ရှေ့နေအား သူ၏အမူသည် စက်ရုံပိုင်ရှင်က ဖုန်းဆက်ခေါ်လိုက်သည်။
`သိပ်အရေးကြီးတယ်။ အခုချက်ချင်း လာခဲ့ပါ´ ရှေ့နေသည် စက်ရုံသို့ရောက်သောအခါတွင် အလုပ်သမားများ သပိတ်မှောက်နေသည်ကို တွေ့ရသည်။
`သူတို့ကို ပြဿနာမပေါ်ဘဲ စက်ရုံထဲကနေ ဘယ်လို လုပ်-ပထုတ်ရမလဲ´ဟု ပိုင်ရှင်က မေးမြန်းလိုက်သည်။
ရှေ့နေသည် ထိုအခြေအနေမျိုးကို မည်သို့ဖြေရှင်းရမည်မှန်း နောကျေနေခဲ့သည်။ တစ်နာရီအတွင်းမှာပင် စက်ရုံပိုင်ရှင်သည် ရုံးခန်းအတွင်းမှ ထွက်လာ၍ သပိတ်သမားများကို ပြောလိုက်သည်။
`မောင်ရင်တို့… မောင်ရင်တို့ ကြိုက်သလောက် ကြာကြာသပိတ်မှောက်နိုင်တယ်လို့ ဦးရဲ့ရှေ့နေက ပြောတယ်ကွ၊ ကြာကြာမှောက်လို့ရတယ်ဆိုတော့လည်း ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပေါ့။ ဒီမှာ ခေါက်ခုတင်တွေ အများကြီးပဲ၊ အရက်ကလည်း ပေါချင်းသောချင်း၊ နောက်ပြီး တစ်အောင့်ပဲ နေရင် ဖျော်ဖြေရေးမယ်တချို့ လာလိမ့်မယ်´
နောက်နှစ်ရီအကြာတွင် ရှေ့နေရုံးခန်းမှ အမည်မဖော်ဘဲ တိုးတိုးတိတ်တိတ် သတင်းပေးချက်ကြောင့် သပိတ်သမားများ၏ ဇနီးမယားများရောက်လာသောအခါတွင် သပိတ်စခန်းတစ်ခုလုံး ပျော်ပွဲသဘင်တစ်ခုကဲ့သို့ အုန်းအုန်းကြွက်ကြွက် မြူးကြွနေ၏။ စက်ရုံဝင်းတံခါးတစ်ခုလုံး သပိတ်သမားများ ရှင်းလင်းသွားရန် ဆယ်မိနစ်မျှသာ ကြာခဲ့သည်။
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဘ၀ဟာသများမှ)
**(ကြုံသမျှ ဘုံဘ၀ဟာသများ)**

No comments:
Post a Comment