**အဲ့ဒီနေ့မှာ
သံလွင်မြစ်ကြီးက နီနီမောင်းမောင်းနဲ့
သဘောထားပြည့်ပြည့်စီးဆင်းနေတယ်။
**မိုးကောင်းကင်
အုံ့မှောင်မှောင်အပြင်အဆင်နဲ့
ဒီတော့… တောင်တန်းတိုင်းက တည်တည်ငြိမ်ငြိမ်
စိမ့်ရင့်နေတယ်
မြူခိုးတွေက… စိတ်ပါလက်ပါ ရင်ဖွင့်နေတယ်။
**တောင်ယာစပါးခင်းတွေက
ပြီးစလွယ် အရွယ်တိုင်ခဲ့ရ
(ခေတ်ကိုက မကောင်းခဲ့တာပါ)
တောင်ယာတဲကလေး တလုံးပေါ်မှာ
ငါတို့တတွေ
(၁၆)နှစ်စာ အမောပြေခဏ
နားလိုက်ကြတယ်။
**`အမေ၊ ရှစ်လေးလုံး၊ ကျဆုံးခဲ့တဲ့ငါတို့ ရဲဘော်များ´
စကားတွေနဲ့
အဲ့ဒီစကားတွေ ဆင်းလာတဲ့ ငါတို့ `ရင်´တိုင်းဟာ
တောင်တန်း၊ သံလွင်၊ ကောင်းကင်၊ မြူခိုး။ ။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ ၁၅၊ သြဂုတ်လ၊ ၂၀၀၄၊ ၀ဲကြီးစခန်း)
t
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**

No comments:
Post a Comment