နာပိုလီဥက္ကဌ အော်ရယ်လီယို ဒီလော်ရန်တေးစ်က အသင်း၏ အဓိက ကစားသမားများကို မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့မည်ဆိုသော သတင်းများအား ငြင်းဆန်ပယ်ချလိုက်သည်။ အင်္ဂလန်ထိပ်တန်း ကလပ်အသင်းကြီးသည် အီတလီကလပ်မှ ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီနှင့် ဆလိုဗက်ကီးယား လက်ရွေးစင် ကွင်းလယ်ဗိသုကာ မာရက်ခ်ဟမ်ဆစ်ခ်တို့အား ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
** အယ်ဘ်ဘမ်သစ်အတွက် ပရိသတ်များအား တေလာဆွစ်ဖ် ကျေးဇူးတင် **
သူမ၏ အယ်လ်ဘမ်သစ်ကို သောင်းသောင်းဖြဖြ ကြိုဆိုအားပေးခဲ့သည့်အတွက် ပရိသတ်များအား တေလာဆွစ်ဖ်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ တေလာသည် သူမ၏ Speak Now အယ်လ်ဘမ်ကို စတင်ဖြန့်ဝေခဲ့ရာ တစ်ပါတ်အတွင်း ချပ်ရေ (၁၀၄၇၀၀၀)ကျော်အောင် ရောင်းချခဲ့ရသည်။ ယင်းမှာ သူမအတွက် အယ်လ်ဘမ်တစ်ခု ဖြန့်ဝေရာ၌ အဖွင့်သီတင်းပါတ်တွင် ချပ်ရေတစ်သန်းကျော်ခြင်းမှာ ပထမဆုံးဖြစ်သည်။ ထို့အပြင် Speak Nowသည် လွန်ခဲ့သော (၅)နှစ်တာ ကာလအတွင်း အဖွင့်သီတင်းပါတ် ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်လည်း ဖြစ်လာခဲ့သည်။
** အကျော်ကြားဆုံး လူသတ်သမားအဖြစ် လီယိုနာဒို သရုပ်ဆောင်မည် **
အမေရိကန်၏ နာမည်ဆိုးဖြင့် အကျော်ကြားဆုံး ဖြစ်ခဲ့သည့် လူသတ်သမားအဖြစ် လီယိုနာဒို ဒစ်ကာပရီယို ပါဝင်သရုပ်ဆောင်မည်ဟု သိရသည်။ အသက်(၃၆)နှစ်ရှိ ဟောလီးဝုဒ် မင်းသားသည် The Devil in the White Cityတွင် ဒေါက်တာဟုမ်းလ်အဖြစ် ပါဝင်မည်ဟုဆိုသည်။ အဲရစ်လာဆင်၏ ဇာတ်လမ်းသည် (၁၉၈၀)ပြည့်လွန် နှစ်များက ချီကာဂိုတွင် လူပေါင်း (၂၇)ဦးမှ (၂၀၀)နီးပါးထိ သတ်ဖြတ်ခဲ့သည်ဟု ယုံကြည်ရသော ဒေါက်တာဟုမ်းလ်အကြောင်း ဖန်တီးတင်ဆက်ထားခြင်းဖြစ်သည်။ ဟုမ်းလ်သည် သားကောင်အား အဆုံးစီရင်ပြီးချိန်တွင် အလောင်းကို မြေတိုက်ခန်းထဲ ဆွဲသွားပြီး ခွဲစိတ်လေ့လာမှုများ ပြုလုပ်ကာ ဆေးကျောင်းများသို့ ရောင်းစားခဲ့သည်။ မူလက The Devil in the White Cityအတွက် မင်းသားတွမ်ခရုစ်က ရေပန်းစားခဲ့သေးသော်လည်း နောက်ပိုင်းတွင် ရိုက်ကူးရေးအဖွဲ့က လီယိုနာဒိုကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
** 7 Day သတင်းဂျာနယ်မှ ကူးယူဖော်ပြသည် **
** အဓိကကစားသမားများ ပြောင်းရွှေ့မည့်သတင်းအား နာပိုလီဥက္ကဌငြင်းဆို **

No comments:
Post a Comment