ကမ္ဘာကြီးကို လှည့်ပတ်
ကိုယ့်အလုပ် ကိုယ်ပြန်မယ်။
**မြင်းကုန်းနှီးပေါ်မှာ
အိတ်ကြီး အိတ်ငယ်တင်
စိတ်ကူးယဉ် သီချင်းပုဒ်တွေနဲ့
တလှုပ်လှုပ် မနားမရပ်
လှည့်ပတ်လို့ကွယ်။
**ကမ္ဘာကြီးက မြေကျယ်ကျယ်
သယ်ယူကုန်က အမြောက်အမြား။
ပင်လယ်နဲ့ ကန္တာရ
နေထွက်က နေ၀င်
တောင်စဉ်တွေ ကျော်တက်
အသက်အရွယ် အိုမင်းသည့်တိုင်
သီချင်းတွေ မသိုး အာဟာရတွေနဲ့
ကြွယ်ဝလိမ့်တကား။ ။
** တင်မိုး **
(၄ နိုဝင်ဘာလ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း၊ ကဗျာပေါင်းချုပ်မှ)
**သီချင်းဆိုရင်း မြင်းကလေးစီး
ကမ္ဘာကြီးကို လှည့်ပတ်
ကိုယ့်အလုပ် ကိုယ်ပြန်မယ်။
**မြင်းကုန်းနှီးပေါ်မှာ
အိတ်ကြီး အိတ်ငယ်တင်
စိတ်ကူးယဉ် သီချင်းပုဒ်တွေနဲ့
တလှုပ်လှုပ် မနားမရပ်
လှည့်ပတ်လို့ကွယ်။
**ကမ္ဘာကြီးက မြေကျယ်ကျယ်
သယ်ယူကုန်က အမြောက်အမြား။
ပင်လယ်နဲ့ ကန္တာရ
နေထွက်က နေ၀င်
တောင်စဉ်တွေ ကျော်တက်
အသက်အရွယ် အိုမင်းသည့်တိုင်
သီချင်းတွေ မသိုး အာဟာရတွေနဲ့
ကြွယ်ဝလိမ့်တကား။ ။
** တင်မိုး **
(၄ နိုဝင်ဘာလ ၁၉၉၉၊ ကြာသပတေးနေ့ နံနက်ခင်း၊ ကဗျာပေါင်းချုပ်မှ)
No comments:
Post a Comment