(အောက်တိုဘာ၂၈၊၂၀၁၀)
အာဆီယံနိုင်ငံအစိုး၇များကဖွဲ့ စည်းထားခဲ့သော Asean Inter-gevental Commission on Human Rights
AICHR ( အာဆီယံအစိုးရ လူ့ အခွင့်အရေးမြှင့်တင်ရေးကော်မရှင်)၏ လုပ်ငန်းဆောင်တာ ညံ့ဖျင်းမှုများအားအာရှတိုက်နှင့်အရှေ့အာရှအတွင်းရှိ အစိုးရမဟုတ်သော South Asia People’s Advocacy
(SAPA) အဖွဲ့ ကဒေသတွင်းလူ့အခွင့်အရေးချိုးဖေါက်မှုများအားအကာအကွယ် မပေး နိုင်သေးကြောင်း ဝေဖန်
ပြောဆိုသည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်အား ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များကလပ်တွင်
ယမန်နေ့ကကျင်းပခဲ့သည်။
၂၀၀၉ ခုအောက်တိုဘလကစတင်ဖွဲ့ စည်းခဲ့သော၊ AICHR အဖွဲ့ ၏ သက်တမ်းတစ်နှစ်ပြည့်ကာလ၊ အကောင်းအထည်ဖေါ်နိုင်စွမ်းမရှိသည်ကို၊လူထုအခြေပြုအဖွဲ့ အ စည်းဖြစ်သော SAPA ကဝေဖန်လိုက်ခြင်းဖြစ်သည်။
(SAPA) South Asia People’s Advocacy မှာ တရုတ်၊အာဖဂန်နယ်စတန်အပါအ၀င်နိုင်ငံပေါင်း ၁၀၀ ကျော်တို့ စုပေါင်းဖွဲ့ စည်းထားသောအဖွဲ့ ဖြစ်သည်။
အာဆီယံနိုင်ငံများအတွင်းလူ့အခွင့်အရေးကော်မရှင်များကို အစိုးရကစိတ်ကြိုက်ရွေးချယ်ထားသူများ
ဖြင့်ဖွဲ့ စည်းထားသဖြင့် မည်သည့်လုပ်ငန်းစဉ်ကိုမှလုပ်ကိုင်နိုင်စွမ်းမရှိကြောင်း လူထုအခြေပြုအဖွဲ့ အစ
ည်းပေါင်းစုံမှကိုယ်စားလှယ်များက ပြောကြသည်။
မြန်မာနိုင်ငံလူ့အခွင့်အရေးပညာပေးဌာန က မချယ်ရီစာဟောင်း က“ဘာဖြစ်လို့အကောင်းအထည်
မဖေါ်နိုင်တာလဲဆိုရင်၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ၂ခုမှာသာ လူထုအခြေပြုအဖွဲ့ အစည်းတွေက လွတ်လွတ်လပ်လပ်ရွေးချယ်ထားကြတာဖြစ်ပါတယ်။အခြားရှစ် နိုင်ငံမှာတော့အစိုး၇ကိုယ်တိုင် စိတ်ကြိုက်လူ
တွေနဲ့ဖွဲ့ ပေးထားတယ်။ကျမတို့ နိုင်ငံမှာဆိုရင် ဦးကျော်တင့်ဆွေ ရဲ့သမိုင်းကြောင်းကိုပြန်ကြည့်ရင် သံအမတ်ဟောင်းဖြစ်တယ်။ဘာမှမလုပ်နိုင်ခဲ့ဘူး။
သတင်းစာရှင်းလင်းပွဲတွင် (SAPA) ၏မန်နေဂျာ၊ အင်ဒိုနီးရှားနိုင်ငံသူ Atnike Nova Sogiro ၊ဖိလစ်ပိုင်နိုင်ငံမှ
Ryan Silverio ၊ထိုင်းနိုင်ငံမှအာရှ၊ဖစ္စိဖိတ် အမျိုးသမီးများအဖွဲ့ ဥပဒေရေးရာ
နှင့်ဖွံ့ဖြိုးရေးတိုးတက်ရေး မှထိုင်းနိုင်ငံသူ Wanee Thitiprasert နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးပညာပေးဌာန ကမချယ်ရီစာဟောင်း တို့ ကပင်တိုင်ဆွေးနွေးတင်ပြခဲ့ကြသည်။
ယခုကျင်းပသောသတင်းစာရှင်းလင်းပွဲသို့ အာရှလူ့ အခွင့်အရေးစောင့်ကြေည့်လေ့လာရေးအဖွဲ့ ၊အမျိုးးသမီးများအဖွဲ့ နှင့်သတင်းဌာနအချို့ တို့ မှတက်ရောက်ခဲ့ကြသည်။
**သတင်း ... ကိုကျော်သောင်း(ဘန်ကောက်)**

No comments:
Post a Comment