**(နိုဝင်ဘာ ၈၊၂၀၁၀၊ထိုင်းဘာသာပြန်- ကိုတီး-ရခိုင့်တံခွန်ဂျာနယ်)**
ထိုင်းနိုင်ငံတောင်ပိုင်းလန်ငေါ့မြို့ခေါင်းယိုင်၊နယ်မြေအမှတ်(၅)၀တ်စံစမို့လှေဆိပ်တွင်စာရွက်စာတမ်းမပြည့်စုံ
သောမြန်မာအလုပ်သမား၄၃ဦးတို့ အားဒေသခံလန်ငေါ့ထိုင်းရဲများကဖမ်းဆီးလိုက်ကြောင်းယနေ့ ထုတ်ထိုင်းရပ် သတင်းအွန်လိုင်းစာမျက်နှာတွင်ရေးသားထားသည်။
ဆောင်းတွင်း ငါးဖမ်းရာသီချိန်ရောက်လာသဖြင့် လုပ်ငန်းရှင်များက ငါးဖမ်းအလုပ်သမားများအား တရားမ၀င်
ငှါးရမ်းလုပ်ကိုင်နေသဖြင့်တစ်နေ့ တခြားတရားမ၀င်အလုပ်သမားများပိုမိုများပြားလာသဖြင့်တိုင်းကြားမှုများလာ
ခြင်းကြောင့် ယခုကဲ့ သို့ ဖမ်းဆီးခြင်းဖြစ်ကြောင်းတာဝန်ရှိ ရဲအရာရှိကပြောသည်။
အချို့ လှေပိုင်ရှင်များကရဲစခန်းသို့ လာရောက်သည်များရှိသော်လည်း အချို့ လုပ်ငန်းရှင်များမှာမလာရောက်ကြ
ပေ။ယခုအဆိုပါမြန်မာအလုပ်သမာများအားလန်ငေါ့ရဲစခန်းတွင်ဖမ်းဆီးချုပ်နှောင်ထားပြီးဥပဒေအရအရေးယူ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းတွင်ရေးသားထားသည်။

No comments:
Post a Comment