ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, November 8, 2010

ခေါင်းမာသူတိုင်း လူရိုင်းမဟုတ်ဘူး

> နတ်ရှင်နောင်ရဲ့ စာအုပ်တွေဘေးမှာ ပုံထားပြီး တစ်အုပ်ကိုဖတ်နေဆဲမှာ လူငယ်တစ်စု ရောက်လာကြပါတယ်။ မကြာခဏလာရောက် မေးမြန်း ဆွေးနွေးနေကျ ဂျာနယ်သမားလေးတွေပါ။ သူတို့ထဲက တစ်ယောက်က နတ်ရှင်နောင်စာအုပ် ယူကြည့်ပြီး နတ်ရှင်နောင် ကြိုက်သလားလို့ မေးပါတယ်။ ရတုဘုရင်ပဲ မကြိုက်ဘဲ နေပါ့မလား။ လို့ ဖြေလိုက်တော့ သူက အံ့သြဟန်ပြပါတယ်။

**ခေါင်းမာတာလူရိုင်းမဟုတ်**
ဒီလူငယ်အပါအ၀င် လူတော်တော်များများက အစွဲကြီးကြီးနဲ့ တော်တော်ခေါင်းမာတဲ့အဖြစ် သိထားကြလေတော့ နတ်ရှင်နောင်ကို မဖတ်လောက်ဘူးလို့ ယူဆပုံရပါတယ်။ နောက်ပြီးတော့ လူတော်တော်များများဟာ ခေါင်းမာတာနဲ့ ရိုင်းစိုင်းကြမ်းတမ်းတာကို အတူတူပဲလို့ ယူဆထားလေ့ရှိပါတယ်။ ခေါင်းမာတယ်ဆိုတာ ရိုင်းတာကြမ်းတာ မဟုတ်ပါဘူး။ ယုံကြည်ရာ တစ်ခုခုကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပြီး ရေလိုက်ငါးလိုက် မလုပ်တတ်၊ မနေတတ်တာပါ။ ကိုယ်တိုင် မှားတယ်လို့ မယူဆဘဲနဲ့ ကိုင်စွဲထားတဲ့ အယူအဆကို အလွယ်အကူ မစွန့်လွှတ်တတ်ပါဘူး။ ရာသီပြောင်းတိုင်း ပုတ်သင်ညိုလို အရောင်လိုက် ပြောင်းတတ်သူများက၊ သူတို့ အားနည်းပျော့်ညံ့မှုကို ခုခံကာကွယ်ဖို့အတွက် သူတို့က အရင်သူများကို လက်ညှိုးထိုးလေ့ရှိတာကြောင့် ခေါင်းမာသူတိုင်းကို ရိုင်းစိုင်း ကြမ်းတမ်းသူတွေအဖြစ် မြင်နေကြတာဖြစ်တယ်။

**အစွဲကြီးသူ သိမ်မွေ့တတ်**
အစွဲအလန်းကြီးတတ်သူတွေဟာ အများအားဖြင့် အင်မတန် သိမ်မွေ့ပြီး စိတ်ကူးယဉ်တတ်(romantic) သူတွေ ဖြစ်လေ့ရှိပါတယ်။ ကားလ်မတ်နဲ့ အိန်ဂျယ်နှစ်ယောက်လုံးဟာ ပင်ပန်းနွမ်းနယ်မှုကို တယောထိုး ဖြေဖျောက်တတ်ပြီး၊ ဟိုချီမင်းတို့ မော်စီတုန်းတို့ ဆိုရင်လည်း ကဗျာဆရာတွေ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေဆိုရင်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းအစ၊ သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းတို့အလယ်၊ သခင်သိန်းဖေ၊ သခင် သန်းထွန်း၊ သခင်သန်းမြိုင်တို့အဆုံး ကဗျာဆရာ စာရေးဆရာတွေချည့်ပါပဲ။ အစွဲလန်းကြီး ခေါင်းမာသူတိုင်းကို လူကြမ်းတွေ လူရိုင်းတွေလို ယူဆလို့မရပါဘူး။ ကိုယ်တိုင်ကလည်း ခေါင်းမာတယ်သာ အပြောခံရတာ အီရတ်လိုအာဖဂန် နစ္စတန်လို စစ်မြေပြင်တွေမှာ မူလတန်းကျောင်းသားလေးပေါ် ဒုံးကျည်ကျရောက်ပေါက်ကွဲလို့ ကလေးသူငယ်တွေ ခြေပြတ်လက်ပြတ် သေဆုံးကြတဲ့ မြင်ကွင်းမျိုးတွေကို မြင်တိုင်း မျက်နှာလွှဲပစ်မိတာချည့်ပဲ။ အိပ်ရာဘေးမှာ ကဗျာ စာအုပ်ထားပြီး ရှယ်လီ၊ ကိ၊ ဘိုင်ရွန်၊ ၀ါ့ဒ်စ်ဝါ့သ်တို့ရဲ့ ရိုမန်တစ် ကဗျာတွေကို ခုထိ ဖတ်တုန်း၊ နတ်ရှင်နောင်၊ န၀ဒေ၊ လှိုင်ထိပ်ခေါင်တင်တို့ကိုလည်း ခုထိကြိုက်တုန်းပါပဲ။

**စာတခြား လူတခြား**
နတ်ရှင်နောင်ကို ကြိုက်တာက သူ့ကဗျာတွေကိုကြိုက်တာ၊ လူကို ကြိုက်တာမဟုတ်ဘူး။ လူကိုတော့ စပ်ဆုပ်တယ်။ နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ် အမျိုးသား သစ္စာဖောက်ပဲ။ ဒါပေမယ့်လို့ လူကိုမုန်းတာနဲ့ သူ့စာတွေမဖတ်ရ၊ မကြိုက်ရလို့တော့ ဘယ်ပြောလို့ ဖြစ်မှာလဲ။ နယ်ချဲ့သမားနဲ့ ပူးပေါင်းတဲ့အတွက် ထိုက်တန်တဲ့ ဒဏ်ခတ်မှုကို သူခံရပြီးပြီပဲ။ သူ့စာတွေကိုပါ သူနဲ့အတူ မြေမြုပ်ပစ်ရမယ်ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး။ စာတခြား လူတခြား ခွဲခြားကြည့်မှာပေါ့။ လူက နယ်ချဲ့သမားနဲ့ ပေါင်းပေမယ့်၊ ကဗျာတွေက နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့အတွက် သေဒဏ်စီရင်ခံလိုက်ရတယ်ဆိုတဲ့ အဖြစ်မှန်ကို သိထားရင် ပြီးတာပဲ မဟုတ်ဘူးလား။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို သစ္စဖောက်ပြီး တိုင်းတစ်ပါး နယ်ချဲ့သမားရဲ့ လက်ကိုင်တုတ်အဖြစ် အသုံးတော်ခံသူများကိုတော့ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ခွင့်လွှတ်မရနိုင်ပါဘူး။

**နယ်ချဲ့ အလိုတော်ရိတွေ**
ပဒေသရာဇ်စံနစ်နေရာမှာ ပါလီမန်ဒီမိုကရေစီစံနစ်နဲ့ အစားထိုးဖို့ လုပ်တာ ဖြစ်တဲ့အတွက် ကင်းဝန်မင်းကြီးတို့တတွေကို အပြစ်မကင်းသင့်ဘူးလို့ ဘယ်လိုပဲ ရှေ့နေလိုက်လိုက် နယ်ချဲ့အလိုတော်ရိအဖြစ် စိတ်ထဲမှာ ရွံမှာ မုန်းတီးတာကိုတော့ ဖျောက်ပစ်လို့မရပါဘူး။ အထူးသဖြင့် နယ်ချဲ့စစ်တပ်တွေ မန္တလေးမြို့ တော်ကြီးကို သိမ်းပြီးစ ကာလမှာ၊ မျိုးချစ်ပုဂိုလ်တွေက ရရာလက်နက် ကိုင်စွဲပြီး ခုခံတိုက်ခိုက်နေကြတာကို လက်နက်ချကြဖို့၊ ဒေသအနှံ့သွားပြီး ရွှေပြည်အေး တရားဟောတဲ့ လုပ်ရပ်တွေကိုတော့ ခါးခါးသီးသီး အော့နှလုံ့းးနာမိတယ်။ တကယ်တော့ ကင်းဝန်အုပ်စုက ပဒေသရာဇ်စံနစ်တိုက်ဖျက်တာ၊ ပါလီမန်ဒီမိုကရေစီ လိုလားတာ မဟုတ်ပါဘူး။ သူတို့ အကျိုးစီးပွားအတွက် သူတို့သြဇာအာဏာ တည်ဆောက်ဖို့အတွက် ဆောင်ရွက်ခဲ့ကြတာသာ ဖြစ်ပါတယ်။ မသမာတဲ့ ရည်ရွယ်ချက် (ulterior mitive)နဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။

**တာတေလန်အကျင့်ဆိုးတဲ့**
လောကမှာ မမှားဖူးသူ မရှိပါဘူး။ အလောင်းတော်မြတ်ကြီးသော်မှ မှားခဲ့လို့ ခြောက်နှစ်လုံးလုံး ဒက္ကရစရိယာ ကျင့်ခဲ့ရတာပဲ။ ဒါကိုနားလည်ပါတယ်။ ဘယ်လိုပဲ မှားမှား မသိလို့မှားတာ၊ မတတ်လို့မှားတာကို အပြစ်မမြင်ပါဘူး။ မှားမှန်းသိသိကြီးနဲ့ ကိုယ်ကျိုးစီးပွာအတွက် ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဓာတ်မျိုးထားတဲ့ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) နဲ့ လုပ်ဆောင်တတ်တဲ့ အမှားမျိုးကိုတော့ ခါးခါးသီးသီး စပ်ဆုပ်ရွံရှာပါတယ်။ ဘယ်တော့မှလည်း ခွင့်မလွှတ်ပါဘူး။ နတ်ရှင်နောင်တို့ ကင်းဝန်မင်းကြီးတို့တစ်တွေကို ကြိုက်ပေမယ့် ဖတ်မြဲဖတ်ဆဲ ဖြစ်ပေမယ့် နယ်ချဲ့ လက်ကိုင်တုတ်များအဖြစ် ဆောင်ရွက်ခဲ့တာတွေကိုတော့ ဘယ်တော့မှ မေ့မထားပါဘူး။ အလားတူပဲ လွတ်လပ်ရေးခေတ် နောက်ပိုင်း မြန်မာစာရေးဆရာတွေထဲမှာ စာကို ကြိုက်သလောက် လူကိုမကြိုက်နိုင်တဲ့ စာရေးဆရာတွေ ရှိခဲ့ပါတယ်။ စာရေးသားမှုမှာတော့ ရှာမှရှား ဆိုလောက်သူတွေပါ။ ဒါပေမယ့် လူကျတော့ တာတေလန် အကျင့်ဆိုးတဲ့ အဆိုးတကာ့ ထိပ်သီး ရှင်မထီး ဆိုတဲ့ စကားထက်တောင် ပိုလိမ့်မယ်လို့ ဆိုရမယ့် သူတွေပါ။

**မသမာရည်ရွယ်ချက်**
အကျင့်ဆိုးတယ်ဆိုတာ အရက်သောက်တာကို ပြောတာမဟုတ်ပါးဘူး။ အရက်သမားတိုင်း အကျင့်မဆိုးပါဘူး။ ဆရာပီမိုးနင်းတို့ ဆရာမဟာဆွေတို့ဆိုတာ တိုင်းသိပြည်သိ အရက်ကြိုက်သူတွေ ဖြစ်ပါတယ်။ ဆရာကြီးများဟာ အရက်သောက်ပေမယ့် သူတို့ချမ်းသာကြီးပွားရေးအတွက် တိုင်းပြည်လူမျိုးနဲ့ စာပေအပေါ်မှာ ဘယ်တော့မှ သစ္စာမဖောက်ခဲ့ကြပါဘူး။ သစ္စာမဖောက်ရုံတာ မဟုတ်ပါဘူး။ တိုင်းကျိုးပြည်ကျိုးကို ရှေ့တန်းက၊ လုပ်ဆောင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အကျင့်ဆိုးဆိုတာက ကိုယ်ကြီးပွားချမ်းသာဖို့၊ ကိုယ်ထင်ပေါ် ကျော်ကြားဖို့၊ ကိုယ့်အတွက် အခွင့်ထူးတွေ ခံစားရဖို့ ဆိုတဲ့။ မသမာတဲ့ ရည်ရွယ်ချက် (ulterior motive) တွေနဲ့ လုပ်ဆောင်တာမျိုးကို ပြောတာပါ။ ဒီလိုလူမျိုးတွေ ရှေးကလည်း အများကြီးရှိခဲ့သလို အခုခေတ်မှာလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်မှာ အများဆုံးရှိပေမယ့် စာပေနယ်မှာလည်း မနည်းလှပါဘူး။

**စိတ်ဓာတ်အောက်တန်းကျမှု**
ကိုယ်မှန်တယ်လို့ ယုံကြည်တာ တစ်ခုခုကိုလုပ်ရင်းနဲ့ မှားသွားတာဟာ အပြစ်မဟုတ်ပါဘူး။ အမှန်တကယ် ယုံကြည့်တာမဟုတ်ဘဲနဲ့ ကိုယ်ကျိုးစီးပွား မျှော်ကိုးပြီး ယုံချင်ယောင်ဆောင်လုပ်ပြတာမျိုးကတော့ စိတ်ဓာတ်အောက်တန်းကျမှု ဖြစ်ပါတယ်။ အင်မတန် ကြီးမားတဲ့ အပြစ်ပါ။ အယူအဆ မှားတာဟာ အပြစ်မဟုတ်ဘူး။ အယူအဆကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာတာကသာ အပြစ်ဖြစ်တယ်။ ကိုယ်တိုင်လက်ခံ ယုံကြည်ထားတဲ့ အယူအဆတွေ ဘယ်လောက်ထိ မှန်လဲ။ ဘယ်အချိန်ထိ မှန်နေဦးမယ်ဆိုတာ အသေအချာ မပြောနိုင်ဘူး။ အသေအချာ ပြောနိုင်တာကတော့ ခုချိန်အထိ အမှန်ဆုံးအကောင်းဆုံးလို့ ယုံကြည်တယ်ဆိုတာပဲဖြစ်တယ်။ ကိုယ်လို မယုံကြည်သူတွေလည်း အများကြီးရှိနေတာပဲ။ ကိုယ်နဲ့မတူလို့ ရန်သူလို့ သဘောမထားပါဘူး။ ယုံကြည်တာကို ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်နေတဲ့သူများကို အယူအဆ မတူပေမယ့် လေးစားရိုသေပါတယ်။ ကွယ်လွန်သူ သတင်းစာဆရာကြီး မြန်မာ့အလင်း ဦးသန်းညွန့်ဆိုတာ အင်မတန် ရိုးသားဖြောင့်မတ်တဲ့ သတင်းစာဆရာကြီးတစ်ယောက် ဖြစ်ပါတယ်။ ယုံကြည်မှုချင်းကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ဒါပေမယ့် သူ့ကို အထူးကို လေးစားတန်ဖိုးထားပါတယ်။ ကိုယ့်ဆရာ မဖြစ်ဖူးပေမယ့် အခါကြီး ရက်ကြီးများမှာ ကျနော်ကန်တော့ပါတယ်။ သူကလည်း သူ့အောက် အသက် အများကြီးငယ်တဲ့ ကျနော့်ကို အင်မတန်ခင်တွယ်ရှာပါတယ်။ သူ့ကျန်းမာရေး သိပ်မကောင်းတဲ့ကြားကတောင် တစ်ပတ်တစ်ခါတော့ အနည်းဆုံး မှန်မှန်လာပြီး စကားတွေ ပြောပါတယ်။ တစ်ခါတလေများ မနက်တစ်ခေါက် ညနေတစ်ခေါက် ရောက်ချင်ရောက်လာတတ်တာ။ အိမ်ချင်းက နီးတာကိုး။

**လိမ်တာ သိဖို့အရေးကြီး**
ယုံကြည်ချက်ကို ယုံကြည်တဲ့အတွက် အခိုင်အမာ ကိုင်စွဲထားသူကို ဆန့်ကျင်ဘက်အဘူအဆ ရှိသူပဲဖြစ်စေ လေးစားတန်ဘိုးထားတတ်သူဟာ စိတ်ဓာတ်ရင့်ကျက်ပြည့်ဝသူ ဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ့်တစ်ယောက် ကြီးပွားချမ်းသာဖို့အတွက်၊ မယုံတာကို ယုံချင်ယောင်ဆောင်ပြီး လိမ်နေတဲ့လူတွေကို ခွဲခြားသိမြင်ဖို့သာ ဖြစ်တယ်။ ဒီလိုကောက်ကျစ်တဲ့ လူမျိုးတွေကိုတော့ ပြတ်ပြတ်သားသားကို စည်းခြားထားလိုက်ရမှာပါ။ ဒီလူတွေဟာ နတ်ရှင်နောင်လို ကင်းဝန်လို အန္တရာယ်ကြီးမာသူတွေ ဖြစ်တယ်လို့ပဲ ဆိုလိုက်ချင်ပါတယ်။

**လူထုဦးစိန်ဝင်း**
(လူထုရနံ့ စာစုများမှ- ၂၅၊ ၈၊ ၂၀၀၉)

နတ်ရှင်နောင်ရဲ့ စာအုပ်တွေဘေးမှာ ပုံထားပြီး တစ်အုပ်ကိုဖတ်နေဆဲမှာ လူငယ်တစ်စု ရောက်လာကြပါတယ်။ မကြာခဏလာရောက် မေးမြန်း ဆွေးနွေးနေကျ ဂျာနယ်သမားလေးတွေပါ။ သူတို့ထဲက တစ်ယောက်က နတ်ရှင်နောင်စာအုပ် ယူကြည့်ပြီး နတ်ရှင်နောင် ကြိုက်သလားလို့ မေးပါတယ်။ ရတုဘုရင်ပဲ မကြိုက်ဘဲ နေပါ့မလား။ လို့ ဖြေလိုက်တော့ သူက အံ့သြဟန်ပြပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)