သစ်ပင်တွေက
တောင်တန်းတွေက
နှင်းဆီရှက်သွေးကောင်းကင်က
အိပ်တန်းဝင် ငှက်ကလေးပျံနေပုံက
သင်တန်းမြေနီကွင်းပြင်ကျယ်ကြီး ဟင်းလင်းပွင့်နေပုံက
ခွပ်ဒေါင်းအလံတိုင်မှာ အိတွဲကျနေပုံက…
ရန်သူမျိုးငါးပါးပိုအားသန်တဲ့ခေတ်မှာ
ကိုယ့်စပါးကိုယ်ရိတ်သိမ်းခွင့်ရလိုက်တဲ့
တောပုန်းတောင်သူကြီးတယောက်
ဒီညနေကို
ထိုင်ငေးနေလိုက်ပုံများ…။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ၊ ၁ အောက်တိုဘာလ ၂၀၀၄၊ ၀ဲကြီးတပ်မှူးငယ်သင်တန်း)
**(ကိုထက်မိုး၏ ပြန်ကျမိုးများ)**
သစ်ပင်တွေက
တောင်တန်းတွေက
နှင်းဆီရှက်သွေးကောင်းကင်က
အိပ်တန်းဝင် ငှက်ကလေးပျံနေပုံက
သင်တန်းမြေနီကွင်းပြင်ကျယ်ကြီး ဟင်းလင်းပွင့်နေပုံက
ခွပ်ဒေါင်းအလံတိုင်မှာ အိတွဲကျနေပုံက…
ရန်သူမျိုးငါးပါးပိုအားသန်တဲ့ခေတ်မှာ
ကိုယ့်စပါးကိုယ်ရိတ်သိမ်းခွင့်ရလိုက်တဲ့
တောပုန်းတောင်သူကြီးတယောက်
ဒီညနေကို
ထိုင်ငေးနေလိုက်ပုံများ…။
** ထက်မိုး **
(ကိုထက်မိုး၏ ပြန်ကျမိုးများမှ၊ ၁ အောက်တိုဘာလ ၂၀၀၄၊ ၀ဲကြီးတပ်မှူးငယ်သင်တန်း)


No comments:
Post a Comment