အရက်သမားတစ်ဦးသည် ရဲအရာရှိတစ်ဦး ချဉ်းကပ်လာ၍…
`ရဲအရာကြီးခင်ဗျား… ကျနော် ဘယ်များရောက်နေပါသလဲ၊ ပြောပြနိုင်မလား´
`ခင်ဗျား ရီဂတ်ရုပ်ရှင်အနီး ဆောက်ဆဲဗင်းနယူးလမ်းထောင့်ကို ရောက်နေတယ်လေ´ဟု ပြောလိုက်သဖြင့် အရက်သမားက ပြန်ပြောလိုက်သည်မှာကား…
`အသေးစိတ်တွေ ရှင်းပြမနေပါနဲ့ဗျာ၊ ဒါဘာမြို့လဲ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment