ရွာတစ်ရွာတွင် အပျိုကြီး၊ လူပျိုကြီးတို့ တစ်ဦးနှင့် တစ်ဦး စကားအခြေအတင် ပြောနေကြပုံမှာကား…
အပျိုကြီးက… `ငါက နင်တို့လိုပဲ ဒေါင်ဒေါင်မြည်ဖြစ်ဖို့ နောက်ဘ၀မှာ ယောင်္ကျားဖြစ်ရပါလို၏လို့ ဘုရားမှာ အမြဲဆုတောင်းနေတာ´ဟု ပြောလိုက်သဖြင့် လူပျိုကြီးက နောက်ပြောင်ပြောဆိုလိုက်သည်မှာကား…
`ဟယ်… နင်ကလည်း၊ နင်ဆုတောင်းပေမယ့် နောက်ဘ၀ ယောင်္ကျားဘ၀ရမရတော့ မသိဘူး။ ခုဘ၀မှာ သေချာအောင်တော့ ယောင်္ကျားရသွားအောင် ငါ့ကိုယူလိုက်ပါလား´ဟူ၏။
** စိန်ငှက်ရိုး **
(ယောင်္ကျားတို့လောက ဟာသများမှ)
**(ယောင်္ကျားတို့လောက ဟာသများ)**

No comments:
Post a Comment