အရက်ဆိုင်တစ်ဆိုင်တွင် လူသုံးယောက်သည် အရက်မူးလာသည့်အခါ အလုပ်မရှိ အလုပ်ရှာ၍ အရပ်မည်သူပိုရှည်သနည်းဟု အကြွားပြိုင်နေကြ၏။
ပထမလူက…
`ငါ ရှုးဖိနပ်စီးထားရင် ငါ့အရပ်က ခြောက်ပေနှစ်လက်မတိတိရှိတယ်ကွ´ဟု ပြောလိုက်သဖြင့်
ဒုတိယလူက…
`ဟေ့ကောင်တွေ… ငါက ဦးထု ပ် ဆောင်းထားလိုက်ရင် ခြောက်ပေခြောက်လက်မရှိတယ်ကွ´ဟု ပြောလိုက်ပြန်သဖြင့် တတိယလူကထပ်မံ ပြောကြားလိုက်သည်မှာကား…
`မင်းတို့နှစ်ယောက်ကို ငါက အေးအေးဆေးဆေး နေနိုင်ပါတယ်ကွာ၊ ငါ ထီးကို ဆောင်းလိုက်ရင် ငါ့အရပ်က ခုနစ်ပေရှစ်လက်မရှိတယ်ကွ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment