြင့် တတိယအရက်သမားက အုတ်ဂူကို မျက်နှာကပ်ကာ အသံထွက်၍ ဖတ်လိုက်သည်မှာကား…
`ဒပ်ဘလင်မြို့သို့´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောကဟာသများမှ)

No comments:
Post a Comment