ဘီယာသောက်သုံးနေသူသည် အရက်ဆိုင်တစ်ဆိုင်တွင် ဘီယာဈေးကြီးသည်ဟု ညည်းထွားလိုက်သည်။ အရောင်းသမားက ရှင်းပြသည်မှာ ဘီယာဖိုးထဲတွင် သီချင်းဖွင့်ပေးခ၊ လှပသောရှုခင်း၊ ဆိုင်၏အပြင်အဆင် စသော ကုန်ကျစရိတ်များ ပါဝင်လို့ပါဟု ဆိုသဖြင့် ဘာမျှပြန်မပြောတော့ဘဲ ပြန်ခဲ့လေ၏။ နောက်တစ်နေ့တွင် ထိုသူသည် ပုံမှန်ဘီယာသောက်ရန် ရောက်လာပြီး ဘီယာဈေးကြီးနေသည်ကို မကျေမနပ်ပြောနေပြန်သဖြင့် အရက်ရောင်းသူက သူ၏ထုံးစံအတိုင်း ရှင်းပြပြန်၏။ ထို့အခါ ဘီယာသောက်သုံးသူက ပြန်ပြောလိုက်သည်မှာကား…
`ဟာဗျာ… မနေ့က အဲဒီအဖိုးအခတွေအတွက် ကျုပ်ပေးခဲ့ရသေးတယ်လေ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment