အရက်ဆိုင်တစ်ဆိုင်ထဲသို့ အရပ်ခြောက်ပေကျော်လောက်ရှိသော လူထွားကြီးတစ်ယောက် ဒေါသကြီးစွာနှင့် ရောက်ရှိလာပြီး လက်ထဲမှ ပစ္စတိုနှင့် မီးလုံးများကိုပစ်ခွဲသည်။ လက်တစ်ဖက်တည်းနှင့် ကုလားထိုင်နှစ်လုံးကို တစ်ပြိုင်နက်တည်း ရိုက်ချိုးသည်။
ထို့နောက် အရက်ခြောက်ပက်ထည့်ခိုင်း၍ မျက်တောင်မခတ်ဘဲ အပြတ်မော့သောက်လိုက်၏။
ထိုအခါ အရက်ဆိုင်ရှင်က အောက်ကျို့သံကလေးဖြင့်…
`ဆရာ့လို လူမျိုးကို ကျနော့်တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးပါဘူး ဆရာ၊ ဆရာ ဘယ်ဒေသက လာခဲ့တာပါလဲ´ဟု မေးလိုက်သဖြင့်
ထိုသူက ပြန်ဖြေလိုက်သည်မှာကား…
`ကျုပ်ကို ဟိုးမြောက်ပိုင်းက ထောင်ချောက်ဆင်အမဲလိုက်တဲ့ မုဆိုးအလုပ်က အထုတ်ခံလာရတာဗျ။ သူတို့က ကျုပ်ကို သတ္တိကြောင်တဲ့မိန်းမလျာတဲ့။ အခြောက်တဲ့၊ ဒါကြောင့် မခံချင်တာနဲ့ ဒီမှာ လက်စွမ်းပြလိုက်တာပဲ သိလား´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment