အပြုံးတွေ လက်နေတာ ငါမြင်
ငါ့ရင်မှာပူနွေး
ဟိုးအဝေးက မေတ္တာဓာတ်
ငါ့ဆီမှာ ဟပ်လာတယ်။
**နက်ဖြန်ဆို နော်ဝေ
အမိမြေနဲ့ အလှမ်းကွာတဲ့
နေရာသစ်တနေရာ ရောက်ရမယ်။
**ဘယ်နေရာ ရောက်ရောက်
မဖောက်ပြန်တဲ့ စိတ်က
အရိပ်လို ကပ်လို့ပါ
ကိုယ့်တိုင်းပြည် ကိုယ့်ပြည်ရွာကို
သာယာဖို့ လွတ်လပ်ဖို့
တတ်သမျှ အစွမ်း
လှမ်းမှီသမျှ ဥာဏ်ရည်နဲ့
ကိုယ့်တိုင်းပြည် အကျိုးပြု
ကိုယ့်လူထု နိုးကြားဖို့ပါ။
**ရင်ထဲက စေတနာကို
လေညာကလွှင့်
တောင်အဆင့်ဆင့် ဖြတ်ကျော်
ရွှေပြည်တော် နှောင်ကြိုးဖြတ်
လွတ်လပ်မှု ဒီမိုကရေစီ
တပြည်လုံး ညီလို့
အောင်ပြီဆိုတဲ့ တေး
သံပြိုင်ဟစ်လို့ ကြွေးနိုင်ရေး
အရေးတော်ပုံကြီး လှိုင်းထ
ကိုင်းလဟ… ကိုင်းလဟနဲ့
ဝိုင်းကြ မှိုင်းမ ပြီး
ရိုင်းသမျှ ဆေးကြောပစ်
အားသစ်တွေ မွေးရမယ်။
**တို့အရေး ကြွေးကြော်သံတိုင်ပြီး
အောင်လံကိုင် ချီတက်
မနက်ဖြန် တမိုးသောက်
လွတ်မြောက်ရေး ရရမယ်။
ပြည်သူအပေါင်း နားစိုက်ပြီး
အားတိုက်အင်တိုက် ဆင်နွှဲကြစေသတည်း။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်မှ၊ သောကြာနေ့ နံနက်ခင်း)
**သမီးစံစံ ဖုန်းဆက်
အပြုံးတွေ လက်နေတာ ငါမြင်
ငါ့ရင်မှာပူနွေး
ဟိုးအဝေးက မေတ္တာဓာတ်
ငါ့ဆီမှာ ဟပ်လာတယ်။
**နက်ဖြန်ဆို နော်ဝေ
အမိမြေနဲ့ အလှမ်းကွာတဲ့
နေရာသစ်တနေရာ ရောက်ရမယ်။
**ဘယ်နေရာ ရောက်ရောက်
မဖောက်ပြန်တဲ့ စိတ်က
အရိပ်လို ကပ်လို့ပါ
ကိုယ့်တိုင်းပြည် ကိုယ့်ပြည်ရွာကို
သာယာဖို့ လွတ်လပ်ဖို့
တတ်သမျှ အစွမ်း
လှမ်းမှီသမျှ ဥာဏ်ရည်နဲ့
ကိုယ့်တိုင်းပြည် အကျိုးပြု
ကိုယ့်လူထု နိုးကြားဖို့ပါ။
**ရင်ထဲက စေတနာကို
လေညာကလွှင့်
တောင်အဆင့်ဆင့် ဖြတ်ကျော်
ရွှေပြည်တော် နှောင်ကြိုးဖြတ်
လွတ်လပ်မှု ဒီမိုကရေစီ
တပြည်လုံး ညီလို့
အောင်ပြီဆိုတဲ့ တေး
သံပြိုင်ဟစ်လို့ ကြွေးနိုင်ရေး
အရေးတော်ပုံကြီး လှိုင်းထ
ကိုင်းလဟ… ကိုင်းလဟနဲ့
ဝိုင်းကြ မှိုင်းမ ပြီး
ရိုင်းသမျှ ဆေးကြောပစ်
အားသစ်တွေ မွေးရမယ်။
**တို့အရေး ကြွေးကြော်သံတိုင်ပြီး
အောင်လံကိုင် ချီတက်
မနက်ဖြန် တမိုးသောက်
လွတ်မြောက်ရေး ရရမယ်။
ပြည်သူအပေါင်း နားစိုက်ပြီး
အားတိုက်အင်တိုက် ဆင်နွှဲကြစေသတည်း။ ။
** တင်မိုး **
(ကဗျာပေါင်းချုပ်မှ၊ သောကြာနေ့ နံနက်ခင်း)
No comments:
Post a Comment