(ရှယ်ကားတွေ မှာ တကားကို (၁၅)ဦး နေရာယူလို့ လွတ်လပ်ပျော်ရွှင်စွာ သူတို့ ချီတက်သွားကြပါပြီ)
(နယ်ခြားစောင့် တပ်ဖွဲ့ ဝင်တွေ နဲ့ လ၀က ရဲတွေက သူတို့ ရှေ့ မှောက်မှာပဲ အလုပ်ရှင်အလုပ်သမားသဘောတူစေတယ်လေ)
(ဘန်ကောက်ပြည်နယ် ဆမွတ်ဆခွန် ခရိုင် က အလုပ်ရှင်သစ်နဲ့ အလုပ်သစ်ဆီ ကိုဒီလိုရှယ်ကားတွေနဲ့ ချီတက်မယ်ဗျို့ )
(ဘန်ကောက်ကိုပြန်တက်ဖို့  မိမိတို့ အထုပ်အပိုးတွေကိုသယ်ကြစို့ )
(ဧည့်သည်အလုပ်သမားတွေကို စာရင်းလိုက်ကောက်ပေးနေတဲ့ အိမ်ရှင် နယ်ခြားစောင့်တပ်ဖွဲ့ ဝင်များ)
(တိုက်ပွဲဝင် အလုပ်သမားတွေ ကို မဲဆောက်ကမိတ်ဆွေတွေက ဧည့်ခံတဲံ့ ဒီနေ့ ပြန်ခါနီ်းမနက်စာ)
(တိုက်ပွဲဝင် အလုပ်သမားများကိုဥပဒေလမ်းကြောင်းအရ အနီးကပ် အကျိုးဆောင်နေသောထိုင်းရှေ့ နေများ)
တိုက်ပွဲဝင် ခွန်ကယ်မြို့ ဒဲချာပင်းနစ် ပင်လယ်ငါးဖမ်းပိုက်စက်ရုံမှ မြန်မာအလုပ်သမား (၃၄၆)ဦးတို့ ကိုရော၊အခြား ပတ်သက်ရာအလုပ်ရှင်သစ်ရှာဖွေသွားကြတဲ့မြန်မာအလုပ်သမား ၃၀ ဦးတို့ ကိုပါ မိမိတို့ အလုပ်ရှင်သစ်နဲ့ အလုပ်အကိုင်သစ်မှာကျန်းမာပျော်ရွှင်ကြပါစေကြောင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ကအမှုကိုင် (မက်ပ်ဖောင်ဒေးရှင်း )၊မိမိတို့ မြန်မာပြည်သားအဖွဲ့ (JACBA)
SAW အဖွဲ့ အပါအ၀င် ထိုင်းရှေ့ နေများကောင်စီ ၊ ထိုင်းလူ့ အခွင့်ရေးအဖွဲ့ ၊အခြား မြန်မာအဖွဲ့ အစည်းများအားလုံးကဆုတောင်းပေးလိုက်ပါတယ် ။
သတင်း မှတ်တမ်း- မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)

No comments:
Post a Comment