ဂျွန်သည် ပုလင်းကြီးတစ်လုံးကိုကိုင်၍ လေဆိပ်အကောက်ခွန်ဌာနကို ဖြတ်သန်းလာသည်။ ထို့ကြောင့် အရာရှိတစ်ဦးက သံသယဖြင့် မေးလိုက်သည်မှာ…
`အဲဒီပုလင်းက ဘာတွေလဲ´
`ကျနော် ဘုရားဖူးက ပြန်လာတာလေ၊ လိုဒက်ကရေစင်တွေပါ´ဟု ပြောလိုက်သဖြင့် အကောက်ခွန်အရာရှိမှ ပုလင်းကို လှမ်းယူလိုက်ကာ ခွက်ထဲသို့ထည့်၍ နည်းနည်းမြည်းကြည့်လိုက်၏။ ထို့နောက် သူက…
`ဟာ… ၀ီစကီတွေပါလား´ဟု ပြောလိုက်သဖြင့် ဘုရားဖူးပြန်လာသူက ပြန်ပြောလိုက်သည်မှာကား…
`အို… အဖဘုရားသခင်ရဲ့ အံ့ချီးဖွယ်ရာ နောက်တစ်ခုပါပဲ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment