အင်္ဂလန်မြေက လူငယ်တစ်ယောက်။
**သူဟာ လူသားပီပီ
ကရုဏာတရား ရင်မှာမွေး
မေတ္တာတေးသီဆို
မိမိကိုယ်ရဲ့ အရေး အလေးမထား
သူတပါးရဲ့ ဆင်းရဲဒုက္ခကို
မိမိဒုက္ခလို့ခံယူ
နှလုံးတူ ဖြူစင်မှုအပေါင်းနဲ့
စွန့်လွှတ်မှု သရဖူဆောင်းခဲ့တဲ့
သူရဲကောင်း ဖြစ်ပါတယ်။
လက်နက်ကို မယုံကြည်
လူသားကို ယုံကြည်တဲ့
အာဇာနည် လူငယ်တဦးပါ။
**မတရားမှုကို တော်လှန်
တရားမျှတမှုကိုသာ လက်ခံတဲ့
ဖြောင့်မှန်တဲ့ လူငယ်တစ်ဦးပါ။
**လူ့သိက္ခာကို တန်ဖိုးထား
လူ့စွမ်းအားကို ရိုသေ
သူ့မြေ ကိုယ့်မြေ မခွဲခြား
လူသားမှန်သမျှ ကြင်နာတဲ့
မဟာ တပ်ရလောက်အောင်
စာနာမြင့်မြတ်သူတဦးပါ။
**ကိုယ်ကိုယ်ကိုယ် လက်ထိပ်ခတ်
နိုင်ငံသရုပ်ကို သရုပ်ပြ
စစ်ဝါဒ အာဏာရှင်ကိုဆန့်ကျင်
မြန်မာပြည်တွင် လူ့အခွင့်အရေးနဲ့
ဒီမိုကရေစီရေး ရစေဖို့
ဆန္ဒပြ အဖမ်းခံခဲ့တယ်။
**ကျောင်းဆရာ အပြုံးသမားမို့
နှလုံးသား ပျော့တယ်မထင်နဲ့
နောက်တကျော့ မြန်မာပြည်ကို ခိုးဝင်
ကျိုင်းတုံတွင် ဆန္ဒပြ စာတွေဝေ
အသေခံ စိတ်ဓာတ်
မြင့်မြတ် ရဲရင့်စွာ
မျက်စိဖွင့် နားဖွင့်ပေးဖို့
အလေးအနက် ကြိုးစားခဲ့ပြန်တယ်။
**ဒီတခါတော့
အာဏာပိုင်တွေက ထောင် ၁၇ နှစ်-တဲ့
၂၆-နှစ်သာ ရှိသေးတဲ့
လုလင်ငယ်သွေး ဘ၀ကို
ထောင်ချပစ်လိုက်ကြတယ်လေ။
**အသနားခံစာ မတင်
မယူခံလွှာ မ၀င်
ထောင်ဝင်စာမတွေ့လဲ ကိစ္စမရှိ
အမေ့သားလှ ခံနိုင်ရည်ရှိသတဲ့
သတ္တိကတော့ ပြောင်မှပြောင်
အမှောင်ကျတဲ့ ထောင်ညများစွာ
တဆိတ်စာမျှ ၀မ်းမနည်းဘူး
အမှောင်နဲ့ မည်းမည်း
ယောင်လို့တောင် မညည်းဘူး
ကြီးမားတဲ့ စိတ်ဓာတ်
လွတ်လပ်မှုအတွက် တိုက်ပွဲဝင်
အသင်ရဲ့ ဂုဏ်အစုစုကို
အာရုံပြု မော်ကွန်းတင်
သမိုင်းမှာ တွင်ရော့မယ်။
**အို… ဂျိမ်းမော်စလေ
ငါတို့မြေမှာ လာ၍စတေး
အသင့်သွေး မြင့်မြတ်မှုကို
ဂုဏ်မပြုဘဲ မနေနိုင်။
**မီးရှူးတိုင် တန်ဆောင်ဆီမီးကဲ့သို့
သင့်ဂုဏ်ရောင် ပြောင်ပြောင်ညီးပေလိမ့်
အအောင်ကြီး အောင်ပါလေသတည်း။ ။
(အင်္ဂလန်သား ဂျိမ်းမော်စလေအား ဂုဏ်ပြုကဗျာ)
**တင်မိုး**
(၁ နိုဝင်ဘာလ ၁၉၉၉၊ အန့်တ၀ပ်မြို့ တနင်္လာနေ့ ညနေခင်း၊ ကဗျာပေါင်းချုပ်မှ)
**ဂျိန်းမော်စလေ- တဲ့
အင်္ဂလန်မြေက လူငယ်တစ်ယောက်။
**သူဟာ လူသားပီပီ
ကရုဏာတရား ရင်မှာမွေး
မေတ္တာတေးသီဆို
မိမိကိုယ်ရဲ့ အရေး အလေးမထား
သူတပါးရဲ့ ဆင်းရဲဒုက္ခကို
မိမိဒုက္ခလို့ခံယူ
နှလုံးတူ ဖြူစင်မှုအပေါင်းနဲ့
စွန့်လွှတ်မှု သရဖူဆောင်းခဲ့တဲ့
သူရဲကောင်း ဖြစ်ပါတယ်။
လက်နက်ကို မယုံကြည်
လူသားကို ယုံကြည်တဲ့
အာဇာနည် လူငယ်တဦးပါ။
**မတရားမှုကို တော်လှန်
တရားမျှတမှုကိုသာ လက်ခံတဲ့
ဖြောင့်မှန်တဲ့ လူငယ်တစ်ဦးပါ။
**လူ့သိက္ခာကို တန်ဖိုးထား
လူ့စွမ်းအားကို ရိုသေ
သူ့မြေ ကိုယ့်မြေ မခွဲခြား
လူသားမှန်သမျှ ကြင်နာတဲ့
မဟာ တပ်ရလောက်အောင်
စာနာမြင့်မြတ်သူတဦးပါ။
**ကိုယ်ကိုယ်ကိုယ် လက်ထိပ်ခတ်
နိုင်ငံသရုပ်ကို သရုပ်ပြ
စစ်ဝါဒ အာဏာရှင်ကိုဆန့်ကျင်
မြန်မာပြည်တွင် လူ့အခွင့်အရေးနဲ့
ဒီမိုကရေစီရေး ရစေဖို့
ဆန္ဒပြ အဖမ်းခံခဲ့တယ်။
**ကျောင်းဆရာ အပြုံးသမားမို့
နှလုံးသား ပျော့တယ်မထင်နဲ့
နောက်တကျော့ မြန်မာပြည်ကို ခိုးဝင်
ကျိုင်းတုံတွင် ဆန္ဒပြ စာတွေဝေ
အသေခံ စိတ်ဓာတ်
မြင့်မြတ် ရဲရင့်စွာ
မျက်စိဖွင့် နားဖွင့်ပေးဖို့
အလေးအနက် ကြိုးစားခဲ့ပြန်တယ်။
**ဒီတခါတော့
အာဏာပိုင်တွေက ထောင် ၁၇ နှစ်-တဲ့
၂၆-နှစ်သာ ရှိသေးတဲ့
လုလင်ငယ်သွေး ဘ၀ကို
ထောင်ချပစ်လိုက်ကြတယ်လေ။
**အသနားခံစာ မတင်
မယူခံလွှာ မ၀င်
ထောင်ဝင်စာမတွေ့လဲ ကိစ္စမရှိ
အမေ့သားလှ ခံနိုင်ရည်ရှိသတဲ့
သတ္တိကတော့ ပြောင်မှပြောင်
အမှောင်ကျတဲ့ ထောင်ညများစွာ
တဆိတ်စာမျှ ၀မ်းမနည်းဘူး
အမှောင်နဲ့ မည်းမည်း
ယောင်လို့တောင် မညည်းဘူး
ကြီးမားတဲ့ စိတ်ဓာတ်
လွတ်လပ်မှုအတွက် တိုက်ပွဲဝင်
အသင်ရဲ့ ဂုဏ်အစုစုကို
အာရုံပြု မော်ကွန်းတင်
သမိုင်းမှာ တွင်ရော့မယ်။
**အို… ဂျိမ်းမော်စလေ
ငါတို့မြေမှာ လာ၍စတေး
အသင့်သွေး မြင့်မြတ်မှုကို
ဂုဏ်မပြုဘဲ မနေနိုင်။
**မီးရှူးတိုင် တန်ဆောင်ဆီမီးကဲ့သို့
သင့်ဂုဏ်ရောင် ပြောင်ပြောင်ညီးပေလိမ့်
အအောင်ကြီး အောင်ပါလေသတည်း။ ။
(အင်္ဂလန်သား ဂျိမ်းမော်စလေအား ဂုဏ်ပြုကဗျာ)
**တင်မိုး**
(၁ နိုဝင်ဘာလ ၁၉၉၉၊ အန့်တ၀ပ်မြို့ တနင်္လာနေ့ ညနေခင်း၊ ကဗျာပေါင်းချုပ်မှ)
No comments:
Post a Comment