ပရပ်ရှားဘုရင် မဟာဖရက်ဒရစ်သည် အခွန်ဘဏ္ဍာများ ၀င်ရောက်လာနေသည့်တိုင်အောင် သူ၏ ဘဏ္ဍာငွေမည်သည့်အတွက်ကြောင့် လျော့ပါးသွားနေပါသနည်းဟု သူ၏ မှူးမတ်များအတွက် ကျင်းပသော နိုင်ငံတော် ဧည့်ခံပွဲကြီးတစ်ခုတွင် မင်းပရိသတ်ကို မေးလိုက်သည်။ ထိုအခါ မြင်းတပ်မှ စစ်သူကြီးတစ်ဦးက ခြောက်ကပ်စွာ ဆိုလိုက်သည်။
`ဘဏ္ဍာငွေတွေ ဘာဖြစ်သွားလဲဆိုတာ ကျနော်မျိုးပြပါ့မယ် အရှင်မင်းကြီး´
သူသည် ရေခဲတုံးတစ်တုံးကို ကောက်ယူ၍ အများမြင်စေရန် မြှောက်ပြလိုက်သည်။ ထို့နောက် သူ့ဘေးမှ လူ၏ လက်ထဲသို့တည့်၍ ဘုရင်ကြီးထံသို့အရောက် တစ်ယောက်ပြီး တစ်ယောက် လက်ဆင့်ကမ်းသွားကြပါရန် ပန်ကြားလိုက်သည်။ ဖရက်ဒရစ်ထံသို့အရောက် ရေခံတုံးသည် ပဲစေ့တစ်စေ့ခန့်အရွယ်သာ ရှိတော့သည်။
** စိန်ငှက်ရိုး **
(ကြုံသမျှ ဘုံဘ၀ဟာသများမှ)
**(ကြုံသမျှ ဘုံဘ၀ဟာသများ)**

No comments:
Post a Comment