ခွဲစိတ်ကုဆရာဝန်ကြီးတစ်ဦးသည် အလွန်အရေးကြီးသည့် လူနာကို ခွဲစိတ်ရသည့်နေ့ကျမှ အရက်သောက်တာ များသွားလေသည်။ သူသည် သူနာပြုဆရာမအား…
`ကဲ… ဆရာမ၊ ဒီလူနာကို ဒီအခန်းထဲကနေ အပြင်ကို ထုတ်သွားလို့ရပြီ၊ အားလုံးပြီးပြီ´ဟု ပြောလိုက်သဖြင့် သူနာပြု ဆရာမက…
`ဆရာ… လူနာကို ဒီအခန်းထဲတောင် မသယ်ရသေးဘူးလေ´
`ဟုတ်ရဲ့လားဟာ၊ ဒါဆိုရင် လွန်ခဲ့တဲ့ နာရီဝတ်လောက်ကတည်းက ငါ ဘာလုပ်နေတာတွေ့လဲ´ဟု ပြောလိုက်သဖြင့် ဆရာမကလေးက ပြန်ဖြေလိုက်သည်မှာကား…
`ဆရာလုပ်နေတာက ခွဲစိတ်ခုတင်ရဲ့ ခြေထောက်ကို ကျောက်ပတ်တီးစည်းပေးနေတာ တွေ့နေရတာပဲ´ဟူ၏။
** စိန်ငှက်ရိုး **
(အရက်သမားလောက ဟာသများမှ)
**(အရက်သမားလောက ဟာသများ)**

No comments:
Post a Comment