ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 29, 2010

လူတွင်ကျယ်လုပ်ဖို့ လေ့လာတာမဖြစ်စေနဲ့

> မိတ်ဆွေလူငယ်တစ်ယောက် ရှိပါတယ်။ မကြာခဏ ရောက်လာပြီး စကားပြောလေ့ရှိပါတယ်။ စာအုပ်စာတမ်းတွေလည်း ငှားဖတ်တတ်ပါတယ်။ အာဖရိကတိုက်မှာ ပြည်တွင်းစစ်ဖြစ်တဲ့ကိစ္စ၊ အာဏာသိမ်းတဲ့ကိစ္စလို ကိစ္စတွေ ပေါ်လာတိုင်း ပူပူနွေးနွေးရောက်လာပြီး ဆွေးနွေးမေးမြန်းတာတွေလုပ်ပါတယ်။ ဘယ်လိုကြောင့် ရယ်တော့ မသိဘူး သူဟာ အာဖရိကကို တစ်အားစိတ်ဝင်စားပြီး နေ့စဉ်သတင်းတွေကို မပြတ်မလတ်ရအောင်ဖတ်ပြီး မှတ်သားစုဆောင်းထားပါတယ်။ သူဟာ သမိုင်းဆရာ မဟုတ်သလို သတင်းတွေနဲ့ အလုပ်လုပ်တဲ့ ဂျာနယ်လစ် လည်း မဟုတ်ပါဘူး။ ကမ္ဘာ့ရေးရာတွေကို စိတ်ဝင်စားတဲ့ လူငယ်တစ်ယောက်သာဖြစ်တယ်။ သူ့အလုပ်က ဆည်တွေဆောက်တဲ့ အင်ဂျင်နီယာပါ။

တွေ့ရခဲတဲ့ လူငယ်မျိုး
အကြောင်းအရာတစ်ခုကို စူးစူးစိုက်စိုက် လေ့လာလိုက်စားတဲ့ လူငယ်မျိုး ဒီခေတ်မှာ တွေ့ရခဲလွန်းလို့ အင်ဂျင်နီယာ လူငယ်လာတိုင်း စိတ်ဝင်စားစွာ စကားတွေ ပြောဖြစ်ပါတယ်။ သူ့အတွက် အထောက်အကူ ရစေမယ့် စာအုပ်စာတမ်းတွေလည်း ရှာဖွေပေးပါတယ်။ တချို့စာအုပ်ဆို သူက တစ်အုပ်လုံး မိတ္တူကူးယူ ထားတတ်တယ်။ သူက စစ်ရေး နိုင်ငံရေးတွေလောက် လေ့လာတာ မဟုတ်ဘူး။ အာဖရိက ၀တ္ထုတွေ ကဗျာတွေ၊ ကျေးလက်သီချင်းနဲ့ ပုံပြင်တွေလည်းဖ် မှတ်စုဆောင်းပါတယ်။ တစ်ခါတလေကျတော့လည်း သူရှာလို့ရတဲ့ ၀တ္ထုစာအုပ် ကဗျာစုအပ်တွေ ယူလာပေးတတ်တယ်။ သူနဲ့စကားပြောရတာ ကိုယ့်အတွက်လည်း အကျိုးရှိပါတဲ့ ကင်ညာက ဂျိုမိုကညတ်တာ၊ တန်ဇန်နီးယားက ဂျူးလိယက်ညီရေးရေး၊ ဇမ်ဘီယာက ကဲနက်ကာအွန်ဒါး၊ မာလီက မိုဒီဘိုကေတာ၊ ဂွန်ဂိုက လူမွန်ဘား၊ အယ်လ်ဂျီးရီးယားက ဘင်ဘဲလား စတဲ့စတဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် ခေါင်းဆောင်ကြီးတွေ အကြောင်းများပြန်လည်အမှတ်ရမိစေပါတယ်။ သူ့ကိုပဲ ကျေးဇူးတင်ရသေးတယ်။
ဟုတ်စလိုလိုနဲ့ အဖျားရူး
နှစ်ပေါင်းနှစ်ဆယ်အစိတ် ကျောင်းဆရာလုပ်ခဲ့တော့ ကျောင်းသားတွေနဲ့ လူငယ်တွေ ထောင်နဲ့ချီပြီး လက်ပွန်းတတီးနေခဲ့ဖူးပါတယ်။အတော်များများဆို နိုင်ငံခြားတိုင်းပြည်မျိုးစုံမှာ အလုပ်အကိုင် ဟန်ကျပန်ကျနဲ့ ဖြစ်နေကြပါပြီ။ ပြည်တွင်းမှာရှိတဲ့ သူတွေလည်း သူ့နယ်နဲ့သူ တစ်ခုတစ်ကောင်တစ်ယောက် ဖြစ်နေတာ များပါတယ်။ ဒါပေမယ့် အခု ဆည်မြောင်းအင်ဂျင်နီယာ လူငယ်လို တစ်ခုခုကို ထဲထဲဝင်ဝင် စူးစူးစိုက်စိုက်လေ့လာသူမျိုးတော့ တွေ့ရခဲ့တာ အမှန်ပဲ။ တချို့က ခဏတော့ ဟုတ်မလိုလိုနဲ့ နောက်ကျ အဖျားရူးသွားပြီး လှည့်တောင်မကြည့်တော့ဘူး။ ဒါက သူလိုငါလိုလူမျိုးပြောတာမဟုတ်ဘူး။ ပညာရပ်တစ်ခုကို ပါရဂူဆိုတဲ့ ဘွဲ့ကြီးတစ်ခုရအောင် သင်ယူခဲ့သူတွေတောင်မှ ဘွဲ့လည်းယူပြီးရော သူအထူးပြုခဲ့တဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘာမှ ဆက်မလုပ်တော့ဘူး။ ရပြီးသား ဘွဲ့တစ်ခုနဲ့ ထိုင်စားနေတော့တာပဲ။ ကွယ်လွန်သူ ဆရာဒေါက်တာသန်းထွန်းလောက် ပညာရပ်ဆိုင်ရာကျမ်းတွေ အများကြီး သုတေသနပြု ရေးသားခဲ့တဲ့ ဒေါက်တာဘယ်နှစ်ယောက်များ ကျနော်တို့ လက်ညှိုးထိုးပြစရာရှိလို့လဲ။ ပညာခေတ်၊ ပညာခေတ်နဲ့ ခပ်ကျယ်ကျယ် အော်လေ့ရှိတဲ့ ခေတ်လူငယ် ပညာတတ်ဆိုသူတွေ ရှက်စရာကောင်းလှပါတယ်။
စွဲစွဲမြဲမြဲ လေ့လာပါ
ပညာရပ်ဆိုလို့ ရှုပဗေဒတို့ ဓာတုဗေဒတို့ ညူကလီးယားဗေဒတို့လို ပညာတွေကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။ သစ်ခွပန်းတွေအကြောင်း စေ့စေ့စပ်စပ် လေ့လာတာလည်း ပညာရပ်ပါ။ လိပ်ပြာလေးတွေအကြောင်း စွဲစွဲမြဲမြဲ လေ့လာတာလည်း ပညာရပ်ပါ။ ယုတ်စွအဆုံး တံဆိပ်ခေါင်းတွေ စုဆောင်းလေ့လာနေတာလည်း ပညာရပ်ပါပဲ။ အကျိုးမယုတ်ပါဘူး။ ကိုယ်ဝါသနာပါရာ တစ်ခုခုကို စွဲစွဲမြဲမြဲ လေ့လာသမျှ ကောင်းတာချည့်ပါ။ ဒါပေမယ့် ဒီခေတ်မှာ ဒီလိုလူမျိုးတွေ မရှိသလောက်ရှားတယ်။ လူတိုင်းလိုလိုက အပေါ်ယံလျှပ် လေ့လာတာမျိုးလောက်လုပ်ပြီး လူတွင်ကျယ်လုပ်ချင်နေကြတာပဲ တွေ့ရတယ်။ မေးလိုက်ရင်တော့ မသိတာ ဘာမှမရှိသလိုပဲ။ နိုင်ငံရေး ကမ္ဘာ့အရေးလည်းသိ၊ စီးပွားရေးလည်းသိ၊ စာပေအနုပညာဆိုလည်း စွယ်စုံသိ။ ဒါပေမယ့် တကယ်တမ်း ပြောကြဆိုကြတော့ ဘာမှသိတာ မရှိဘူး။ လူအထင်ကြီး ခံရရုံလောက် ဟိုစပ်စပ် ဒီစပ်စပ် ဖတ်ရှုမှတ်သား ထားတာပဲဖြစ်တယ်။ ညာစားနေတာလို့ ပြောရမှာပဲ။
ဘယ်သူကျေနပ်ဖို့မှမဟုတ်
ညာဝါးဖြီးဖြန်း စားတဲ့အကျင့် လူများစုကြီးမှာ အမြစ်တွယ်နေတာ တော်တော်ကြာပြီ။ စီးပွားရေး လောကမှာလည်း ဟိတ်ဟန်ထုတ်ပြီး ညာစားနေတာ အများကြီးပဲ။ ၀န်ထမ်းလောကမှာလည်း အထက်က ကြေနပ်အောင် အမျိုးမျိုး လိမ်လေ့ရှိကြတယ်။ စာရင်းတွေလိမ်တယ်။ မလည်နိုင်ဘဲ ရပ်ထားရတဲ့ စက်ရုံကို လူကြီးတွေ လာကြည့်မှ လက်ပူတိုက်လည်ပြ၊ ဒါမှမဟုတ် အပြင်က ငှားထားတဲ့ ပစ္စည်းအစားထိုးလည်ပြနဲ့ လိမ်ကြတယ်။ ဒါလောက်ကို စိတ်ဓာတ်တွေ ပျက်စီးနေကြတာ၊ အလုပ်တစ်ခု လုပ်တယ်ဆိုတာဟာ ဘယ်သူဘယ်ဝါ ကြေနပ်ဖို့မှ လုပ်ရတာ မဟုတ်ဘူး။ ကိုယ်လုပ်ရမယ့် အလုပ်မို့ တာဝန်ကျေအောင် လုပ်တယ်ဆိုတဲ့ စိတ်မျိုးသာ ထားရှိရမှာ ဖြစ်တယ်။ ကိုယ်လုပ်ရမယ့်အလုပ် ကိုယ်လုပ်တာမို့ ကျေးဇူးတင်ခံစရာလည်း အကြောင်းမရှိဘူး။ အခွင့်ထူးခံစားစရာလည်း မရှိဘူး။ ဘယ်သူ ဘယ်ဝါ ကျေနပ်ဖို့မှလည်း မလိုဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်တာပဲလေ။
လူတွင်ကျယ် လုပ်ချင်စိတ်
နည်းနည်းလုပ်ပြီး များများလိုချင်တဲ့စိတ်မျိုးဟာ မကောင်းဘူး။ အချောင်သမားစိတ်ဆိုတာ ဒါမျိုးကိုခေါ်တာ၊ ဒီစိတ်မျိုး ကလေးတွေ ခေါင်းထဲ မရောက်စေချင်ဘူး။ မိဘတွေ ဆင်ခြင်ကြဖို့ကောင်းတယ်။ ကူးချလို့ပဲအောင်အောင်၊ ခိုးချလို့ပဲ အောင်အောင်၊ စာမေးပွဲအောင်ရင် ပြီးတာပဲဆိုတဲ့ အတွေးမျိုး ကလေးတွေမှာ လုံးဝမရှိသင့်ဘူး။ ကိုယ့်အစွမ်းအစနဲ့ ကိုယ်လုပ်လို့ရတာ မဟုတ်ရင် ဘာမှမလိုချင်ဘူးဆိုတဲ့ စိတ်မျိုးသာ ရှိသင့်တာဖြစ်တယ်။ မဟုတ်တာ မမှန်တာ မတရားတာမျိုး လုပ်ရမှာရှက်တဲ့စိတ် ငယ်ငယ်လေးကတည်းက လေ့ကျင့်ပျိုးထောင်ပေးထားရမှာပါ။ ငယ်စဉ်ကတည်းက ရှက်စိတ်ဆိုတာ မရှိရင်ကြီးလာတဲ့အခါ အချောင်သမားစိတ်၊ ညာဝါးဖြီးဖြန်း စားချင်တဲ့ စိတ်တွေ အသေအချာကို ၀င်လာမှာပါ။ အထက်က ပြောခဲ့တဲ့ ဆည်ဆောက်တဲ့ အင်ဂျင်နီယာလို တစ်ခုခုကို စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲ လေ့လာတဲ့ လူငယ်မျိုး မရှိသလောက် ရှားပါးနေတာဟာ၊ ညာဝါဖြီးဖြန်းပြီး လူတွင်ကျယ် လုပ်ချင်စိတ်တွေ ကြီးမားများပြားနေလို့ဖြစ်တယ်။ ဒီစိတ်ကို တားဆီးနိုင်မှ ထူးချွန်တဲ့ လူငယ်တွေ ပေါ်ထွက်လာမှာပါ။ ထူးချွန်တဲ့ လူငယ်တွေ များများရှိမှ တိုင်းပြည်မြန်မြန် တိုးတက်မှာ ဖြစ်ပါတယ်။

လူထုဦးစိန်ဝင်း
(လူထုရနံ့စာစုများမှ၊ ၈၊ ၈၊ ၂၀၀၉)

မိတ်ဆွေလူငယ်တစ်ယောက် ရှိပါတယ်။ မကြာခဏ ရောက်လာပြီး စကားပြောလေ့ရှိပါတယ်။ စာအုပ်စာတမ်းတွေလည်း ငှားဖတ်တတ်ပါတယ်။ အာဖရိကတိုက်မှာ ပြည်တွင်းစစ်ဖြစ်တဲ့ကိစ္စ၊ အာဏာသိမ်းတဲ့ကိစ္စလို ကိစ္စတွေ ပေါ်လာတိုင်း ပူပူနွေးနွေးရောက်လာပြီး ဆွေးနွေးမေးမြန်းတာတွေလုပ်ပါတယ်။ ဘယ်လိုကြောင့် ရယ်တော့ မသိဘူး သူဟာ အာဖရိကကို တစ်အားစိတ်ဝင်စားပြီး နေ့စဉ်သတင်းတွေကို မပြတ်မလတ်ရအောင်ဖတ်ပြီး မှတ်သားစုဆောင်းထားပါတယ်။ သူဟာ သမိုင်းဆရာ မဟုတ်သလို သတင်းတွေနဲ့ အလုပ်လုပ်တဲ့ ဂျာနယ်လစ် လည်း မဟုတ်ပါဘူး။ ကမ္ဘာ့ရေးရာတွေကို စိတ်ဝင်စားတဲ့ လူငယ်တစ်ယောက်သာဖြစ်တယ်။ သူ့အလုပ်က ဆည်တွေဆောက်တဲ့ အင်ဂျင်နီယာပါ။

တွေ့ရခဲတဲ့ လူငယ်မျိုး
အကြောင်းအရာတစ်ခုကို စူးစူးစိုက်စိုက် လေ့လာလိုက်စားတဲ့ လူငယ်မျိုး ဒီခေတ်မှာ တွေ့ရခဲလွန်းလို့ အင်ဂျင်နီယာ လူငယ်လာတိုင်း စိတ်ဝင်စားစွာ စကားတွေ ပြောဖြစ်ပါတယ်။ သူ့အတွက် အထောက်အကူ ရစေမယ့် စာအုပ်စာတမ်းတွေလည်း ရှာဖွေပေးပါတယ်။ တချို့စာအုပ်ဆို သူက တစ်အုပ်လုံး မိတ္တူကူးယူ ထားတတ်တယ်။ သူက စစ်ရေး နိုင်ငံရေးတွေလောက် လေ့လာတာ မဟုတ်ဘူး။ အာဖရိက ၀တ္ထုတွေ ကဗျာတွေ၊ ကျေးလက်သီချင်းနဲ့ ပုံပြင်တွေလည်းဖ် မှတ်စုဆောင်းပါတယ်။ တစ်ခါတလေကျတော့လည်း သူရှာလို့ရတဲ့ ၀တ္ထုစာအုပ် ကဗျာစုအပ်တွေ ယူလာပေးတတ်တယ်။ သူနဲ့စကားပြောရတာ ကိုယ့်အတွက်လည်း အကျိုးရှိပါတဲ့ ကင်ညာက ဂျိုမိုကညတ်တာ၊ တန်ဇန်နီးယားက ဂျူးလိယက်ညီရေးရေး၊ ဇမ်ဘီယာက ကဲနက်ကာအွန်ဒါး၊ မာလီက မိုဒီဘိုကေတာ၊ ဂွန်ဂိုက လူမွန်ဘား၊ အယ်လ်ဂျီးရီးယားက ဘင်ဘဲလား စတဲ့စတဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် ခေါင်းဆောင်ကြီးတွေ အကြောင်းများပြန်လည်အမှတ်ရမိစေပါတယ်။ သူ့ကိုပဲ ကျေးဇူးတင်ရသေးတယ်။
ဟုတ်စလိုလိုနဲ့ အဖျားရူး
နှစ်ပေါင်းနှစ်ဆယ်အစိတ် ကျောင်းဆရာလုပ်ခဲ့တော့ ကျောင်းသားတွေနဲ့ လူငယ်တွေ ထောင်နဲ့ချီပြီး လက်ပွန်းတတီးနေခဲ့ဖူးပါတယ်။အတော်များများဆို နိုင်ငံခြားတိုင်းပြည်မျိုးစုံမှာ အလုပ်အကိုင် ဟန်ကျပန်ကျနဲ့ ဖြစ်နေကြပါပြီ။ ပြည်တွင်းမှာရှိတဲ့ သူတွေလည်း သူ့နယ်နဲ့သူ တစ်ခုတစ်ကောင်တစ်ယောက် ဖြစ်နေတာ များပါတယ်။ ဒါပေမယ့် အခု ဆည်မြောင်းအင်ဂျင်နီယာ လူငယ်လို တစ်ခုခုကို ထဲထဲဝင်ဝင် စူးစူးစိုက်စိုက်လေ့လာသူမျိုးတော့ တွေ့ရခဲ့တာ အမှန်ပဲ။ တချို့က ခဏတော့ ဟုတ်မလိုလိုနဲ့ နောက်ကျ အဖျားရူးသွားပြီး လှည့်တောင်မကြည့်တော့ဘူး။ ဒါက သူလိုငါလိုလူမျိုးပြောတာမဟုတ်ဘူး။ ပညာရပ်တစ်ခုကို ပါရဂူဆိုတဲ့ ဘွဲ့ကြီးတစ်ခုရအောင် သင်ယူခဲ့သူတွေတောင်မှ ဘွဲ့လည်းယူပြီးရော သူအထူးပြုခဲ့တဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး ဘာမှ ဆက်မလုပ်တော့ဘူး။ ရပြီးသား ဘွဲ့တစ်ခုနဲ့ ထိုင်စားနေတော့တာပဲ။ ကွယ်လွန်သူ ဆရာဒေါက်တာသန်းထွန်းလောက် ပညာရပ်ဆိုင်ရာကျမ်းတွေ အများကြီး သုတေသနပြု ရေးသားခဲ့တဲ့ ဒေါက်တာဘယ်နှစ်ယောက်များ ကျနော်တို့ လက်ညှိုးထိုးပြစရာရှိလို့လဲ။ ပညာခေတ်၊ ပညာခေတ်နဲ့ ခပ်ကျယ်ကျယ် အော်လေ့ရှိတဲ့ ခေတ်လူငယ် ပညာတတ်ဆိုသူတွေ ရှက်စရာကောင်းလှပါတယ်။
စွဲစွဲမြဲမြဲ လေ့လာပါ
ပညာရပ်ဆိုလို့ ရှုပဗေဒတို့ ဓာတုဗေဒတို့ ညူကလီးယားဗေဒတို့လို ပညာတွေကိုသာ ဆိုလိုတာ မဟုတ်ပါဘူး။ သစ်ခွပန်းတွေအကြောင်း စေ့စေ့စပ်စပ် လေ့လာတာလည်း ပညာရပ်ပါ။ လိပ်ပြာလေးတွေအကြောင်း စွဲစွဲမြဲမြဲ လေ့လာတာလည်း ပညာရပ်ပါ။ ယုတ်စွအဆုံး တံဆိပ်ခေါင်းတွေ စုဆောင်းလေ့လာနေတာလည်း ပညာရပ်ပါပဲ။ အကျိုးမယုတ်ပါဘူး။ ကိုယ်ဝါသနာပါရာ တစ်ခုခုကို စွဲစွဲမြဲမြဲ လေ့လာသမျှ ကောင်းတာချည့်ပါ။ ဒါပေမယ့် ဒီခေတ်မှာ ဒီလိုလူမျိုးတွေ မရှိသလောက်ရှားတယ်။ လူတိုင်းလိုလိုက အပေါ်ယံလျှပ် လေ့လာတာမျိုးလောက်လုပ်ပြီး လူတွင်ကျယ်လုပ်ချင်နေကြတာပဲ တွေ့ရတယ်။ မေးလိုက်ရင်တော့ မသိတာ ဘာမှမရှိသလိုပဲ။ နိုင်ငံရေး ကမ္ဘာ့အရေးလည်းသိ၊ စီးပွားရေးလည်းသိ၊ စာပေအနုပညာဆိုလည်း စွယ်စုံသိ။ ဒါပေမယ့် တကယ်တမ်း ပြောကြဆိုကြတော့ ဘာမှသိတာ မရှိဘူး။ လူအထင်ကြီး ခံရရုံလောက် ဟိုစပ်စပ် ဒီစပ်စပ် ဖတ်ရှုမှတ်သား ထားတာပဲဖြစ်တယ်။ ညာစားနေတာလို့ ပြောရမှာပဲ။
ဘယ်သူကျေနပ်ဖို့မှမဟုတ်
ညာဝါးဖြီးဖြန်း စားတဲ့အကျင့် လူများစုကြီးမှာ အမြစ်တွယ်နေတာ တော်တော်ကြာပြီ။ စီးပွားရေး လောကမှာလည်း ဟိတ်ဟန်ထုတ်ပြီး ညာစားနေတာ အများကြီးပဲ။ ၀န်ထမ်းလောကမှာလည်း အထက်က ကြေနပ်အောင် အမျိုးမျိုး လိမ်လေ့ရှိကြတယ်။ စာရင်းတွေလိမ်တယ်။ မလည်နိုင်ဘဲ ရပ်ထားရတဲ့ စက်ရုံကို လူကြီးတွေ လာကြည့်မှ လက်ပူတိုက်လည်ပြ၊ ဒါမှမဟုတ် အပြင်က ငှားထားတဲ့ ပစ္စည်းအစားထိုးလည်ပြနဲ့ လိမ်ကြတယ်။ ဒါလောက်ကို စိတ်ဓာတ်တွေ ပျက်စီးနေကြတာ၊ အလုပ်တစ်ခု လုပ်တယ်ဆိုတာဟာ ဘယ်သူဘယ်ဝါ ကြေနပ်ဖို့မှ လုပ်ရတာ မဟုတ်ဘူး။ ကိုယ်လုပ်ရမယ့် အလုပ်မို့ တာဝန်ကျေအောင် လုပ်တယ်ဆိုတဲ့ စိတ်မျိုးသာ ထားရှိရမှာ ဖြစ်တယ်။ ကိုယ်လုပ်ရမယ့်အလုပ် ကိုယ်လုပ်တာမို့ ကျေးဇူးတင်ခံစရာလည်း အကြောင်းမရှိဘူး။ အခွင့်ထူးခံစားစရာလည်း မရှိဘူး။ ဘယ်သူ ဘယ်ဝါ ကျေနပ်ဖို့မှလည်း မလိုဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်တာပဲလေ။
လူတွင်ကျယ် လုပ်ချင်စိတ်
နည်းနည်းလုပ်ပြီး များများလိုချင်တဲ့စိတ်မျိုးဟာ မကောင်းဘူး။ အချောင်သမားစိတ်ဆိုတာ ဒါမျိုးကိုခေါ်တာ၊ ဒီစိတ်မျိုး ကလေးတွေ ခေါင်းထဲ မရောက်စေချင်ဘူး။ မိဘတွေ ဆင်ခြင်ကြဖို့ကောင်းတယ်။ ကူးချလို့ပဲအောင်အောင်၊ ခိုးချလို့ပဲ အောင်အောင်၊ စာမေးပွဲအောင်ရင် ပြီးတာပဲဆိုတဲ့ အတွေးမျိုး ကလေးတွေမှာ လုံးဝမရှိသင့်ဘူး။ ကိုယ့်အစွမ်းအစနဲ့ ကိုယ်လုပ်လို့ရတာ မဟုတ်ရင် ဘာမှမလိုချင်ဘူးဆိုတဲ့ စိတ်မျိုးသာ ရှိသင့်တာဖြစ်တယ်။ မဟုတ်တာ မမှန်တာ မတရားတာမျိုး လုပ်ရမှာရှက်တဲ့စိတ် ငယ်ငယ်လေးကတည်းက လေ့ကျင့်ပျိုးထောင်ပေးထားရမှာပါ။ ငယ်စဉ်ကတည်းက ရှက်စိတ်ဆိုတာ မရှိရင်ကြီးလာတဲ့အခါ အချောင်သမားစိတ်၊ ညာဝါးဖြီးဖြန်း စားချင်တဲ့ စိတ်တွေ အသေအချာကို ၀င်လာမှာပါ။ အထက်က ပြောခဲ့တဲ့ ဆည်ဆောက်တဲ့ အင်ဂျင်နီယာလို တစ်ခုခုကို စူးစူးစိုက်စိုက် စွဲစွဲမြဲမြဲ လေ့လာတဲ့ လူငယ်မျိုး မရှိသလောက် ရှားပါးနေတာဟာ၊ ညာဝါဖြီးဖြန်းပြီး လူတွင်ကျယ် လုပ်ချင်စိတ်တွေ ကြီးမားများပြားနေလို့ဖြစ်တယ်။ ဒီစိတ်ကို တားဆီးနိုင်မှ ထူးချွန်တဲ့ လူငယ်တွေ ပေါ်ထွက်လာမှာပါ။ ထူးချွန်တဲ့ လူငယ်တွေ များများရှိမှ တိုင်းပြည်မြန်မြန် တိုးတက်မှာ ဖြစ်ပါတယ်။

လူထုဦးစိန်ဝင်း
(လူထုရနံ့စာစုများမှ၊ ၈၊ ၈၊ ၂၀၀၉)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)