တောင်အာဖရိကသား အဘိုးကြီးတစ်ဦး ထံသို့ အစိုးရသည် ဖခင်တစ်ဦးကဲ့သို့ သူ့ကို ရန်သူများထံမှ ကာကွယ်မှုပြု၊ သူဖျားနာလျှင် သူ့ကိုပြုစု၊ သူ ဆာလောင်နေလျှင် ကျွေးမွေး၊ သူ့ကို ပညာလည်းသင်ပေး၍ ငွေကြေးလိုသောကြောင့် သူ့အပေါ် အခွန်ကောက်ခံရပါသည်ဟု ပြောကြားခံရသောအခါတွင် အောက်ပါအတိုင်း ပြောကြားလိုက်သည်။
`ဟုတ်ကဲ့… ကျနော် နားလည်ပါတယ်။ ဒီကိစ္စက ဒီလိုမဟုတ်လည်း ကျနော့်မှာ ခွေးတစ်ကောင်ရှိတယ်။ အဲဒီခွေးက ဆာလောင်နေတယ်။ သူက ကျနော့်ဆီလာပြီး အစာတောင်းတယ်´
`ကျနော်က (အစိုးရ)သူ့ကိုပြောလိုက်တယ်။ သစ္စာရှိတဲ့ခွေးလေးရေ… မင်း သိပ်ဆာနေတာကို ငါသိတယ်။ ငါ မင်းကို အရမ်းသနားတာပဲ၊ ငါ မင်းကို အသားကျွေးမယ်။ ပြီးတော့ ကျနော် ဓားတစ်ချောင်းယူပြီး ခွေးအြ မီးကိုဖြတ်ပြီး ခွေးကိုကျွေးပြီးပြောလိုက်တယ်။ ကဲ… ငါ့ရဲ့ သစ္စာရှိတဲ့ခွေးကလေး အဲဒီ အသားတုံးကောင်းကောင်းကို အာဟာရဖြစ်အောင် စားလိုက်စမ်းလို့´
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဘ၀ဟာသများမှ)
**(ကြုံသမျှ ဘုံဘ၀ဟာသများ)**

No comments:
Post a Comment