တရံသောအခါက တောအုပ်ကြီးတခုအတွင်းသို့  ကျောက်ရုပ်များကို အသက်သွင်းတတ်သောပညာရှင်
တဦးရောက်လာ၏။တောနက်ကြီးထဲအရောက်တွင် ဘုရင်ရုပ် ၊ မိဖုရားရုပ် ၊ စစ်သူကြီးရုပ်များနှင့် အခြား
သောရုပ်တုများစွာကို တွေ့ ရသဖြင့် ထိုပညာရှိက ပထမဦးစွာ မင်းသမီးချောချောရုပ်တုကို အသက်သွင်း
လိုက်ကာ ပေါင်းသင်းနေထိုင်နေ၏။ ရက်အနည်းငယ်ကြာလာသောအခါ သူတို့ နှစ်ဦးကို စောင့်ရှောက်
ရန် စစ်သူကြီးရုပ်တုကို အသက်သွင်းမိလေ၏။ အသက်ဝင်သော စစ်သူ ကြီးသည် သူ့ ဆောင်ဓားကိုထုတ်
လိုက်ကာ အသက်သွင်းပေးသူ ပညာရှင်အား ခုတ်သတ်လိုက်ပြီးနောက် ပြောလိုက်သည်မှာကား…
“ ကိုယ့်ချစ်သူ ကို တပါးသူ ရဲ့  ရင်ခွင်ထဲမှာ မမြင်ရက်ပါဘူး နှမတော်” ဟုပြောလိုက်ကာ မင်းသမီးကို
လက်ဆွဲကာ ထိုနေရာမှ ထွက်သွားသည်ဟူ၏။
**စိန်ငှက်ရိုး**
(ယောကျာ်းတို့ လောက ဟာသများမှ )
Rest of your post
**(ယောကျာ်းတို့ လောက ဟာသများ)**

No comments:
Post a Comment