အရက်ဆိုင်တစ်ဆိုင်ထဲတွင် အရက်သောက်နေကြသော လူနှစ်ယောက်သည် စကားများနေကြ၏။ နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် မိုးအလွန်အမင်းရွာနေသော အရက်ဆိုင်ရှေ့ ကွက်လပ်ထဲသို့သွားကာ နပမ်းလုံး ထိုးသတ်နေကြလေ၏။
ခဏကြာသောအခါ တစ်ယောက်က ပက်လက်လန်လျက် လဲကျသွားပြီး ကျန်တစ်ယောက်က အပေါ်မှခွစီး၍ လက်သီးနှင့်ထိုးနေ၏။ ပါးစပ်မှလည်း `မင်း အရှုံးပေးပြီလား´ဟု မေးလိုက်ရာ အောက်မှလူက `မပေးဘူး´ပြန်ပြောလိုက်၏။ ထိုအခါ အပေါ်မှလူက ထပ်မံပြောကြားလိုက်သည်မှာကား…
`ကဲ… ဒါဆိုရင်လည်း မင်း အပေါ်က နေဦး၊ ငါအောက်ကနေမယ်။ ငါ့တစ်ကိုယ်လုံး စိုရွှဲနေပြီကွ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment