ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 28, 2010

အောက်တိုဘာလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ…

> ** ဆူမတြားငလျင်ကြောင့် ဆူနာမီလှိုင်းများဖြစ်ပေါ် ၁၀၀ ကျော်သေဆုံး **
(ဂျကာတာ၊ အောက်တိုဘာလ ၂၆-ရက်)
အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းကမ်းလွန်၌ အင်အားပြင်း ငလျင်လှုပ်ပြီးနောက် အင်ဒိုနီးရှားအနောက်ပိုင်းကမ်းခြေဒေသများသို့ ဆူနာမီရေလှိုင်းများဖြစ်ပေါ်ရိုက်ခတ်ရာ ဒေသခံ ၁၀၀ ကျော်ထက်မနည်း သေဆုံးပြီး ၃၈၀ ခန့်ပျောက်ဆုံးနေကြောင်း အင်ဒိုနီးရှားအရာရှိများက အောက်တိုဘာလ ၂၆-ရက်နေ့၌ ပြောကြားသည်။ ဆူနာမီရေလှိုင်းများ ရိုတ်ခတ်မှုနှင့် ငလျင်လှုပ်မှုကြောင့် ကမ်းခြေရှိ ဘီတူမွန်ဂါရွာတစ်ရွာတည်းမှာပင် နေအိမ်အဆောက်အအုံအများအပြား ပြိုကျပျက်စီးခဲ့ကြောင်း ၄င်းရွာမှ လူ ၂၀၀ အနက် ၁၆၀ မှာ ပျောက်ဆုံးနေပြီး သေဆုံးသူဦးရေမှာ ၄၀ ဖြစ်ကြောင်း၊ အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ကြောင်း သိရသည်။ (ရိုက်တာ) ** စုစည်းဘာသာပြန်- မောင်ချစ်ကြည် **

** ဟေတီတွင် ကာလ၀မ်းရောဂါကြောင့် သေဆုံးသူ ၂၅၀ ကျော်ပြီဖြစ် **
ဟေတီတွင် ငလျင်ကပ်ဘေးသင့် ဒုက္ခသည်များအတွက် ကာလ၀မ်းရောဂါသည် နောက်ဆက်တွဲ ထိုးနှက်မှု ကြီးကြီးမားမား ဖြစ်လာကြောင်း သိရသည်။ အောက်တိုဘာ (၂၅)ရက်နေ့ နံနက်ပိုင်းထိ လူပေါင်း (၂၅၀)ကျော် သေဆုံးကာ (၃၀၀၀)ကျော်တို့မှာ ရေဓာတ်ဆုံးရှုံးခြင်း၊ ပျို့အန်ခြင်းစသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်နေသည်။ ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး လူပေါင်း(၁.၃)သန်းကျော် ဆက်လက်နေထိုင်နေရသည့် ပို့တ်အူပရင့်စ်တွင် စတင်ဖြစ်ပွားနေသည့် ကူးစက်ရောဂါကို ထိန်းချုပ်ရန် ကျန်းမာရေးဝန်ထမ်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှာ အသည်းအသန် ကြိုးပမ်းနေရဆဲဖြစ်သည်။

** ထိုင်းနိုင်ငံတွင် ရေကြီးမှုများကြောင့် လူ ၃၀ ကျော် သေဆုံး **
ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပါတ်များအတွင်း ရေကြီးမှုများကြောင့် လူပေါင်း(၃၀)ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ မုတ်သုံမိုးများ သည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်လာခြင်းသည် ဘန်ကောက်မြို့ကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ ထိုင်းတွင် ရေကြီးမှုများကြောင့် သေဆုံးသူ (၃၃)ဦးထက်မနည်း ရှိလာကြောင်း သတင်းများကဆိုသည်။ ထိုင်းအာဏာပိုင်များက ဘန်ကောက်မြို့တော် အနီးတ၀ိုက် ဒေသအတော်များများတွင် အောက်တိုဘာ (၂၄)ရက်နေ့က ရေလွှမ်းမိုးခဲ့ပြီး ဘန်ကောက် မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ကြိုတင်ခန့်မှန်းထားသည့် ရေလွှမ်းမိုးမှု အမြင့်ထက် ပိုမိုနေကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း စီးပွားရေးအရ အချက်အချာကျသည့် နေရာများနှင့် မြို့တော်အတွင်းပိုင်းအထိ ရေမတက်လာအောင် တားဆီးနိုင်မည်ဟု ယုံကြည်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံရှိ ပြည်နယ်အားလုံး၏ ထက်ဝက်မျှသည် ရေကြီးရေလျှံမှုများ ကြုံနေရပြီး လူပေါင်း(၂)သန်းကျော် အဆိုပါ အကျိုးဆက်ကို ခံစားနေရသည်။ ရေကြီးမှုကြောင့် စိုက်ခင်းဧရိယာ စတုရန်းကီလိုမီတာ နှစ်ထောင်ကျော် ပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်းလည်း သိရှိရသည်။

** တိုင်ရန်နိုဆောရပ်စ် ဒိုင်နိုဆောမျိုးစိတ်များ ဇာတ်တူသားစားလေ့ရှိ **
ဒိုင်နိုဆော မျိုးစိတ်များအနက် ကျောက်ခေတ်၏ ရှင်ဘုရင်များဟု တင်စားခေါ်ဝေါ်ကြသည့် တိုင်ရန်နိုဆောရပ်စ် (T-Rex)များသည် ဇာတ်တူသား စားလေ့ရှိကြောင်း သုတေသီများက ဖော်ထုတ်တွေ့ရှိလာခဲ့သည်။ Jurassic Parkကဲ့သို့ ကမ္ဘာကျော် စိတ်ကူးယဉ် ရုပ်ရှင်များတွင် အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်လေ့ရှိသည့် ကြမ်းကြုတ်ရက်စက်လှသော သားစားသတ္တ၀ါကြီးများသည် ယခင်ကတည်းက အခြားသော ဒိုင်နိုဆောများအတွက် အကြီးမားဆုံး အန္တရာယ်ပြုနိုင်သည့် သေမင်းအဖြစ် ပညာရှင်များက လက်ခံထားသည်။ ယခင်က ဒိုင်နိုဆော မျိုးစိတ်များတွင် မာဂျန်ဂါသိုလက်စ် အမည်ရှိ မျိုးစိတ်ကသာ ဇာတ်တူသားစားသည့် အလေ့အထရှိကြောင်း မှတ်ယူထားသော်လည်း ယခုအခါ T-Rexများ၏ မျိုးရင်းဖြစ်သော ဂေါ်ဂိုဆောရပ်စ်များလည်း ယင်းသို့သော အကျင့်မျိုးရှိကြောင်း အသစ်တွေ့ရှိသည့် အထောက်အထားများက ညွှန်ပြလျက်ရှိသည်။ “ခုခေတ်မှာတော့ ဇာတ်တူသားစားတဲ့ အသားစားသတ္တ၀ါတွေ တော်တော်များများ မြင်နိုင်ပါတယ်။ ခွေးအတွေ၊ ခြင်္သေ့တွေ၊ မိကျောင်းတွေ၊ ၀င်ရိုးစွန်း ၀က်ဝံတွေပေါ့”ဟု သုတေသန ပညာရှင် နစ်ကိုလက်စ် လောင်းဂရစ်ခ်ျက Discoveryသို့ ပြောကြားခဲ့သည်။

** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည် **

** ဆူမတြားငလျင်ကြောင့် ဆူနာမီလှိုင်းများဖြစ်ပေါ် ၁၀၀ ကျော်သေဆုံး **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)