ကမ္ဘာမှာလဲ မရှိ၊ ဘယ်နေရာမှာမှ မရှိ။
တခုပြည့်စုံပြန်တော့
ကြွင်းကျန် လစ်ဟင်း
အပြစ်မကင်းတာ တခုခု တွေ့ရပြန်ရော။
လူ့ဗီဇတွေ မျိုးစပ်တော့
မြတ်တာလဲပါ၊ ညံ့တာလဲရှိ
ဘယ်လောက်အချိုးအဆနဲ့
မျိုးကျနေမှန်းမသိ။
ချို့တဲ့မှုကို အချစ်နဲ့ဖုံး
အမုန်းနဲ့ မကြည့်မိအောင်နေ
ပြေပြစ်အောင် ညှိယူ
အဖြူရောင်အလှ ရအောင်ဖန်တီး
လူ့ခရီးဆိုတာ
မပြီးဆုံးနိုင်အောင် ညှိနေရတာပဲ။
သံစဉ်ညီမှ
ဂီတ မြောက်ပေလိမ့်မယ်။ ။
တင်မိုး
(ကဗျာပေါင်းချုပ်- ၁၉၉၉)
(၁၉၊ ဇူလိုင်လ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)
ပြီးပြည့်စုံတဲ့ သတ္တ၀ါဟူ၍
ကမ္ဘာမှာလဲ မရှိ၊ ဘယ်နေရာမှာမှ မရှိ။
တခုပြည့်စုံပြန်တော့
ကြွင်းကျန် လစ်ဟင်း
အပြစ်မကင်းတာ တခုခု တွေ့ရပြန်ရော။
လူ့ဗီဇတွေ မျိုးစပ်တော့
မြတ်တာလဲပါ၊ ညံ့တာလဲရှိ
ဘယ်လောက်အချိုးအဆနဲ့
မျိုးကျနေမှန်းမသိ။
ချို့တဲ့မှုကို အချစ်နဲ့ဖုံး
အမုန်းနဲ့ မကြည့်မိအောင်နေ
ပြေပြစ်အောင် ညှိယူ
အဖြူရောင်အလှ ရအောင်ဖန်တီး
လူ့ခရီးဆိုတာ
မပြီးဆုံးနိုင်အောင် ညှိနေရတာပဲ။
သံစဉ်ညီမှ
ဂီတ မြောက်ပေလိမ့်မယ်။ ။
တင်မိုး
(ကဗျာပေါင်းချုပ်- ၁၉၉၉)
(၁၉၊ ဇူလိုင်လ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း)


No comments:
Post a Comment