အမှန် ဟုတ်မဟုတ်
ကုလားအုတ် လည်ပင်းတောင့်မျှ
အခန်းထောင့်က စောင့်မိတယ်။
**သူလာရင် မီးဇာမြှင့်လို့
ပွင့်လင်းတဲ့ မျက်နှာကလေး
ငေးကြည့်နေမယ်။
**ခြေသံ တရှပ်ရှပ်
ဖိနပ်သံ ရွေ့လျား
ဟိုနားက သည်နားက
ကြားရတိုင်း ရင်ဖိုဖွယ်
ညလယ်သန်းခေါင်တော့ လွန်ပြီပေါ့။
**မီးအိမ်ကလေးကိုမြှောက်
အကြိုထောက်မယ် အို… ချစ်သူ
ရွှေခြူသံ လှည်းယာဉ်ကြောနဲ့
လှမ်းခဲ့ပါတော့။ ။
** တင်မိုး **
(၅ နိုဝင်ဘာလ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း၊ ကဗျာပေါင်းချုပ်မှ)
**သူလာတဲ့ ခြေသံ
အမှန် ဟုတ်မဟုတ်
ကုလားအုတ် လည်ပင်းတောင့်မျှ
အခန်းထောင့်က စောင့်မိတယ်။
**သူလာရင် မီးဇာမြှင့်လို့
ပွင့်လင်းတဲ့ မျက်နှာကလေး
ငေးကြည့်နေမယ်။
**ခြေသံ တရှပ်ရှပ်
ဖိနပ်သံ ရွေ့လျား
ဟိုနားက သည်နားက
ကြားရတိုင်း ရင်ဖိုဖွယ်
ညလယ်သန်းခေါင်တော့ လွန်ပြီပေါ့။
**မီးအိမ်ကလေးကိုမြှောက်
အကြိုထောက်မယ် အို… ချစ်သူ
ရွှေခြူသံ လှည်းယာဉ်ကြောနဲ့
လှမ်းခဲ့ပါတော့။ ။
** တင်မိုး **
(၅ နိုဝင်ဘာလ ၁၉၉၉၊ သောကြာနေ့ နံနက်ခင်း၊ ကဗျာပေါင်းချုပ်မှ)
No comments:
Post a Comment