ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, November 9, 2010

9 Nov, 10// လူထုကျန်းမာရေး (အမျိုးသားများအတွက် နေပူစာလှုံခြင်း)…

> ** Public Health **
** အမျိုးသားများအတွက် နေပူစာ လှုံခြင်းက ကောင်းကျိုးရှိ **
နေပူစာ လှုံခြင်းသည် အမျိုးသားများ၏ လိင်မှု စွမ်းရည်ကို တိုးပွား စေကြောင်း လေ့လာမှု စစ်တမ်း တစ်ခုက ဖော်ပြခဲ့သည်။ နေရောင်ခြည်တွင် ပါဝင်သည့် ဗီတာမင်(D)သည် အဖိုဟိုမုန်းဖြစ်သည့် Testosteroneကို လှုံ့ဆော်ပေးတတ်သဖြင့် အမျိုးသားများအတွက် အားအင်တိုးပွားစေကြောင်း ပညာရှင်များကဆိုသည်။ ခန္ဓာကိုယ်ရှိ သဘာဝအလျောက် အာဟာရပြု ဓာတ်ပေါင်းများသည် နေရောင်ခြည်မှတဆင့် ဗီတာမင်(D)ကို လက်ခံယူနိုင်သလို ငါးကြီးဆီနှင့် အသားတို့မှလည်း ယင်းဗီတာမင်ဓာတ်ကို ရရှိနိုင်သည်။ ဩစတြီးယားနိုင်ငံ၊ ဂရက်ဇ်ဆေးတက္ကသိုလ်မှ သုတေသီများက သွေးတစ်မီလီလီတာတွင် ဗီတာမင်(D)ဓာတ် အနည်းဆုံး (၃၀)နာနိုဂရမ်မျှ ပါရှိနေသည့် အမျိုးသားများသည် ယင်းတို့ထက် ဗီတာမင်(D)ဓာတ် နည်းပါးသူများထက် အဖိုဟိုမုန်း လှည့်ပတ်စီးဆင်းမှုစွမ်းရည် ပိုမိုများပြားသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ဥရောပရှိ အမျိုးသားအများစုသည် အောက်တိုဘာလမှ စတင်ကာ Testosteroneပမာဏ လျော့ကျလာလေ့ရှိပြီး မတ်လတွင် အနိမ့်ပါးဆုံး

ဖြစ်နေတတ်သည်။ အဘယ်ကြောင့်ဆိုသော ယင်းကာလသည် နေရောင်ခြည် ကျရောက်မှု အနည်းဆုံး ဖြစ်နေသောကြောင့်ဟု သိရသည်။ နယ်သာလန်နိုင်ငံ၊ ဗယ်ဟိုဗန်ရှိ နေရောင်ခြည် သုတေသနဖိုရမ်မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အက်ဘရန်းက “သင့်တင့်မျှတတဲ့ ပမာဏလောက်ကို နေ့တိုင်းနေပူစာလှုံတဲ့ အမျိုးသားတွေဟာ လိင်မှုစွမ်းရည်မှာ ပိုပြီးအကျိုးရှိနိုင်သလို ပန်းသေပန်းညှိုးတာ၊ အားအင်ကုန်ခမ်းတာတွေကို ကာကွယ်ပေးနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ ဩစတြီးယားရှိ ပညာရှင်များ၏ နောက်ဆုံးတွေ့ရှိမှု မှတ်တမ်းကလည်း ယခင်သုတေသန ရလဒ်များကို ထောက်ခံခဲ့ပြီး နေရောင်ခြည် နေ့စဉ်ပုံမှန် ခံယူရရှိသည့် အမျိုးသားများသည် သာမန်ထက် Testosteroneလှုံ့ဆော်မှု (၆၉)ရာခိုင်နှုန်းမျှ ပျမ်းမျှမြင့်တက်နေကြောင်း သိရှိရသည်။ Testosteroneသည် အမျိုးသားများ၏ လိင်မှုဘ၀အတွက် အရေးအကြီးဆုံး ဟိုမုန်းလည်းဖြစ်သည်။ ယင်းသည် လိင်အင်္ဂါကြီးထွားမှု၊ တည်ဆောက်ပုံတို့အတွက် တာဝန်ယူထားသလို သုက်ရည်ပို့လွှတ်မှုအတွက်ပါ စွမ်းဆောင်ပေးသည်။ လူ့ခန္ဓာကိုယ် အရေပြားသည် နေ၏ခရမ်းလွန်ရောင်ခြည်ကို ခံယူပြီး ခန္ဓာကိုယ်အတွင်း ဗီတာမင်(D)ဓာတ် (၉၀)ရာခိုင်နှုန်းကို ဖြစ်ပေါ်စေကြောင်း သိရသည်။

** ငါးကြီးဆီသည် စိတ်ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ် **
ငါးကြီးဆီသည် စိတ်ကျန်းမာရေး အတွက် အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း လေ့လာမှု သုတေသန ရလဒ်တစ်ခုတွင် ဖော်ပြခဲ့သည်။ ဩစတြေးလျတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ယိုယွင်းနေကြောင်း မှတ်ပုံတင်ထားသည့် လူနာပေါင်း (၈၁) ဦးကို စမ်းသပ်ခဲ့ ပြီးနောက် ယခုရလဒ်ကို ပညာရှင်များက ကြေညာ ခဲ့ခြင်း ဖြစ်သည်။ သုတေသီများက ဩစတြေးလျရှိ မြို့ကြီး(၈)ခုတွင် ပြုလုပ်ခဲ့သည့် လေ့လာမှုများအရ ငါးကြီးဆီသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာများအတွက် ကောင်းကျိုးပြုနိုင်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။ ဖေဖော်ဝါရီလထုတ် Archives of General Psychiatry ဆေးပညာဂျာနယ်တွင် ဖော်ပြချက်အရ အသက်(၁၃)နှစ်မှ (၂၅)နှစ်ကြား လူနာ(၈၁)ဦးကို ယခုစမ်းသပ်မှုအတွက် အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။ ယင်းတို့သည် အလွန်အကျွံ အိပ်ခြင်း၊ အလွန်အကျွံ အိပ်ရေးပျက်ခံခြင်း၊ အကြီးအကျယ် သံသယများတတ်ခြင်း၊ အလွယ်တကူ အယုံလွယ်လွန်းခြင်းစသည်တို့ အပါအ၀င် မူမှန်မဟုတ်သော စိတ်အခြေအနေများ ပိုင်ဆိုင်ထားညပီး စိတ်ကျန်းမာရေး ပြဿနာများ ရှိနေကြောင်း အတည်ပြုခြင်း ခံထားရပြီးဖြစ်သည်။ ယင်းတို့အနက်မှ (၄၁)ဦးအား Randomစနစ်ဖြင့် ရွေးထုတ်ပြီးနောက် တစ်နေ့လျင် ငါးကြီးဆီ (၄)လုံးစီ ဆရာဝန်များက (၃)လဆက်တိုက် တိုက်ကျွေးခဲ့ကြသည်။ အခြားသော လူနာများကိုမူ ရိုးရိုးဆေးဝါးများသာ သောက်သုံးစေခဲ့သည်။ ထို့နောက်တွင်တော့ လေ့လာမှုများ ပြုလုပ်ခဲ့ရာ ငါးကြီးဆီ ပုံမှန်သောက်သူများအနက် (၂)ဦးသာ စိတ်အခြေအနေ အလွန်ဆိုးရွားသည့် အနေအထားမျိုး ရောက်ရှိခဲ့ပြီး ကျန်အဖွဲ့တွင်မူ (၁၁)ဦးထိ အလွန်အကျွံ ဆိုးရွားသွားကြောင်း ဆရာဝန်များက ဖော်ထုတ်တွေ့ရှိခဲ့သည်။ တစ်နည်းအားဖြင့် သာမန်စိတ်ကုဆေးများ တိုက်ကျွေးသောအဖွဲ့မှ လူနာဦးရေ၏ (၂၈)ရာခိုင်နှုန်းမှာ အခြေအနေ ဆိုးသွားခဲ့ပြီး ငါးကြီးဆီ နေ့စဉ်ကျွေးသော လူနာများထံမှမူ (၅)ရာခိုင်နှုန်းသာ အကြီးအကျယ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်သွားခြင်းဟု ဆိုနိုင်သည်။ ပညာရှင်များက ခန္ဓာကိုယ်အတွင်းရှိ အဆီအက်ဆစ်များ ပုံမှန်မထုတ်နိုင်အောင် တားဆီးခံရသည့်အခါ ဦးနှောက်ဆဲလ်များကို ထိခိုက်မိပြီး စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုများ ပေါ်ပေါက်လာတတ်ကြောင်း ရှင်ပြခဲ့သည်။ သို့သော်လည်း ငါးကြီးဆီတွင် ပါဝင်သည့် Omega 3 အဆီအက်ဆစ်ကြောင့် ထိုသို့သော အခြေအနေကို ပမာဏ အတော်များများထိ ဟန့်တားနိုင်ခဲ့ခြင်းဟု ယူဆရကြောင်း ဟားဗက်ဆေးကျောင်းမှ ဒေါက်တာဂျနက်ဝေါ့ဇ်နစ်ခ်ကဆိုသည်။ ထို့ကြောင့်လည်း ဘေးထွက်ဆိုးကျိုး အလွန်နည်းပြီး ယခင်ကတည်းက လူသိများနေသည့် ငါးကြီးဆီကို ပုံမှန်စားသုံးသင့်ကြောင်း ဆရာဝန်များက ထောက်ခံပြောဆိုထားသည်။

** The Mirror Online Newspaperမှ ကူးယူဖော်ပြသည်။ **

** Public Health **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)