ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 27, 2010

ကမ္ဘာ့ဖလားတွင် နာမည်ကြီး ခဲ့သည့် စိတ်တန်ခိုးရှင် ရေဘ၀ဲပေါလ် သေဆုံးရှာပြီ

>
ပြီးခဲ့သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဂျာမနီ အသင်း၏ ပွဲစဉ်များကို ရာနှုန်းပြည့် မှန်ကန်စွာ ခန့်မှန်ပေး နိုင်ခဲ့သည့် စိတ်တန်ခိုးရှင် ရေဘ၀ဲ ပေါလ်သည် ယနေ့ နံနက်ပိုင်းတွင် သေဆုံးသွား ခဲ့ကြောင်း သိရသည်။
သူနေထိုင်ခဲ့ရာ အဏ္ဏ၀ါ ပြတိုက်မှ တာဝန်ရှိသူ များ၏ ပြောကြားချက် အရ ရေဘ၀ဲ ပေါလ်သည် ပြီးခဲ့သည့် တနင်္လာ ညအထိ ကောင်းမွန်စွာ ရှိနေခဲ့ သော်လည်း ယနေ့ နံနက်ပိုင်းတွင် သူ၏ မှန်ပုံး အတွင်း၌ သေဆုံးနေ ခဲ့ကြောင်း သိရသည်။ သူသေဆုံးသည့် အချိန်တွင် အသက် ၂ နှစ်ခွဲ ရှိပြီ ဖြစ်ပြီး အဆိုပါ အသက်အရွယ်၌ သေဆုံးခြင်းသည် ရေဘ၀ဲ တစ်ကောင်၏ သာမန် ဖြစ်ရိုးဖြစ်စဉ်
ကိစ္စ ဖြစ်ကြောင်း

အဆိုပါ တာဝန်ရှိသူ များက ဖြေရှင်းခဲ့ကြသည်။ ရေဘ၀ဲလ် ပေါလ်သည် သာမန် သဘာဝ ဖြစ်ရိုး ဖြစ်စဉ် အတိုင်းသာ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ပြင်ပ ပယောဂ လုံးဝ မပါဝင် ကြောင်းလည်း ပြတိုက် တာဝန်ရှိသူ များက ဆိုခဲ့သည်။

ရေဘ၀ဲ ပေါလ်သည် ပြီးခဲ့သည့် ၂၀၁၀ တောင်အာဖရိက ဘောလုံး ပြိုင်ပွဲတွင် ဂျာမနီ အသင်း၏ ပွဲစဉ် ၇ ပွဲကို ရာနှုန်းပြည့် မှန်ကန်အောင် ခန့်မှန်းပေး နိုင်ခဲ့သည့် အပြင် စပိန်နှင့် ဟော်လန်တို့ ဗိုလ်လုပွဲ ကိုလည်း စပိန် ဗိုလ်စွဲမည်ဟု မှန်ကန်စွာ ခန့်မှန်းနိုင် ခဲ့သည့် ထူးခြား ရေသတ္တ၀ါ ဖြစ်သည်။

**www.soccermyanmar.com**

**ကမ္ဘာ့ဖလားဘောလုံးပွဲ ခန့်မှန်းခဲ့သည့် နာမည်ကျော် ရေဘဝဲပေါလ်သေဆုံး**
၂၀၁၀)ခုနှစ်၊ တောင်အာဖရိက ကမ္ဘာ့ဖလား ဘောလုံးပွဲ ကာလအတွင်း ကမ္ဘာကျော် ဖြစ်ခဲ့သော ပုရောဟိတ် ရေဘ၀ဲပေါလ်မှာ ယခုအခါ ကွယ်လွန်ရှာပြီဖြစ်သည်။ အသက်(၃)နှစ်နီးပါး ရှိပြီဖြစ်သည့် ပေါလ်မှာ ၎င်း၏ ရေကန်လေးအတွင်း အောက်တိုဘာ (၂၆)ရက်နေ့ နံနက်ပိုင်းက သေဆုံးနေသည်ကို ဂျာမနီနိုင်ငံ၊ အိုဘာဟန်ဆန် Sea Life အဏ္ဏ၀ါပြတိုက်မှ ၀န်ထမ်းများက တွေ့ရှိခဲ့ကြောင်း ပြတိုက်မှ တာဝန်ခံ အမျိုးသမီး အာရီနီ ဗီရာဂျီက ပြောကြားခဲ့သည်။ အောက်တိုဘာ (၂၅)ရက်နေ့ ညပိုင်းက ပေါလ်သည် ရွှင်ရွှင်မြူးမြူး ကျန်းကျန်းမာမာ ရှိနေသော်လည်း နောက်တစ်ရက်တွင် ယခုလို သေဆုံးနေခြင်းဟု ဗီရာဂျီကဆိုသည်။ ပေါလ်၏ သေဆုံးမှုမှာ သမားရိုးကျသာဖြစ်ကြောင်းလည်း သူမက အတည်ပြု ပြောဆိုသွားသည်။ “သူ့ကို ကျွန်မတို့အားလုံး ချစ်ကြပါတယ်။ ပေါလ်ကို အားလုံးပဲ လွမ်းနေကြမှာပါ”ဟု ဗီရာဂျီက ၀မ်းနည်းကြေကွဲစွာ ပြောကြားခဲ့သည်။

ပြတိုက်အနေနှင့် ၎င်းတို့၏ နာမည်အကြီးဆုံး သတ္တ၀ါလေးအတွက် မည်သို့ ၀မ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပမည်ကို မဆုံးဖြတ်ရသေးကြောင်း ဗီရာဂျီကဆိုသည်။ “လောလောဆယ်တော့ ပြတိုက်ထဲမှာပဲ ပေါလ်အတွက် သီးသန့်နေရာလေးပေးပြီး မြှုပ်နှံသွားမယ်လို့ စဉ်းစားထားပါတယ်”ဟု သူမက ပြောဆိုသွားသည်။ ပေါလ်သည် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကာလအတွင်း ဂျာမနီအသင်း ကစားသည့် ပွဲစဉ်(၇)ခုနှင့် ဗိုလ်လုပွဲအဖြစ် စပိန်နှင့် နယ်သာလန်တို့ ယှဉ်ပြိုင်သည့် ပွဲစဉ်များအား အမှားအယွင်းမရှိ ရာခိုင်နှုန်းပြည့် မှန်ကန်စွာ ခန့်မှန်းပေးခဲ့ပြီးနောက် ကမ္ဘာ့မီဒီယာများက ပုရောဟိတ် ရေဘ၀ဲလေးအဖြစ် တင်စားအမည်ပေးခဲ့ကြသည်။ ၎င်းအား ကမ္ဘာ့ဖလား အပြီးတွင် ဘောလုံးပွဲ ရလဒ်များ ခန့်မှန်းခြင်းမှ အနားပေးလိုက်ပြီဟု ပြတိုက်က ကြေညာခဲ့သည်။ အင်္ဂလန် ဇာတိဖြစ်သော ပေါလ်ကို (၂၀၁၈)ခုနှစ်၊ ကမ္ဘာ့ဖလား အိမ်ရှင်လျှောက်ထားခွင့်အတွက် အင်္ဂလန်က ဘောလုံးဆိုင်ရာ သံတမန်အဖြစ် အမည်တင်သွင်းခဲ့သည်။ ပေါလ်ခန့်မှန်းချက်များ မှန်ကန်ပြီး ရှုံးနိမ့်ခဲ့သည့် အာဂျင်တီးနား၊ ဂျာမနီ ပရိသတ်အချို့က ၎င်း၏ အသက်ကို ရန်ရှာမည်ဟု ခြိမ်းခြောက်ခဲ့သလို တစ်ဖက်တွင်လည်း ပေါလ်အား ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် တခမ်းတနား နေရာပေးရန် ကြိုက်ဈေးပေး ၀ယ်ယူလိုသည့် စပိန်သူဌေးများ ပေါ်လာခဲ့သည်။ စပိန်သည် ပေါလ်၏ ခန့်မှန်းချက်အတိုင်း ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲနိုင်ခဲ့သည့် အသင်းဖြစ်သည်။ ယင်းသည် စပိန်တွင် အလွန်နာမည်ကြီးပြီး အိုကာဘိုလီနိုမြို့တွင် ပေါလ်အား ခေတ္တငှားရမ်းကာ ခင်မင်စရာ အကောင်းဆုံး မိတ်ဆွေလေးအဖြစ် ပြပွဲတစ်ခု ကျင်းပပြသသွားရန်ပင် စီစဉ်ခဲ့သေးသည်။ ထို့အပြင် တောင်းဆိုမှု အများအပြား ရှိနေသဖြင့် စပိန်နိုင်ငံ မက်ဒရစ်ဥယျာဉ်သည် Sea Lifeသို့ ပေါလ်အား ကမ္ဘာပေါ်တွင် အရှားပါးဆုံး အဏ္ဏ၀ါ မျိုးစိတ်များနှင့် လဲလှယ်လိုကြောင်း ကမ်းလှမ်းခဲ့သည့်တိုင် Sea Lifeက ပယ်ချခဲ့ကြောင်း သိရှိရသည်။

Source: DailyMail

** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)