ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 27, 2010

ကကြီး ခခွေး နိုင်ငံရေး သမား

> ယနေ့ နိုင်ငံရေး သမားတွေ ခံယူချက်တွေ မှားနေကြတယ် လို့ ခံစားရတယ် ။ သူတို့တွေရဲ့ ဦးတည်ချက်တွေ လွဲနေလို့ သဘောထားတွေက ဆန့်ကျင်နေကြတာပါ ။ နောက်တချက် လူငယ်တွေ အပေါ်ကို ထားရှိတဲ့သဘောထား အမြင်တွေက ပိုပြီး ကျဉ်းမြောင်းလာသလို ခံစားရပါတယ် ။
ဒီနေ့ခေတ်လူငယ်တွေထဲမှာ နိုင်ငံရေး အကြောင်းကို စိတ်ဝင်စားတဲ့ လူတွေ တဖြည်းဖြည်းများလာကြတာကို အားတက်ဖွယ်ရာ တွေ့မြင်ခံစား ကြရပါတယ် ။ လူငယ်ပီပီ ပြောချင်သည့် ကိစ္စတရပ်ကို ပွင့်လင်းစွာ တင်ပြခွင့်ရသည့် ခေတ်ဟု ဆိုလျှင်လည်း မမှားနိုင်ပါ ။ ယနေ့ နည်းပညာ၏ အစွမ်းကို အသုံးချကာ ကိုယ်ရင်ထဲ ရှိသမျှ ထုတ်ဖော် ပြောလို့ရသည့် ခေတ်တွင် လူငယ်များ သည် သူတို့ရင်ထဲက ခံစားချက်များကို စာတစ်ကြောင်း နှစ်ကြောင်းဖြင့် သရုပ်ဖော် ရေးပြကြသလို ၊ အချိုလူငယ်များသည် ဆောင်းပါးတစ်စောင် လောက်နီးပါး ဖော်ထုတ်ကာ ရေးသားပြလာကြပါသည် ။

ပြည်တွင်းတွင် သတင်းအမှောင်ချခြင်းကို ခံထားရသည့် အပြင်ပညာရှင် အမည်ခံကိုယ်ကျိုးရှာလိုသူများကလည်း သမိုင်းဖြစ်ရပ်မှန်များကို ဇောက်ထိုးရေးကာ လူငယ်များ၏ အသိညဏ်ကို အဆိပ်ခတ်နေ ကြသည်ကို ကျွန်ူပ်တို့ နိုင်ငံတွင် ထင်ရှားစွာ တွေ့ရှိရပါသည် ။ ကံအားလျော်စွာ နည်းပညာ၏ အကျိုးဆက်များကြောင့် လူငယ်များသည် သူတို့ပုံသွင်းသမျှ လက်မခံခဲ့ကြဘဲ သတင်း အမှန်များနှင့် သမိုင်းဖြစ်ရပ်မှန်များကို လေ့လာဖတ်ရှုကာ နှိုင်းယှဉ် စဉ်းစားလာတတ်ကြခြင်းပင်ဖြစ်သည် ။

ထိုအခါ သူတို့ရင်ထဲက အသိတရားက အမှန်များကို ဖော်ထုတ် ပြောကြားလိုလားကြသည် ။ ပြင်ပကမ္ဘာတွင် အမှန်တရားကို ပြောဆိုခွင့်မရသည့် အခါ ပြောဆိုခွင့်ရသည့် နေရာများတွင် သူတို့ခံစားချက်များကို ဖော်ထုတ်ရေးသားလျှက် ရှိသည်ကို အများအပြားတွေ့ရှိရလေသည် ။ သူတို့သည် နိုင်ငံရေး ပညာရှင် များမဟုတ်ကြချေ ။ နိုင်ငံအရေးကို စိတ်ဝင်စားကာ သမိုင်းအမှန်များကို သိမြင်လာရခြင်း၏ အကျိုးဆက်များနှင့် လက်ရှိအစိုးရ၏ သဘောထား များကို လက်မခံလိုသော စိတ်ကြောင့်ရေးသားတင်ပြလာခြင်းသာဖြစ်သည် ။ထိုကဲ့သို့ ရေးသားချက်များကို ပညာရှင်များဘက်မှ ကြည့်လျှင် ပညာသား မပါသည့် အရေးအသား ပြောဆိုမှုကို အမှားဟု ယူဆကာ တန်ပြန်ရေးသားချက်များကို ၀င်ရောက်ရေးသားလာကြသည် ။ အမှန်တကယ် ဖြစ်သည့်သည်က သူတို့တွေ၏ အမှားများကို ပြစ်တင်ပြောဆိုခြင်း ထက် လမ်းမှန် ကို ပြနိုင်မည့် စာသားမျာဖြင့် ဆွေးနွေးတင်ပြသင့်သည်ဟု ထင်မြင်ယူဆမိလေသည် ။

ဒီနေ့အချိန်အခါတွင် မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အသိပညာကြွယ်သည့်လူငယ်ထုများပေါ်ပေါက်လားရေးသည် လွန်စွာ အရေးကြီးလျှက် ရှိပေသည် ။ တိုင်ြး့ပည်ကို ချစ်မြတ်နိုးသည့် စိတ်များနေသော လူငယ်များကို လက်တွဲကာ ခေါ်ယူရမည့် အချိန်ဖြစ်သည် ။ သူတို့သည် နိုင်ငံရေး အသိအမြင် မကြွယ်ဝသော်လည်း နို်င်ငံကို ချစ်သည့် စိတ်ဓါတ်များ ဖုံလွှမ်းနေသော ကြောင့် အင်အားစု တရပ်အဖြစ် အသုံးချရမည့် အချိန်အခါဖြစ်သည်။
လူငယ်များပင် ဖြစ်သောငြား တိုင်းပြည်ကို ချစ်သည့် စိတ်ထားကို မြတ်နိုးတန်ဖိုးထားသင့်လှပေသည် ။

ဤနေရာတွင် ဥပမာ ပေးလိုသည်မှာ ကျောင်းနေကာစ ကလေးသည် ကကြီး ခခွေးပင် စရေးကြသော်လည်း မည်သူမှ ထိုလုပ်ရပ်ကို ပညာသား မပါသည့် အရေးအသားဟု မကန့်ကွက်ကြပါ ။ အဘယ်ကြောင့် ဆိုသော် ပညာသင့်ယူမည့် ကျောင်းသားတိုင်းသည် ကကြီးခခွေးမှ ပင် စတင် သင်ကြားရခြင်းကြောင့် ဖြစ်လေသည် ။ ထိုကကြီးခခွေးရေးနေသာ ကလေးငယ်များကို မည်သူမျှ ပညာရှင် မဖြစ်လာနိုင်ဟု ဝေဖန် ပြောဆိုသံ မကြာဖူးပါ ။ သို့သော် ယနေ့အချိန် နိုင်ငံရေး နယ်ပယ်တွင် ကကြီးခခွေး စတင် ရေးကျင့် နေသည့် လူငယ်များကို လမ်းမှန်ပြကြရမည့် အစား ချိုးနှိမ်ေ ရးသား နေကြသည် များသည် လူငယ်များ၏ တိုင်းပြည်ချစ်စိတ်ကို ဖျက်စီးပြစ်ရာ ရောက်ရှိနေသည် ။

လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်လိုလျှင် လူငယ်များ၏ အခန်းဂဏ္ဍကို သေချာစွာ ထည့်သွင်းစဉ်းစားသင့်သည် ။ ယခု အချိန်တွင် ကကြီးခခွေး လောက်ကို ရေးသားနိုင်သူများ သာ ဖြစ်ပေမယ့် နောင်အခါတွင် ထင်ပေါ်ကျော်ကြားသည့် နိုင်ငံရေး ကျမ်းများကို ပင် ရေးသားလာနို်င်ဟု ထောက်ဆလျှက် လူငယ်များကို လက်တွဲခေါ်သင့်သည်ဟု ထင်မြင်ယူဆမိလေသည် ။ တိုင်းပြည်အတွက် နိုင်ရာ တာဝန် ကို ထမ်းဆောင်လို့သည် ကကြီးခခွေးကိုကြိုးစားရေးနေသည့် လူငယ်များ ရှိသလို ကကြီးခခွေးလောက်ကို ပင် စိတ်မ၀င်စားသည့် လူငယ်များကား ရိုက်သတ်၍ မကုန်နိုင်အောင် ပေါများလှပေသည် ။ ထိုလူငယ်များကို ကကြီးခခွေး ရေးချင်စိတ်ရှိအောင် ပင် သင်ကြားပေးရအုံးမည် ။ ထိုသို့ရေးချင်စိတ်ရှိအောင် ဆွဲဆောင်ရမည့် အချိန်တွင် ရေးချင်စိတ်ရှိနေကြည့် နိုင်ငံချစ်စိတ်ကို မြတ်နိုး တန်ဖိုးထားသည့် လူငယ်များကို ချိုးနှိမ်ခြင်းသည် ပညာရှင်များ၏ လုပ်ရပ်များ မဟုတ်သည်ကို တွေးကာ အမြန်ဆုံး ပြင်သင့်သည်ဟု အကြံပေးလိုပါသည် ။

ယနေ့မြန်မာနိုင်ငံရေး နယ်ပယ်၏ အားနည်းချက်တခုကား အတိတ်မှ လုပ်ရပ်များကို ဆွဲကိုင်ကာ ပစ္စုပ္ပန် အခြေအနေကို ထည့်မတွက်ဘဲ လှစ်လှူရှု ထားတတ်ကြ ခြင်းပင်ဖြစ်သည် ။ ငါတို့က ဘယ်တုန်းက ၊ ဘယ်တော်လှန်ရေးမှာ ဘယ်အဖွဲ့အစည်းနှင့် ပူးပေါင်၍ ဘယ်လို ပါဝင် ဆင်နွှဲခဲ့တာကို အကြောင်းပြုလျှက် သက်သက် မာန်ဝင့်နေကြခြင်းပင်ဖြစ်သည်ဟု ပွင့်လင်းစွာ ထောက်ပြလိုပါသည် ။ ကျွန်ူပ်သည် ၈၈၈၈ အရေးအခင်းတွင် မူလတန်းပညာကို စတင် သင်ကြားနေရသည့် အရွယ်ဖြစ်သည် ။ ထိုကြောင့် ထို အချိန်တွင် ပါဝင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ ။ သို့သော် ယခု ပါဝင်ဆောင်ရွက်နိုင်သည့် အသက်အရွယ် အပိုင်းအခြားကာလကို ရောက်ရှိနေသသည်ဟု ခံစားရကာ တတ်နိုင်သမျှလူငယ်များကို လမ်းမှန်ပြနိုင်အောင် ကြိုးစားခဲ့ပါသည် ။ ထိုအခါ သမိုင်းကြောင်း ရှိသူများက လက်တွဲခေါ်လိုသူများ ရှိသလို သမိုင်းကြောင်း မရှိသေး၍ ကျွန်ူပ်၏ ကကြီးခခွေး ရေးချင်သည့်စိတ်များကို ကန့်လန့်တိုက်နေသာ လူများလည်း အများအပြားပင် တွေ့ရှိရပါသည် ။ ယနေ့ စစ်အာဏာရှင်များက ဆိုလျှင် သာ၍ ဆိုးသေး၏ ။ နိုင်ငံရေး နှင့်ပက်သက်၍ ၀လုံး စတင်ရေးရန် ကြိုးပမ်းသူများကိုပင် ဌင်းတို့၏ အာဏာကို ထိပါး စော်ကားသူ ဟု သတ်မှတ်ကာ မတရားဖမ်းဆီးကာ အမျိုးမျိုး နှိပ်စက် ပြလျှက် ရှိနေသေးသည် ။

ကွန်ပြူတာကို စတင်သင်ကြား သင်ယူရသည့် အချိန်က စာတစ်ကြောင်း ရိုက်နိုင်ဖို့ အတွက် ကီးဘုတ်မှ ခလုတ်များကို ကြည့်၍ ရိုက်ရသည် ။ မည်သည့်နေရာ တွင် မည်သည့် အက္ခရာရှိနေသည်ကို လိုက်လံမှတ်သား ကာ အလေ့အကျင့် မပြတ် ပြုလုပ်ကြရသည် ။ မကျွမ်းကျင်ကြသေးသည့် အချိန်တွင် နှေးကွေးလေးလံနေ သော်လည်း ကျွမ်းကျင်သည့် အခါ လက်ချောင်းလေးများက စိတ်၏ ခိုင်းစေချက်အတိုင်း လျှင်မြင်စွာ လုပ်ဆောင် လာနိုင်ကြသည် ။ ယခု အချိန်တွင်လည်း နိုင်ငံရေး နှင့်ပက်သက်၍ လူငယ်များသည် မပြတ်လေ့လာ ဆည်းပူးသင့်သည် ။ လေ့လာကာစဖြစ်၍ အခက်အခဲများကြာင့် ရပ်တန့်လိုက်လျှင် နောင်ဝယ် မည့်သည့် အခါမှ နားလည်လာ မည်မဟုတ် ။ ထိုသို့လေ့လာလိုက်စားကာ ကျွမ်းကျင်လာသည့် အချိန်တွင် အလွန်အဆင် ပြေချောမွေ့လာကာ လွန်စွာ အသုံးဝင်လှသည်ကို လက်တွ့ကျကျသိမြင်နိုင်ပါတယ် ။ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သည့်
အရေးကို အတိုကောက် ခေါ်သည့် နိုင်ငံရေး ဆိုသည့်စကားကို လူငယ်တွေ နားမှာ ခါးသီးနေကြအုံးမည် ၊ ငြင်းဆန်နေကြအုံးမည်ဆိုလျှင်တော့ ကျွန်ူပ်တို့ တိုင်းပြည် တိုးတက်ထွန်းကားရေး သည် ဝေးနေအုံးမည်ဖြစ်ပါသည် ။ နိုင်ငံရေး ဆိုသည့်စကားလုံးကို လူငယ်များ နူတ်ဖျားက ချိမြိန်စဖွယ် ကောင်းသည့်
စကားသံများဖြင့် အပြုသဘောဆောင်သည့် ဝေဖန်ချက်များ ဖြင့်ရေရွေတ်သံ တွေ ကြားလာရအောင် ပထဆုံး ကြိုးစားသင့်လေသည် ။
ကိုယ်လုပ်မှ ကိုယ်စားရတာ ။ နိုင်ငံရေးကို ဝေးဝေးရှောင်ဆိုသည် အာဏာရှင် တွေ အမိန့်စကားဆန်ဆန် တွေ ကို ရင်ထဲ သိမ်းပိုက်ထားတာတဲ့ လူငယ်များ အနေဖြင့်လည်း နိုင်ငံရေးကို ကိုယ်တိုင် လက်တွေ့ကျကျ လေ့လာပြီး အကျိုးမရှိတဲ့ အယူဝါဒ တွေကို စွှန့်လွတ်ကြပါလို့ တောင်းဆို ချင်ပါတယ် ။

အစားအစာကို စား၍ ၀မ်းမီးဖြင့် အစာမချက်ဘဲ ပြန်ထုတ်သည်ကို အန်သည်ဟု ခေါ်သည် ။
ထိုသို့ အန်ထုတ်လိုက်ရသည့် အတွက် စားထားသမျှ သည် အကျိုးမရှိသလို ဘေးထွက် ဆိုးကျိုးများကို ခံစားဖူးကြမည် ထင်ပါသည် ။ အစာကို ကျေညက်စွာ ချက်၍ လိုအပ်သည့် နေရာတွင် ခွန်အား အဖြစ် အသုံးချ၍ မလိုသည်များကို စွှန်ထုတ်ပစ်နိုင်မှသာ လူခန္ခကိုယ် အတွက် အကျိုးရှိသည် ။ ထို့အတူ သူတပါး အတွေးခေါ်များကို ကိုယ်ပိုင်ညဏ်ဖြင် မဆင်ခြင် မသုံးသပ်ဘဲ လိုက်လံ ပြောဆို နေခြင်းသည် အကျိုးမရှိသလို တခါတရံ ဆိုးကျိုးများကို ပါ ခံစားကြရတတ်ပါသည် ။ ထိုကြောင့် မိမိတို့ ဖတ်မိသမျှကို ကိုယ်ပိုင်ညဏ်နှင့် ဆင်ခြင်စဉ်းစားကာ သိမ်းထားအပ်သည့် အတွေးအခေါ်များကို ကိုးကားရန် အသုံးချသင့် သလို အသုံမကြသည့် အတွေးအခေါ်များကို လွှတ်ချပစ်သင့်သည် ။ ထိုသို့ မှားယွင်းသော အတွေးအခေါ်များ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို အများသိရှိစေရန် ပြန်လည် တင်ပြပေး အပ်သည် ။

အာဏာရှင် များက တိုင်းပြည်ကို စနစ်တကျ ဖျက်စီးနေသည့် အချိန်တွင် ဘုန်းတော်ဘွဲ့များ ရေးလာကြသူများ သလို ဘုန်းတော်ဘွဲ့များကို ရွတ်ဆိုပေးနေကြသည့် အနုပညာရှင်များ လည်း တဖြည်းဖြည်းများ လာကြသည် ။ နိုင်ငံရေး အလုပ်ကို လူငယ်များ အထင်သေးလာစေရန် ရေးသားနေသည့် လူများလည်း မနည်းလှပါ ။ လုပ်ရှားသူနှင့် လုပ်စားသူများကို ကိုယ်တိုင် မခွဲခြားတတ်ဘဲ ၀ါးလုံးရှည်နှင့်သိမ်းကာ ပတ်ရမ်းတတ်ကြသော ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာ လူတစ်စု၏ အကြံညဏ်ကို ကျွန်ူပ်တို့ လက်မခံသင့်ပါ ။ တိုင်းပြည်၏ လက်ရှိ အနေအထားကို ကိုယ်တိုင် သိမြင်နေရပါလျှက် တိုင်းပြည်အပေါ်ကို သစ္စာဖောက်ကာ ရေးသားနေကြသည့် ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာ လူတစ်စု စကားကို ဆက်လက် ယုံထားကြလျှင်တော့ ဆိုးကျိုးများကို ခါးသီးစွာ ခံစားကြရအုံမည်မှာ မုချပင်ဖြစ်သည် ။ စစ်အာဏာရှင်တို့အား အကြိုက် ဆောင်သည့်အရေးအသားမျိုးကို ရေးသားသူများ သည် အမည်အရင်းကို ဖော်ပြယုံသာ မက မှတ်ပုံတင်ပါ ပူးတွဲ ချိတ်ထားရင်တောင် ပြဿနာတက်မည် မဟုတ်။ သို့သော် စစ်အာဏာရှင် စနစ်မကောင်းကြောင်း ရေးသားသူများအတွက်ကား အန္တာရယ် များလှသည်ကို ယနေ့ ထောင်တွင်းမှ အသိပညာရှင် ၊ အတတ်ပညာရှင်များက သက်သေပြလျှက် ရှိနေပါသည် ။ ဒါတွေကို သိထားပါလျှက်နှင့် အမည်ဝှက်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးကို လုပ်ရှားနေသူ များကို ပုဆိုးခြုံထဲက လက်သီးပြနေတယ်ဟု စွပ်စွဲပြောဆိုနေသူများ၏ လုပ်ရပ်များသည် တရားမျှတမှု ရှိပါ၏လော လက်ရှိအနေအထားကို ဆင်ခြင်ပြီး ကိုယ်တိုင် စဉ်းစားသင့်ပေသည် ။

ယနေ့ မြန်မာနိုင်ငံ၏ အပြောင်းအလဲ သည် လူငယ်များပေါ်တွင် မူတည်နေသည်ဟု ကျွန်ူပ် ယုံကြည် ထားလေသည် ။ ကျွန်ူပ်သည်သာ မက သမိုင်းကလည်း သက်သေပြနေသည်ကို အထင်အရှား တွေ့မြင် နေရပါလျှက်နှင့် ယနေ့ လူငယ်များ၏ နိုင်ငံအပေါ်တွင် ထားရှိသော စေတနာများကို ကန့်လန့်တိုက်နေအုံး မည် ဆိုလျှင် ဒီမိုကရေစီ ပန်းတိုင်ကို မည်သို့မျှ မချည်းကပ်နိုင်ပါဟု ကျွန်ူပ် အသက်ကို လောင်းကြေးထပ်ကာ ပြောဆိုရဲပါသည် ။ တိုင်းပြည် အပေါ်ကို တကယ်ကောင်းစားစေလိုသည့် စိတ်ဆန္ဒရှိသည့် ခေါင်းဆောင် တိုင်းသည် လူငယ်များ၏ အခန်းဂဏ္ဍကို အထူးထည့်သွင်း စဉ်းစားလေ့ ရှိပါသည် ။ ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုသည့် စကားသည် အမှားမရှိ ပကတိ ထင်ရှား လွန်းလှပေသည် ။ ဒီနေ့ကကြီးခခွေး နိုင်ငံရေးကို စတင်ရေးသား နေသည့် လူငယ်များကို လက်တွဲ ၍ မခေါ်ယူနိုင်ခဲ့လျှင် စစ်ကျွန် အဖြစ်မှ လွတ်မြောက်ရန် လမ်းစပင် မမြင်ပါ ။ လူငယ်များကို လမ်းမှန်ပြ၍ လက်တွဲခေါ်ယူခြင်းသည် အကောင်းဆုံး ဗျူဟာ ပင်ဖြစ်သည်ဟု ယုံကြည်ထားပါသည် ။ ပညာသင်ကြားခြင်း အခန်းဂဏ္ဍတွင် အဆင့်ကျော်၍ သင်ကြား၍ မရသလို မြန်မာနိုင်ငံရေး အပြောင်းအလဲသည်လည်း အဆင့်ကျော်၍ မရနိုင်ပါ ။ တော်လှန်ရေး မကျင်းပနိုင်သရွှေ့ ရေစုန်မြော နေအုံးမည့် နိုင်ငံရေး အခင်းအကျင်းဟု ထင်မြင်ယူဆမိ နေပါသည် ။ အဘယ်ကြောင့်နည်း ဆိုသော ယခု ကျင်းပမည့် ရွေးကောက်ပွဲ အထမြောက် အောင်မြင်ခဲ့လျှင်လည်း လူဝတ် လည်းကာ ဆက်လက် အုပ်ချုပ်မည့် အာဏာရှင် တစ်စုသာ နေရာရမည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု အဘက်ဘက်မှ တွက်ဆမိသောကြောင့် ဖြစ်လေသည် ။

ဤနေရာတွင် ရသလောက် နေရာလေးတော့ ၀င်တိုးပါရစေ ဟု အာမခံကာ ပြောကြားနေသည့် ပါတီဝင် များလည်း သတိထားကာ အခြေအနေမှန်ကို ပြန်လည် သုံးသပ်သင့်သည် ။ လွှတ်တော်ခေါ်ပြီး ရက်ပေါင်းကိုးဆယ် ကြာမှ နိုင်ငံတော် အလံအသစ်ကို လွှင့်ထူရမည်ဟု အခြေခံ ဥပဒေတွင် ပါရှိပါသည် ။ သို့သော် ဗေဒင်စရာ အားကိုးနှင့် ယတြာ ချေခြင်းလောက်ကိုသာ သိထားသည့် စစ်အာဏာရှင်များသည် သူတို့ လုပ်ချင်သလို လုပ်ပြသွားသည် ။ မည်သူမျှ ကန့်ကွက် ပြောဆို၍ မရပါ ။ ထို့ကြောင့် ယနေ့ ရွေးကောက်ပွဲ ပြီး၍ လွှတ်တော်ထဲရောက်လျှင် လည်း ယခုကဲ့သို့ပင် ဖြစ်နေအုံးမည်ကို ပြည်သူများနှင့် ပါတီ ၀င်များ သတိထားကာ စဉ်းစားသင့်သည် ။ လက်ရှိ ပစ္စုပ္ပန် အခြေအနေတွင် ပြည်သူလူထု ဘက်မှ ရပ်တည် မပေးနိုင်ပါဘဲ နောင် အနာဂါတ်တွင် ကျွန်ူပ်တို့ ကောင်းကျိုး ဆောင်ရွှက်ပေးပါမည်ဟု ဆိုသည့်စကားကို မည့်သည့် ဦးနှောက်မျိုးဖြင့် စဉ်းစား၍ လက်ခံ၍ ရပါမည်နည်း ။ အမှန်ကို သိလျှက် အမှားကို လက်ခံထား ကာ မထူးဇတ်ခင်းလျှင် တိုင်းပြည်ကောင်းစားဖို့ ထက် ပျက်စီးစေမည့် လမ်းကြောင်းကြီးကို လူထုကို ချီတက် ခိုင်းနေသည်နှင့် တူပေသည် ။

ဒီနေ့ မြန်မာနိုင်ငံ အခြေအနေ သည် ယခု အတိုင်းဆက်သွား လျှင် မကြာခင် ဗုံးဗုံးလဲကြတော့မည် ။ တိုင်းပြည်၏ ၀င်ငွေမှန်သမျှသည် သယံဇာတကို အခြေခံထား ခြင်းကြောင့် ဖြစ်လေသည် ။ ရာသီဥတု၏ နှိပ်စက်သည့် ဒဏ်များကို ခံစားရသည့် ကြားထဲ ကိုယ်ကျိုးရှာ အာဏာရှင်များက တိုင်းပြည်ဘဏ္ဍာကို စိတ်ကြိုက် အလွဲသုံးစား လုပ်နေခြင်း၏ အကျိုးဆက်များက ပြည်သူလူထု အငတ်ဘေး ဆိုက်သွားနိုင်ပါသည် ။ သဘာဝ သယံဇတ အရင်းအမြစ်များ ပေါကြွယ်ဝသလို ၊ လူစွမ်းအား အရင်းအမြစ်များလည်း ရှိပါသည် ။ သို့သော် အကျိုးရှိစွာ အသုံးမချတတ်ကြသည့် ညဏ်အမြော်အမြင် ဘာမှ မရှိတဲ့ ခေါင်းဆောင်တွေကို တရားဝင် အုပ်ချုပ်မှု အာဏာ ဆက်လက် အပ်နှင်းကြမည့် ဒီရွေးကောက်ပွဲကြီး ဖြစ်မြောက်ရေးကို လိုက်လံ နိုးဆော်ပေးနေသူများလည်း သတိထားကာ ဆင်ခြင်စေချင်ပါတယ် ။

ကျွန်ူပ်နှင့်လူငယ်များ၏ နိုင်ငံရေး အသိအမြင်သည် ကကြီးခခွေး စတင်ရေးသည့် ကလေးငယ် ပမာ ဖြစ်ချင်ဖြစ်မည် ။ သို့သော အမှန်တရားကို လက်ကိုင်ထား၍ ပစ္စုပ္ပန် အခြေအနေကို လက်တွေ့ကျကျ စဉ်းစားကာ ရေးသားခြင်းကြောင့် အမှား မဟုတ်ပါ ဟု အာမခံပြောကြား ရဲပါသည် ။ ထိုကြောင့် ကကြီးခခွေး စတင်ရေးသား လာကြသည့် အမှန်တရားကို မြတ်နိုး တန်ဖိုးထားသည့် လူငယ်များ ကို ကျွနူ်ပ်လေးစားပါသည် ၊ ဂုဏ်ယူသည် ၊ အားထားသည် ။ ထို့အတူ တိုင်းပြည်ကို ချစ်သည့်စိတ်ဖြင့်ကိုယ်တိုင် ပါဝင် ကြိုးစားလိုသည့် နိုင်ငံရေး အသိအမြင်နှင့်ပက်သက်၍ ၀ လုံးလောက်ကို ပင် မသိသေးသည့် လူငယ်များကို လက်တွဲခေါ်ယူ လမ်းပြပေးကြပါ ။ တိုင်းပြည်ကို တကယ်ချစ်သည်ဟု ခံယူထားကြလျှင် အာဏာရှင် ဆန့်ကျင်ရေး အတွက် ကျရာ အခန်းဂဏ္ဍက ပါဝင်ဆောင်ရွက်သင့် သည့် အချိန်အခါ ဖြစ်သော ကြောင့် လူငယ်များကို ဆက်လက် ကြိုးစား လုပ်ဆောင်ကြရန် နှင့် နိုင်ငံရေး ပက်သက်၍ တိုင်းပြည် တိုးတက် ထွန်းကားစေလိုသည့် စေတနာနှင့် သတင်းမှန်များ ၊ သမိုင်းဖြစ်ရပ်မှန်များ ဖော်ထုတ်ရေးတွင် ကိုယ်တိုင် ပါဝင် ဆောင်ရွက်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အကြံပြု တင်ပြ လိုက်ရပါသည် ။

ခင်မင်လေးစားလျှက်

**ဗမာ့သွေး**

ယနေ့ နိုင်ငံရေး သမားတွေ ခံယူချက်တွေ မှားနေကြတယ် လို့ ခံစားရတယ် ။ သူတို့တွေရဲ့ ဦးတည်ချက်တွေ လွဲနေလို့ သဘောထားတွေက ဆန့်ကျင်နေကြတာပါ ။ နောက်တချက် လူငယ်တွေ အပေါ်ကို ထားရှိတဲ့သဘောထား အမြင်တွေက ပိုပြီး ကျဉ်းမြောင်းလာသလို ခံစားရပါတယ် ။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)