(၀ါရှင်တန်၊ အောက်တိုဘာလ ၂၈ ရက်)
နွားနို့မှရရှိသော ပရိုတင်းနှင့် ရွှံ့စေး(မြေစေး)တို့ကို ရောစပ်ကာ ပလတ်စတစ်အမျိုးအစားသစ်ကို သိပ္ပံပညာရှင်များ တီထွင်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း အမေရိကန် ဓာတုဗေဒအသင်းက အောက်တိုဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သော သတင်းကြေညာချက်၌ ဖော်ပြသည်။ (အင်တာနက်)
** အမေရိကန်က ကျူးဘားအား ၄၈ နှစ်ကြာပိတ်ဆို့မှု ရုပ်သိမ်းရေး ကုလသမဂ္ဂအထွေထွေညီလာခံ၌ မဲခွဲဆုံးဖြတ်အတည်ပြု **
(ကုလသမဂ္ဂ၊ အောက်တိုဘာလ ၂၈ ရက်)
ကျူးဘားနိုင်ငံအပေါ် ၄၈ နှစ်ကြာ စီးပွားရေးပိတ်ဆို့အရေးယူခဲ့မှုကို ရုပ်သိမ်းရေး အမေရိကန်အား တိုက်တွန်းရန်အဆိုပြုချက်အပေါ် ကုလသမဂ္ဂ အထွေထွေညီလာခံက အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထောက်ခံမဲများစွာဖြင့် မဲခွဲဆုံးဖြတ်အတည်ပြုလိုက်သည်။ ကွန်မြူနစ်စနစ်ကျင့်သုံးသည့် ကျူးဘားနိုင်ငံအား အမေရိကန်နိုင်ငံက ပိတ်ဆို့မှုအချို့ကို လျှော့ချခဲ့သော်လည်း ယခုအခါ ကျူးဘားသည် ပိတ်ဆို့မှုများစွာနှင့် ရင်ဆိုင်နေရဆဲဖြစ်သဖြင့် ယင်းကဲ့သို့ ကုလသမဂ္ဂက မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြသည်။ (ရိုက်တာ)
** ဆူနာမီနှင့် မီးတောင် အမြွှာကပ်ဘေးများကြောင့် အင်ဒိုနီးရှားတွင် လူ ၄၀၀ ကျော်သေဆုံး **
(ဂျကာတာ၊ အောက်တိုဘာလ ၂၈ ရက်)
အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း ကမ်းရိုးတန်းကမ်းလွန်တွင် အောက်တိုဘာလ ၂၅ ရက်နေ့က ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ပြီး အင်ဒိုနီးရှားအနောက်ပိုင်းကျွန်းများကို ၁၀ ပေအမြင့်ရှိ ဆူနာမီရေလှိုင်းများ ရိုက်ခတ်ခဲ့ရာ သေဆုံးသူ ဦးရေသည် ၃၆၉ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း သိရသည်။ (ရိုက်တာ)
** ၀ါရှင်တန်ရှိ မြေအောက်ရထားဘူတာရုံများအား အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်ဖွယ်ရှိသူကို ဖမ်းဆီး **
(၀ါရှင်တန်၊ အောက်တိုဘာလ ၂၈ ရက်)
အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့တော်ရှိ မြေအောက်ရထားဘူတာရုံများကို အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုဖြင့် ပါကစ္စတန်နွယ်ဖွား အမေရိကန်နိုင်ငံသားတစ်ဦးကို ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရိုမှ တာဝန်ရှိသူများက ဖမ်းဆီးလိုက်ကြောင်း လုံခြုံရေးသတင်းရပ်ကွက်က အောကိုဘာလ ၂၈ ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
** စုစည်းဘာသာပြန်- မောင်ချစ်ကြည် **
** နို့ပရိုတင်းနှင့် ရွှံ့စေးတို့ကို ရောစပ်ကာ ပလတ်စတစ်အမျိုးအစားသစ် ထုတ်လုပ်မည် **

No comments:
Post a Comment