ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 28, 2010

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း…

> ** ချယ်ရီကိုးလ်နှင့်ရီဟန်နာ ပူးပေါင်း၍ အယ်လ်ဘမ်တစ်ခု စီစဉ်နေ **
ချယ်ရီကိုးလ်နှင့် ရီဟန်နာတို့ အတူတွဲပြီး အယ်လ်ဘမ်တစ်ခု စီစဉ်နေကြောင်း သိရသည်။ အသက် (၂၇)နှစ်အရွယ် ဗြိတိန် Popအဆိုတော် ချယ်ရီက ယင်းသတင်းအား အတည်ပြု ပြောကြားခဲ့သည်။ Girls’ Aloudအဖွဲ့ဝင်ဟောင်း ချယ်ရီက “ရီဟန်နာက ကျွန်မနဲ့ အလုပ်တွဲလုပ်ချင်တယ်လို့ ပြောလာတော့ အရမ်းအံ့ဩသွားမိတယ်။ သူဟာ တကယ်တော်တဲ့ အမျိုးသမီးပါ။ ကျွန်မတို့ နှစ်ယောက်ပေါင်းပြီး ဖန်တီးထားတဲ့ အယ်လ်ဘမ်ကို လာမည့်နှစ်မှာ စပြီးတော့ အကောင်အထည် ဖော်နိုင်မယ်ထင်တယ်။ ဒီအတွက် ကျွန်မတော့ အရမ်းတက်ကြွနေပြီ”ဟု ပြောဆိုသွားသည်။

** တိုက်စစ်မှူးသစ်ဘီဘီ မန်ယူအသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ **
မန်ချက်စတာ ယူနိုက်တက် အသင်းက ဈေးကြီးပေး ၀ယ်ယူထားပြီး ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများ ကြုံနေရသည့် ဘီဘီသည် အသင်းအတွက် ဗွေဆော်ဦးဂိုးကို သွင်းယူပေးလိုက်နိုင်ပြီဖြစ်သည်။ အောက်တိုဘာ (၂၆)ရက်နေ့ညက ကားလင်းဖလား ပွဲစဉ်အဖြစ် ယူနိုက်တက်၏ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ၀ုလ်ဗ်ဗာဟမ်ပတန်ကို (၃-၂)ဖြင့် အနိုင်ရခဲ့ရာ ပေါ်တူဂီ လူငယ်ကစားသမားလေး ဘီဘီက ဗွေဆော်ဦးဂိုးကို သွင်းယူပေးခဲ့သည်။ အသက်(၂၀)အရွယ် ဘီဘီကို ယူနိုက်တက်က ပေါင်(၇)သန်းခန့်ဖြင့် ခေါ်ယူထားသော်လည်း ၎င်းသည် အရံအသင်းတွင်သာ အဓိက ကစားနေရသူဖြစ်သည်။ ထိုပွဲစဉ်တွင် ယူနိုက်တက် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်သည် ဂိုးသမား နေရာအတွက် ဘန်အာမို့စ် အပါအ၀င် အရံကစားသမားများဖြင့်သာ ပွဲထွက်လာခဲ့ခြင်းဖြစ်သည်။ နည်းပြ မစ်မက္ကာသီ၏ အသင်းသည် ယူနိုက်တက်၏ ဦးဆောင်မှု နှစ်ကြိမ်လုံးကို ချေပနိုင်ခဲ့သော်လည်း တတိယဂိုးကိုမူ ချေပနိုင်ခြင်း မရှိသောကြောင့် လက်ရှိချန်ပီယံတို့ ကားလင်းဖလား ကွာတားဖိုင်နယ် တက်ခွင့်ရသွားခဲ့သည်။

** ကေတီပယ်ရီတို့စုံတွဲရဲ့ အိန္ဒိယရှိ အမျိုးသားဥယျာဉ်တွင် မင်္ဂလာပွဲကျင်းပ **
ကေတီပယ်ရီနှင့် ရက်ဆယ်လ်ဘရန်းတို့ မင်္ဂလာဆောင်နှင်းခဲ့ပြီဟု သိရသည်။ နာမည်ကျော် Pop အဆိုတော်နှင့် ဇာတ်မြူးမင်းသားတို့၏ မင်္ဂလာပွဲကို အိန္ဒိယတွင် ဆင်များ၊ ကျားများ စုံလင်စွာဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ ကေတီသည် ဗြိတိသျှ ဟာသသရုပ်ဆောင်နှင့် မင်္ဂလာပွဲ အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ ရမ်သန်ဘော အမျိုးသား ဥယျာဉ်တွင် အနီရောင် ရွက်ဖျင်တဲကြီးထိုးပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။

**ဟောလီးဝုဒ်မင်းသမီး ဂျက်ဆီကာဘေးလ် စေ့စပ်တော့မည် **
ဟောလီးဝုဒ်မင်းသမီး ဂျက်ဆီကာဘေးလ်သည် ခရစ္စမတ်ကာလအတွင်း ချစ်သူ ဂျက်စတင် တင်းဘားလိတ်ခ်နှင့် စေ့စပ်ရန် စီစဉ်နေကြောင်း သိရသည်။ A-Team စတား မင်းသမီးသည် နာမည်ကြီး အဆိုတော်နှင့် (၂၀၀၇)ခုနှစ်ကတည်းက တွဲလာခဲ့သော်လည်း ပြီးခဲ့သည့် လပိုင်းများက သူမတို့၏ အချစ်ရေးမှာ အက်ကြောင်းထင်လာကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ သို့သော်လည်း ယခုအခါ ဂျက်ဆီကာသည် ဂျက်စတင်နှင့် နှစ်ကုန်ပိုင်းတွင် စေ့စပ်ရန် ရည်ရွယ်ထားကြောင်း သူမ၏ မိတ်ဆွေများက ပြောကြားခဲ့သည်။

** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည် **

** ချယ်ရီကိုးလ်နှင့်ရီဟန်နာ ပူးပေါင်း၍ အယ်လ်ဘမ်တစ်ခု စီစဉ်နေ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)