ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 30, 2010

ဆင်ဖြူတော်မှီ ကြံစုတ်တဲ့စာတွေ

> ဆင်ဖြူတော်မှ ကြံစုတ်တယ် ဆိုတဲ့ စကားကို ကျုပ်တော့ ဒီခေတ်ရောက်မှ သေသေချာချာ သဘောပေါက်သွားတော့မယ်ဗျာ။ ခင်ဗျားတို့ စာရေးဆရာတွေရဲ့ ကျေးဇူးပဲ။ မိတ်ဆွေ အငြိမ်းစားဝန်ထမ်းကြီးတစ်ဦးက အလည်လာရင်း အဆက်အစပ်မရှိ ပြောလိုက်တဲ့ စကားကြောင့် အံ့အားသင့်သွားရပါတယ်။ ဘာ့ကြောင့် ဒီလို ပြောမှန်းမသိပါဘူး။ မဏကြာမှ သူက စကားကို ဆက်ပြောပါတယ်။

**ဆင်ဖြူတော်မှီ ကြံစုတ်တာ**
ဆရာမင်းသုဝဏ်အကြောင်း ရေးထားတဲ့ ဆောင်းပါးမို့ ဖတ်ကြည့်လိုက်တယ်။ ဆရာ့အကြောင်း၊ ဆရာ့စာတွေအကြောင်း ဘာမှ ဟုတ်ဟုတ်ငြားငြား မပါဘဲ သူ့အကြောင်းတွေချည့် တစ်ပုဒ်လုံး ရေးထားတယ်ဗျ။ ဆရာ့ကိုလည်း တစ်ခါပဲ တွေ့ဖူးတယ် ဆိုရုံလောက် တွေ့ဖူးတာ။ ဆရာ့အိမ်မှာလုပ်တဲ့ ထမင်းနှဲပွဲကို မိတ်ဆွေတစ်ယောက်က ခေါ်လို့ လိုက်သွားတာ။ ဆရာနဲ့ စကားတစ်ခွန်းတောင် ပြောဖူးတာမဟုတ်ဘူး။ ဆရာမင်းသုဝဏ်အကြောင်းရေးတာ ဆိုရင်တော့၊ မဂဇင်းတွေက ထည့်မှာပဲဆိုပြီး ရေးလိုက်တာပဲဗျ။ ဆင်ဖြူတော်မှီကြံစုတ်တယ်ဆိုတာ ဒါပဲမဟုတ်လား။

**စာဖတ်များသူ**
မိတ်ဆွေက စာတော်တော်ဖတ်သူ တစ်ယောက်ပါ။ မြန်မာစာတွေအပြင် အင်္ဂလိပ်စာတွေလည်း နှံ့နှံ့စပ်စပ် ဖတ်သူဖြစ်ပါတယ်။ ၀တ္ထုတွေ ဖတ်သလို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစာအုပ်တွေလည်း ဖတ်ပါတယ်။ တစ်ခါတလေ ကိုယ်တောင် မဖတ်ရသေးတဲ့ စာအုပ်မျိုးကို သူကဖတ်ပြီးနေပါပြီ။ ဒီစာအုပ် ကောင်းသဗျ။ ဖတ်ကြည့် ဆိုပြီး ယူလာပေးတတ်ပါတယ်။ အငြိမ်းစား ယူထားပြီးပြီဆိုတော့ စာဖတ်တာကို အလုပ်တစ်ခုသဖွယ် သဘောထားပြီး တစ်နေ့လုံး စာပဲဖတ်နေသူဖြစ်ပါတယ်။ စာရေးဆရာတွေကိုလည်း သူက တော်တော်လေးစားပါတယ်။ သူပြောလိုက်မှပဲ ပြန်စဉ်းစားမိပြီး ဟုတ်ပေသားပဲ၊ သူပြောတာ မလွန်ဘူး လို့ မှတ်ချက်ချလိုက်ပါတယ်။

**ကျေးဇူးတင်ပါတယ်**
ဒီဖက်ပိုင်းမှာ ကွယ်လွန်ရှာပြီဖြစ်တဲ့ စာရေးဆရာကြီးတွေ ဆရာမကြီးတွေ အမှတ်တရ စုပေါင်းစာအုပ်တွေ ထွက်တာ တော်တော်များပါတယ်။ မွေးနေ့ အမှတ်တရ၊ ကွယ်လွန်ခြင်း အမှတ်တရ၊ အခမ်းအနားတွေလည်း လုပ်ကြပါတယ်။ ကောင်းတဲ့ လုပ်ရပ်များ ဖြစ်ပါတယ်။ ဦးဆောင်ဦးရွက်ပြုသူများကိုလည်း ကျေးဇူးတင်စရာ ကောင်းပါတယ်။ အဲဒီလိုနေ့တွေ ရောက်တဲ့အခါ၊ ဂျာနယ်မဂဇင်းတွေမှာ အမှတ်တရဂုဏ်ပြုဆောင်းပါးတွေ အသားပေး ဖေါ်ပြကြပါတယ်။ ဆရာ ဆရာမများအကြောင်း ရင်းနှီးကျွမ်းဝင်သူတွေက ရေးကြတဲ့အခါ လူမသိသေးတဲ့ အကြောင်းအရာ အချက်အလက်တွေ သိရတဲ့အတွက် အလွန်အဖိုးတန်ပါတယ်။ ဥပမာ- ဆရာမင်းသုဝဏ်ဆုံးပါးသွားပြီးမှ သားဖြစ်သူ ဒလဘန်း ရေးသားတဲ့စာတွေဟာဆိုရင် အရင်က မသိရသေးတဲ့အကြောင်းတွေ၊ မမြင်ဘူးသေးတဲ့ ဓာတ်ပုံတွေ၊ ဆရာမင်းသုဝဏ်နဲ့ တခြားခေတ်ပြိုင်ဆရာ၊ ဆရာမများရဲ့ ထိတွေ့ဆက်ဆံမှုတွေကို ရေးသားထားတာကြောင့် အင်မတန်မှ ကျေးဇူးကြီးလှပါတယ်။ မြန်မာစာပေသမိုင်းမှာ အတိုင်းမသိ တန်ဖိုးရှိတဲ့ စာပေဖြစ်ပါတယ်။

**မသိဘဲ မဖတ်ဘဲ**
ဒါပေမယ့်လို့ တချို့စာတွေကျတော့ အဲဒီလို မဟုတ်ပါဘူး။ အရေးခံ ပုဂိုလ်များအကြောင်းကို ကောင်းကောင်းသိထားတာ မဟုတ်သလို အဲဒီဆရာ ဆရာမရဲ့ စာတွေကိုလည်း သေသေချာချာ ဖတ်ဖူးထားပုံ မရပါဘူး။ ဆရာ ဆရာမများအကြောင်း ဦးတည်ပြီး သူတို့အကြောင်းတွေချည့် လျှောက်ရေးထားကြတာပါ။ ဆရာ ဆရာမကြီးများကို ဘယ်လို သိခဲ့တာ၊ သူတို့စာတွေကို ဘယ်လိုကြိုက်ခဲ့တာ ဆိုတာလောက်က လွဲရင် ကျန်တာက သူတို့အကြောင်းတွေချည့်ပါပဲ။ စောစောက ပြောခဲ့တဲ့ မိတ်ဆွေကြီးရဲ့ စကားလိုပဲ။ ဆရာကြီး ဆရာမကြီးတွေအကြောင်း ရေးရင်တော့ ဂျာနယ်မဂဇင်းများက ထည့်ပေးကြမှာပဲဆိုတဲ့ စိတ်ကူးနဲ့ ရေးလိုက်ကြတာနဲ့ တူပါတယ်။ ဘာအကြောင်းအရာ အချက်အလက်သစ်မှလည်း မသိရပါဘူး။ လူတကာသိပြီးသားအကြောင်းတွေ ပြန်ရေးထားတာပါပဲ။ အကြောင်းအရာ အချက်အလက်သစ် မပါနိုင်ရင်လည်း၊ ဆရာကြီး ဆရာမကြီးများရဲ့ စာတွေကို ရှုထောင့်သစ်၊ အမြင်သစ်နဲ့ ကိုယ်တိုင်သိမြင် ခံစားရတာမျိုးတွေ ဖြစ်သင့်ပါတယ်။ ခုတော့ ဘာမှကို မပါပါဘူး။

**စာပေပြတိုက်ကြီးဖြစ်ဖို့**
ဆရာကြီး ဆရာမကြီးများနဲ့ ပတ်သက်တဲ့ အမှတ်တရနေ့တွေမှာ၊ သူတို့ရေးခဲ့တဲ့စာတွေ၊ လက်ရေးမူတွေ၊ ဓာတ်ပုံတွေ၊ မိတ်ဆွေများ၊ စာဖတ်ပရိသတ်များနဲ့ အပြန်အလှန် ပေးစာတွေကို ၀ိုင်းဝန်းရှာဖွေ စုဆောင်းပြီး၊ ပြပွဲလေးလို ပြသတာမျိုးလုပ်ကြရင် ကောင်းလိမ့်မယ် ထင်ပါတယ်။ သူတို့ရေးတဲ့ စာတွေကို ဝေဖန်ရေး ဆရာများက ရှုထောင့်အမျိုးမျိုးက ရေးသားခဲ့ကြတဲ့ ဝေဖန်စာတွေကိုလည်း ရှာဖွေစုဆောင်းပြီး ပြသသင့်ပါတယ်။ ပြပွဲပြီးတဲ့အခါ ဒီလိုဝိုင်းဝန်းရှာဖွေ စုဆောင်းပေးကြတာတွေ အားလုံးကို မိသားစုထံ အပ်နှံသိမ်းဆည်းထားမယ်ဆိုရင်၊ တစ်ချိန်ချိန်မှာ စာရေးဆရာ များအတွက် ပြတိုက်ကြီးမျိုး ထူထောင်နိုင်တဲ့အခါ အများကြီး အကျိုးရှိစေပါလိမ့်မယ်။ ဒီလိုစာပေပြတိုက်ကြီးမျိုးဟာ နောင်လာနောက်သားများအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဘိုးရှိတဲ့အရာ ဖြစ်လာမှာ သေချာပါတယ်။

**စာပေဖွံ့ဖြိုး စည်ပင်ရေး**
နောက်တစ်ခုကတော့ ကွယ်လွန်သူဆရာ ဆရာမများရဲ့ စာပေလက်ရာတွေကို လေ့လာသုံးသပ်တဲ့ စာတမ်းတွေ ပြုစုရေးသားကြဖို့ ဖြစ်ပါတယ်။ ရသဗေဒရှုထောင့်က သုံးသပ်၊ မနုဿဗေဒသမားက မနုဿဗေဒရှုထောင့်က သုံးသပ်၊ နိုင်ငံရေးသိပ္ပံသမားက နိုင်ငံရေးရှုထောင့်က သုံးသပ်၊ ၀တ္ထုရေးနည်း အတတ်ပညာသမားက အတတ်ပညာရှုထောင့်က သုံးသပ်၊ ဝေဖန်ရေးသမားက ဝေဖန်ရေးရှုထောင့်က သုံးသပ်၊ စသဖြင့် ဘက်ပေါင်းစုံက စီစစ်သုံးသပ်တဲ့ စာတန်းတွေ ၀ိုင်းဝန်းပြုစုကြ၊ စာတမ်းဖတ်ပွဲတွေ လုပ်ကြဆိုရင်၊ မြန်မာစာပေ ဖွံ့ဖြိုးစည်ပင်ရေးအတွက် အများကြီး အထောက်အကူရနိုင်ပါတယ်။ ဆရာ၊ ဆရာမကြီးကို တကယ်လေးစား ဂါရ၀ပြုရာလည်း ရောက်ပါတယ်။ ဆရာ၊ ဆရာမကြီးတွေ နာမည်ခုတုံးလုပ်ပြီး ကိုယ့်စာ မဂဇင်းထဲပါအောင် လုပ်တာမျိုးကတော့ ရှက်စရာလည်း ကောင်းပါတယ်။

**ပြီးပြီးရော မလုပ်စေချင်**
တစ်ခါက အဲဒီလို စုပေါင်းရေးသားထားတဲ့ အမှတ်တရစာအုပ် တစ်အုပ်ကို မိတ်ဆွေ သတင်းစာဆရာကြီးတစ်ယောက် ဖတ်ဖို့ ပေးလိုကပါတယ်။ မိတ်ဆွေက စာအုပ်ကို လှန်လှောကြည့်ပြီး စုအုပ်ဖြစ်ပြီးရော မလုပ်ဘဲ၊ လောက်လောက်လားလား လူတွေ ပါအောင်တော့ ကြိုးစားကြဖို့ ကောင်းတယ်ဗျာ လို့ ကောက်ချက်ချ ပါတယ်။ သူလည်း ပင်စင်စား မိတ်ဆွေပြောသလို ဆင်ဖြူတော်မှီ ကြံစုတ် တာတွေ များနေတယ်လို့ ယူဆထားပုံပါပဲ။ မိတ်ဆွေ အယ်ဒီတာဟောင်း ပြန်သွားတော့မှ ဒီကိစ္စကို သေသေချာချာ စဉ်းစားကြည့်မိပါတယ်။ တစ်ဦးတစ်ယောက်ကို ခုတုံးလုပ်ပြီး အမြင့်ရောက်အောင် တက်ချင်တာတို့၊ ဆင်ဖြူတော်မှီကြံစုတ် လုပ်ချင်တာတို့က နေရာတိုင်း ခေတ်တိုင်းမှာ ရှိနေတာပါ။ စာပေလောက တစ်ခုတည်းမှာသာ ရှိတာမဟုတ်ဘူး။ ၀န်ထမ်းလောကတို့၊ စီးပွားရေးလောကတို့မှာ ပိုတောင် ဆိုးလိမ့်မယ်ထင်ပါတယ်။

**တစ်မွန်းတည့်ခံများ**
စာပေလောကမှာ ဖြတ်လမ်းက ၀င်လာ စတန့်ထွင်ပြီး နာမည်ကြီးအောင် လုပ်တာ၊ နောက်ဖေးပေါက်က တိုးဝင်ပြီး နေရာရအောင် လုပ်တာမျိုးတွေ ရှေးကလည်း ရှိပါတယ်။ ခုခေတ်လည်း ရှိပါတယ်။ ဒါပေမယ့် ဒီလူမျိုးတွေဟာ နာမည်ကြီးချင်ကြီးသွားလိမ့်မယ်။ သြဇာကြီးတဲ့ အဆင့်ထိတော့ မရောက်ပါဘူး။ စာပေသြဇာဆိုတာက စတန့် နဲ့ ထူထောင်လို့ ရတာမျိုးမှ မဟုတ်တာ။ စတန့်သမားက ထွင်ကာစတော့ ၀ုန်းကနဲ နာမည်ကြီးသွားနိုင်ပါတယ်။ ဒါပေမယ့် တစ်မွန်းတည့် ပဲ ခံပါလိမ့်မယ်။ သေသေချာချာ စဉ်းစားကြည့်တော့ စတန့် ထွင်ပြီး နာမည်ကြီးအောင် လုပ်သူပဲ ဖြစ်စေ၊ ဆင်ဖြူတော်မှီကြံစုတ် သူပဲဖြစ်စေ၊ သိပ်ပြီး အပြစ်မတင်ချင်ဘူး။ စာပေ၀ါသနာပါတဲ့ လူငယ်လေးတွေအနေနဲ့ သူတို့ရေးတဲ့စာ မဂဇင်းစာမျက်နှာတွေပေါ်ရောက်ဖို့က တော်တော်ခက်တာ မဟုတ်လား။ ဒီတော့ ဖြတ်လမ်းပဲဖြစ်ဖြစ်၊ ခွေးတိုးပေါက်ပဲဖြစ်ဖြစ်၊ တိုးလို့ရတဲ့ အပေါက်က တိုးဝင်ကြမှာပဲ၊ ဒါ သဘာဝကျပါတယ်။ လမ်းရိုးလမ်းဖြောင့်ဆိုတာ ရှည်လျားခက်ခဲတယ်လေ။ လူငယ်တွေဆိုတော့ ဘယ်စိတ်ရှည်မှာလဲ။

**အယ်ဒီတာမှာ တာဝန်ရှိတယ်**
စတန့်တွေနဲ့ ကြံစုတ်တဲ့ လုပ်ရပ်တွေ စာမျက်နှာပေါ် ရောက်လာရတာက အယ်ဒီတာတွေမှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။ အယ်ဒီတာ ဆိုတာက စာမှော်ရုံတော ကြီးထဲကနေပြီး စာကောင်းစာသန့်ကို ရွေးထုတ်ရတဲ့သူဖြစ်တယ်။ ရွေးထုတ်ပြီးတဲ့စာကို ကောင်းသထက်ကောင်းအောင်၊ သန့်သထက် သန့်အောင်၊ ပြုပြင်တည်းဖြတ်လုပ်ပေးရပါတယ်။ မဂဇင်းထဲမှာ မကောင်းတဲ့စာ မသန့်တဲ့စာ ပါလာရင် အယ်ဒီတာ ညံ့ဖျင်းလို့သာ ဖြစ်တယ်။ သူမကောင်းတာကို မကောင်းမှန်းမသိလို့ မသန့်တာကို မသန့်မှန်းမသိလို့ သူ့မဂဇင်းထဲ ထည့်လိုက်တာပေါ့။ မှော်ရုံတောကြီးထဲမှာ စာတွေက စုံမှပေါ့။ ကောင်းတာပါသလို၊ ညံ့တာတွေ မကောင်းတာတွေလည်း ရှိမယ်လေ။ ဒါတွေကို ရွေးချယ်သန့်စင်ဖို့အတွက် အယ်ဒီတာဆိုတာ ရှိနေရတာ မဟုတ်လား။ ဖြတ်လမ်းက စတန့်ထွင်ပြီး ၀င်လာတာပဲ ဖြစ်ဖြစ်၊ ဆင်ဖြူတော်မှီ ကြံစုတ်တာပဲဖြစ်ဖြစ်၊ အယ်ဒီတာက ရွေးချယ်ထည့်သွင်းလို့သာ စာဖတ်ပရိသတ်ဆီ ရောက်လာရတာ ဖြစ်တယ်။ ဒါကြောင့် မဂဇင်းထဲမှာ ပါသမျှ စာမူတိုင်းအတွက် အယ်ဒီတာမှာသာ လုံးဝ တာဝန်ရှိပါတယ်လို့ ဆိုလိုက်ပါရစေ။ ။

**လူထုဦးစိန်ဝင်း**
(လူထုရနံ့စာစုများမှ၊ ၂၉၊ ၇၊ ၂၀၀၉)

ဆင်ဖြူတော်မှ ကြံစုတ်တယ် ဆိုတဲ့ စကားကို ကျုပ်တော့ ဒီခေတ်ရောက်မှ သေသေချာချာ သဘောပေါက်သွားတော့မယ်ဗျာ။ ခင်ဗျားတို့ စာရေးဆရာတွေရဲ့ ကျေးဇူးပဲ။ မိတ်ဆွေ အငြိမ်းစားဝန်ထမ်းကြီးတစ်ဦးက အလည်လာရင်း အဆက်အစပ်မရှိ ပြောလိုက်တဲ့ စကားကြောင့် အံ့အားသင့်သွားရပါတယ်။ ဘာ့ကြောင့် ဒီလို ပြောမှန်းမသိပါဘူး။ မဏကြာမှ သူက စကားကို ဆက်ပြောပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)