မန်ကျည်းချဉ်နဲ့ ဆီးချဉ်နဲ့
တမာတန်းနဲ့ ရွာလမ်းနဲ့
ကောက်ညှင်းပေါင်းနဲ့ နှမ်းထောင်းနဲ့
အုတ်ရေတွင်းနဲ့ တလင်းနဲ့
လက်ဖက်ကြုတ်နဲ့ ဆွမ်းအုပ်နဲ့
လည်ပေါ်ကျောင်းနဲ့ တန်ဆောင်းနဲ့။
**ဒိုးယိုလမ်းပေါက်၊ ထင်တိုင်းရောက်
စိတ်နောက်ကိုပါ၊ ကမ္ဘာရွာမှာ
မြန်မာ ငါ မေ့နိုင်ပါ့မလား။
အမြင်က ကျဉ်း၊ သတင်းက ကျုံ့
ခေါင်းငုံ့ ခြေချုပ်၊ ကြိုးတုပ် ဖွဲ့နှောင်
မြန်မာ့ဘောင်မှာ
ပျော်အောင် နေနိုင်ပါ့မလား။
ဓလေ့နဲ့ ခေတ်
အတွေ့နဲ့ စနစ်တို့
ပြေပြစ်မျှတ၊ အနေလှအောင်
နေမှ နေတတ်ပါ့မလား။ ။
**တင်မိုး**
(ကဗျာပေါင်းချုပ်- ၁၉၉၉)
(၂၈၊ ဇူလိုင်၊ ၁၉၉၉၊ ဗုဒ္ဒဟူးနေ့ နံနက်ခင်း)
**ဘုရားပွဲနဲ့ နွားလှည်းနဲ့
မန်ကျည်းချဉ်နဲ့ ဆီးချဉ်နဲ့
တမာတန်းနဲ့ ရွာလမ်းနဲ့
ကောက်ညှင်းပေါင်းနဲ့ နှမ်းထောင်းနဲ့
အုတ်ရေတွင်းနဲ့ တလင်းနဲ့
လက်ဖက်ကြုတ်နဲ့ ဆွမ်းအုပ်နဲ့
လည်ပေါ်ကျောင်းနဲ့ တန်ဆောင်းနဲ့။
**ဒိုးယိုလမ်းပေါက်၊ ထင်တိုင်းရောက်
စိတ်နောက်ကိုပါ၊ ကမ္ဘာရွာမှာ
မြန်မာ ငါ မေ့နိုင်ပါ့မလား။
အမြင်က ကျဉ်း၊ သတင်းက ကျုံ့
ခေါင်းငုံ့ ခြေချုပ်၊ ကြိုးတုပ် ဖွဲ့နှောင်
မြန်မာ့ဘောင်မှာ
ပျော်အောင် နေနိုင်ပါ့မလား။
ဓလေ့နဲ့ ခေတ်
အတွေ့နဲ့ စနစ်တို့
ပြေပြစ်မျှတ၊ အနေလှအောင်
နေမှ နေတတ်ပါ့မလား။ ။
**တင်မိုး**
(ကဗျာပေါင်းချုပ်- ၁၉၉၉)
(၂၈၊ ဇူလိုင်၊ ၁၉၉၉၊ ဗုဒ္ဒဟူးနေ့ နံနက်ခင်း)


No comments:
Post a Comment