ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊
တက္ကသိုလ်ရိပ်မွန်၊ကွန်ဒို(c)၊အခန်း(603)တွင် ဖွင့်လှစ်တည်ထောင်ထားသော
The Golden Future Company က နိုင်ငံတော်အစိုးရအပေါ်
လက်မှတ်တု၊စာရွက်စာတမ်းတုများဖြင့် လိမ်လည်သွားခဲ့သည်။
၂၀၀၇ခုနှစ်၊ဇွန်လပိုင်းတွင် စစ်ကိုင်းတိုင်းမုံရွာမြို့၌ တပ်ဆင်ရောင်းချသွားသော
လိုင်း(၅၀၀) Line Indoor Including Power, Transmission, Fiber Host Equipment Electronic Exchange
(ဆက်သွယ်ရေးအော်တိုတယ် လီဖုန်းလိုင်းများ) စက်များအတွက် မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနသို့ နိုင်ငံခြားမှတင်သွင်းသည်ဆိုသော်လည်း
Company အတု၊ Invoice ဈေးနှုန်းအတုတို့ကိုတင်ပြခြင်း၊ ယင်း Invoice အတုနှင့် Packing List ဈေးနှုန်းအတုတို့ကို
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်သို့
သွင်းကုန်လိုင်စင်အားလျှောက်ထားခွင့်ရယူ၍တင်သွင်းတပ်ဆင်ခဲ့ခြင်းဖြစ်ပါသည်။
The Golden Future Company ၏ပိုင်ရှင်အမည်ခံမှာ ဒေါ်စုနန္ဒာအောင်(မန်နေဂျင်းဒါရိုက်တာ)နှင့် ဒါရိုက်တာဦးသော်ဦးဟန်တို့ဖြစ်ပါသည်၊
၎င်းတို့၏နောက်ကွယ်၌ကြိုးကိုင်စေခိုင်းသူမှာ Wonder World Company ၏ Chairman ဖြစ်သူဦးအောင်ဇော်စိုးဖြစ်ပြီး
၎င်းသည်ယခင်စာတိုက်နှင့်ကြေးနန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုးသာ၏သားဦး အောင်စိုးသာနှင့်ခင်မင်ရင်နှီးသူဖြစ်ကာ
မည်သူ့ကိုမျှဂရုမစိုက်ဘဲဌာနဆိုင်ရာရုံးများ၊ ၀န်ကြီးရုံးများ သို့ဝင်ရာတွင် သူ့ကိုယ်သူ
ဦးအောင်စိုးသာ၏ညီအကိုဝမ်းကွဲတော်စပ်သူဟုဆိုကာ ကိုယ်ကျိုးစီးပွားအတွက်ထင်ရာစိုင်းတတ်ပါသည်၊
အလားတူကစထမှူးဗိုလ်ချုပ်သာအေး၏သားဖြစ်သူကိုစည်သူနှင့်လည်းပလဲနံသင့်၍
၎င်းတို့၏ အရှိန်အ၀ါကိုရယူကာ နိုင်ငံတော်အားအကြီးမားဆုံးလိမ်လည်ကာ
အထက်ပါ Exchange စက်တပ်ဆင်ရောင်းချငွေများကိုတစ်ဦးတည်းမောင်ပိုင်စီးသူဖြစ်ပါသည်၊
ဦးအောင်ဇော်စိုးသည်အထက်ပါ Auto Telephone Exchange စက်ကိုတပ်ဆင်၍ရောင်းချရရှိသောငွေများဖြင့်
ဗဟန်းမြို့နယ်၊အင်းယားမြိုင်လမ်း၊ အမှတ်(၄၃/၄)တွင် နေအိမ်မြေကွက်ဝယ်ယူဆောက်လုပ်နေထိုင်ပြီး
ယခုထိတိုင် ပြည်တွင်းအခွန်ဌာနသို့Exchange စက်အတွက်အခွန် ပေးဆောင်ခြင်းမရှိဘဲ ရှောင်တိမ်းနေခြင်းကြောင့်
နိုင်ငံတော်အတွက်အခွန်ဘဏ္ဍာငွေများကိုထိခိုက်နစ်နာစေပါသည်၊
Wonder World Company ဒါရိုက်တာဦးကျော်စိုးမင်းအနေဖြင့် Electronic ပစ္စည်းများကိုတရားမ၀င် တင်သွင်းရောင်းချနေသော်လည်း
ပြည်တွင်းအခွန်ဌာနတွင် နှစ်စဉ်တရားဝင်အခွန်ပေးဆောင်ခြင်းမရှိဘဲ လူကြီးသားသမီးများနှင့်ပေါင်းကာ
ဆယ်အိမ်ခေါင်းကိုလူမထင်သည့်ပုံစံဖြင့်မောက်မာမော်ကြွားနေပါသည်၊။
တစ်ဖန်(၂၀၀၆)ခုနှစ်တွင် The Golden Future Company သည်ပြည်ပမှ Light Truck ကား(CNG) (၆)စီးတင်သွင်းခဲ့ပြီး
ပြည်တွင်းတွင်ပြန်လည်ရောင်းချခဲ့သော်လည်း Company များနှစ်စဉ်အခွန်ဌာနသို့အစီရင်ခံစာ တင်ပြရာတွင်
ယင်းကား(၆)စီးကို Company တွင်လုပ်ငန်းသုံးအဖြစ်အသုံးပြုနေဆဲဖြစ်ကြောင်းသာ တင်ပြခဲ့ပြီး၎င်းကားများအတွက်
အခွန်များတိမ်းရှောင်နေခဲ့သည်မှာယခုတိုင်ဖြစ်ပါသည်။
မြန်မာပြည်တွင်စီးပွားရေးလုပ်ငန်းရှင်များသည်စစ်ဗိုလ်ချုပ်များ/၄င်းတို့၏သားတပည့်များနှင့်ပူးပေါင်းကာ
နိုင်ငံတော်အစိုးရအပေါ်နှစ်ရှည်လများ“ကတုံးပေါ်ထိပ်ကွက်”သည့်လုပ်ရပ်များလုပ်စားနေကြသည်မှာ မရေတွက်နိုင်အောင်များပြားလွန်းလှပါသည်၊
နိုင်ငံတော်အစိုးရအနေနှင့်ယခုလိုလက်မှတ်အတုများ၊စာရွက်စာတမ်းအတုများနှင့်
ပြည်သူ့ဘဏ္ဍာငွေများကို ကောက်ကျစ်စဉ်းလှဲသောစိတ်ဓါတ်ဖြင့်ကြီးပွားချမ်းသာနေသော“ဦးအောင်ဇော်စိုး”လိုလူမျိုးများကို
အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးပြီးအရေးယူဆောင်ရွက်ပေးကြပါရန် တာဝန်ရှိသူလူကြီးမင်းအဆင့်ဆင့်အား “ဟစ်တိုင်”ပေးစာကဏ္ဍမှတဆင့်တင်ပြလိုက်ရပါသည်ခင်ဗျား........။
**(Company ၀န်ထမ်းတစ်ဦး)**
.....တာဝန်ရှိလူကြီးမင်းများခင်ဗျာ....

No comments:
Post a Comment