အရက်ဆိုင်တစ်ဆိုင်သို့ အလွန်တွန့်တို၍ ကပ်စေးနှဲသည့် လူတစ်ဦး ၀င်ရောက်လာကာ ဆိုင်ရှင်အား…
`ဘီယာတစ်ခွက်ကို ဘယ်လောက်လဲဗျ´ဟု ပြောလိုက်ရာ ဆိုင်ရှင်က…
`ထိုင်ခုံမှာ အေးအေးဆေးဆေးထိုင်သောက်မယ်ဆိုရင် ငါးရာကျပါတယ်။ မတ်တတ်ရပ်ပြီး သောက်သွားမယ်ဆိုရင် သုံးရာပဲကျပါတယ်´ဟု ပြန်ဖြေလိုက်ရာ ကပ်စေးနဲကော်တရာ အနည်းငယ်စဉ်းစား၍ ပြန်မေးလိုက်သည်မှာကား…
`ဒါဆိုရင် ခြေထောက်တစ်ဖက်တည်းနဲ့ ရပ်သောက်ရင်ကော ဘယ်လောက်လဲဗျ´ဟူ၏။
** စိန်ငှက်ရိုး **
(ယောင်္ကျားတို့လောက ဟာသများမှ)
**(ယောင်္ကျားလောက ဟာသများ)**

No comments:
Post a Comment