ကျောင်းဆရာတစ်ယောက်နှင့် တရားဟောဆရာတစ်ယောက်သည် စားသောက်ဆိုင်တစ်ခုထဲသို့ ၀င်ခဲ့ကြ၏။ ထိုအခါ တရားဟောဆရာက နွားနို့တစ်ခွက်မှာ၏။ သို့သော် စားပွဲထိုးကလေးက မှားပြီး နို့အရက်လာချပေး၏။ ကျောင်းဆရာက သိလျှက်နှင့် ဘာမှဝင်မပြောပေ။ တရားဟောဆရာက နို့ဟု ထင် သဖြင့် သောက်ချလိုက်၏။ အားလုံးကုန်သွားသည့်အခါ သူက ကောင်းကင်သို့ မျက်လုံးလှန်ကြည့်လိုက်ပြီး…။
`အိုး… ဘုရားသခင်၊ ဒီနေ့ နွားနို့ အလွန်ကောင်းလှပေသည်´ဟု ရေရွတ်မြည်တမ်းလိုက်သည်ဆို၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment