အရက်သမားတစ်ယောက်သည် ညက အရက်ဝိုင်းတွင် အလွန်အကျွံမူးခဲ့ရာမှ မနက်လင်းသောအခါ တစ်ကိုယ်လုံး နာကျင်လျက် ဆေးရုံပေါ်ရောက်နေသည်ကို တွေ့ရသဖြင့် သူ့ခုတင်ဘေးမှ သူ့လိုပင် ရောက်နေသော သူ့သူငယ်ချင်းဖြစ်သူကို…
`ငါ… ငါတို့ ဘာဖြစ်ခဲ့ကြလို့လဲကွဟင်´ဟု မေးလိုက်ရာ သူငယ်ချင်းက…
`ပြောပြရင်တော့ ဒီလိုကွ၊ ညက မင်းတို့နဲ့အတူ အရက်ကို လူမှန်းမသိအောင် သောက်ကြပြီး ပေါက်သွားရာက အရက်ဆိုင်ရဲ့ ပြတင်းပေါက်ကို ကျော်တက်၊ တံခါးဘောင်တွေပေါ်မှာ လမ်းလျှောက်၊ စူပါမားကတ်ကြီးထဲဝင်၊ နှစ်ထပ်တိုက် အမြင့်လောက်ရှိတဲ့ အခန်းတံခါးကြီးပေါ်တက်ကြပြီး စူပါမင်းကွလို့ အော်ပြီး ဒိုင်ဗင်ထိုးချခဲ့ကြတယ်လေ´
`ဟ… အဲဒီလောက် မူးနေတာတောင် မင်းတို့က ၀ိုင်းမဆွဲကြဘူးလား၊ မင်းတို့ ဘယ်လို သူငယ်ချင်းတွေလဲကွ´ဟု ဒေါသနှင့် အော်ပြောလိုက်ရာ ထိုသူငယ်ချင်းက ပြန်ပြောလိုက်သည်မှာကား…
`သိပ်လည်း စိတ်မဆိုးပါနဲ့ကွာ၊ အဲဒီတုန်းက တို့လည်း မင်း တကယ်ပျံနိုင်မယ်ထင်မိတာကိုး´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment